[[ ZAWGYI ]]
ေဒၚေအာင္ဆန္းစုၾကည္ ေနာက္ထပ္ ေထာင္ဒဏ္အျပစ္ေပးခံရတဲ့အေပၚ ကုလအႀကီးအကဲစိုးရိမ္
ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေထာင္ဒဏ္ အျပစ္ဒဏ္ေတြ ခ်မွတ္တာနဲ႔ ပတ္သက္ၿပီး ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ Antonio Guterres က အထူးစိုးရိမ္ေၾကာင္း ကုလသမဂၢက အဂၤါေန႔မွာ ေျပာၾကားလိုက္ပါတယ္။ ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္တို႔နဲ႔အတူ ျမန္မာႏိုင္ငံမွာ မတရား အဖမ္းဆီးခံေနရသူ အားလုံးကို အျမန္ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုေၾကာင္းလည္း ကုလအတြင္းေရးမႈးခ်ဳပ္႐ုံး ဒုတိယေျပာခြင့္ရ Farhan Haq က ႐ုံးခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
ႏိုင္ငံတကာ လူ႔အခြင့္ေရးေၾကညာခ်က္ရဲ႕ အဓိကအခ်က္က လူတိုင္း တရားဥပေဒေရွ႕ေမွာက္ ညီတူညီမွ် ခံစားခြင့္၊ တရားမွ်တမႈနဲ႔ လူထုေရွ႕ေမွာက္ တရားစီရင္မႈ ခံယူခြင့္အျပင္ လြတ္လပ္ၿပီးမွ်တတဲ့ တရား ရင္ဆိုင္ခြင့္ေတြ ရွိဖို႔ျဖစ္ၿပီး ကိုယ့္ကိုယ္ကို ခုခံပိုင္ခြင့္ အာမခံခ်က္ အားလုံးရွိဖို႔ လိုအပ္ေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ႏိုင္ငံျခားေရး အတိုင္ပင္ခံ Derek Chollet ကလည္း ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေထာင္ဒဏ္ျပစ္ဒဏ္ ခ်မွတ္မႈအတြက္ ျပင္းထန္စြာ ရႈတ္ခ်သလို ေဒၚေအာင္ဆန္းစုၾကည္နဲ႔တကြ ႏိုင္ငံေရးအက်ဥ္းသား အားလုံးကို အျမန္ ျပန္လႊတ္ေပးဖို႔အျပင္ ျမန္မာျပည္သူေတြရဲ႕ဆႏၵကို ေလးစားဖို႔လည္း စစ္ေကာင္စီကို ေတာင္းဆိုထားတာပါ။
ေဒၚေအာင္ဆန္းစုၾကည္အေပၚ တရားစြဲထားတဲ့ အမႈေတြထဲက ေနာက္ဆုံးက်န္ ၅ မႈအတြက္ ေနျပည္ေတာ္တရား႐ုံးက ေသာၾကာေန႔မွာ စုစုေပါင္းေထာင္ဒဏ္ ၇ ႏွစ္ ခ်လိုက္တာပါ။ ဒ့ါေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ဟာ အမႈေပါင္း ၁၉ မႈအတြက္ စုစုေပါင္း ေထာင္ဒဏ္ ၃၃ ႏွစ္ ခ်ခံထားရပါတယ္။
================
{{ UNICODE }}
ဒေါ်အောင်ဆန်းစုကြည် နောက်ထပ် ထောင်ဒဏ်အပြစ်ပေးခံရတဲ့အပေါ် ကုလအကြီးအကဲစိုးရိမ်
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ် အပြစ်ဒဏ်တွေ ချမှတ်တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့အတူ မြန်မာနိုင်ငံမှာ မတရား အဖမ်းဆီးခံနေရသူ အားလုံးကို အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်းလည်း ကုလအတွင်းရေးမှုးချုပ်ရုံး ဒုတိယပြောခွင့်ရ Farhan Haq က ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နိုင်ငံတကာ လူ့အခွင့်ရေးကြေညာချက်ရဲ့ အဓိကအချက်က လူတိုင်း တရားဥပဒေရှေ့မှောက် ညီတူညီမျှ ခံစားခွင့်၊ တရားမျှတမှုနဲ့ လူထုရှေ့မှောက် တရားစီရင်မှု ခံယူခွင့်အပြင် လွတ်လပ်ပြီးမျှတတဲ့ တရား ရင်ဆိုင်ခွင့်တွေ ရှိဖို့ဖြစ်ပြီး ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့် အာမခံချက် အားလုံးရှိဖို့ လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်မှုအတွက် ပြင်းထန်စွာ ရှုတ်ချသလို ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသား အားလုံးကို အမြန် ပြန်လွှတ်ပေးဖို့အပြင် မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစားဖို့လည်း စစ်ကောင်စီကို တောင်းဆိုထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အမှုတွေထဲက နောက်ဆုံးကျန် ၅ မှုအတွက် နေပြည်တော်တရားရုံးက သောကြာနေ့မှာ စုစုပေါင်းထောင်ဒဏ် ၇ နှစ် ချလိုက်တာပါ။ ဒ့ါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချခံထားရပါတယ်။