သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အမႈ ၁၉ မႈအတြက္ ေထာင္ဒဏ္ ၃၃ ႏွစ္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္


ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဓာတ္ပံု -Myanmar State Counsellor Office - ၾသဂုတ္ ၀၅၊ ၂၀၂၀)

တခ်ိန္တည္းမွာပဲ အမႈေတြၿပီးျပတ္သြားခ်ိန္မွာ သူကို ေနအိမ္အက်ယ္ခ်ဳပ္ေျပာင္းေ႐ြ႕ထားမယ္ဆိုၿပီး သတင္းေတြလည္း က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ခဲ့ပါတယ္။ စစ္ေကာင္စီေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ အမႈေတြအမိန႔္ခ်ၿပီးရင္ သူကို ဘယ္မွာထားမလဲ မသိဘူးလို႔သာ တုန႔္ျပန္ထားပါတယ္။

{Zawgyi/Unicode}

NLD အစိုးရရဲ႕ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္အေပၚ တရားစြဲထားတဲ့ အမႈေတြထဲက ေနာက္ဆုံးက်န္ ၅ မႈအတြက္ စုစုေပါင္း ေထာင္ဒဏ္ ၇ ႏွစ္ခ်လိုက္ပါတယ္။ အခုဆိုရင္ေဒၚေအာင္ဆန္းစုၾကည္ဟာ အမႈေပါင္း ၁၉ မႈအတြက္ စုစုေပါင္း ေထာင္ဒဏ္ ၃၃ ႏွစ္ ခ်ခံထားရပါတယ္။ သူ႔အေပၚ စြဲဆိုထားတဲ့ အမႈေတြအားလုံးအၿပီးသတ္သြားၿပီမို႔ ႏိုင္ငံေရးအပါအဝင္ ထူးျခား ေျပာင္းလဲမႈေတြ ရွိလာႏိုင္ပါသလား၊ ရန္ကုန္ကစုံစမ္းေပးပို႔တဲ့ သတင္းကို အလိမၼာက တင္ျပပါမယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္တို႔ကို စြဲဆိုထားတဲ့အထဲ ေနာက္ဆုံးအမႈငါးမႈအတြက္ ေနျပည္ေတာ္အထူးတရား႐ုံးကေန ေထာင္ဒဏ္ ၇ႏွစ္စီ အသီးသီးအမိန႔္ခ်မွတ္လိုက္တာမို႔၊ ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့အမႈအားလုံး ၿပီးျပတ္သြားၿပီလို႔ ဆိုႏိုင္ပါတယ္။ တခ်ိန္တည္းမွာပဲ အမႈေတြၿပီးျပတ္သြားခ်ိန္မွာ သူကို ေနအိမ္အက်ယ္ခ်ဳပ္ေျပာင္းေ႐ြ႕ထားမယ္ဆိုၿပီး သတင္းေတြလည္း က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ခဲ့ပါတယ္။ စစ္ေကာင္စီေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ အမႈေတြအမိန႔္ခ်ၿပီးရင္ သူကို ဘယ္မွာထားမလဲ မသိဘူးလို႔သာ တုန႔္ျပန္ထားပါတယ္။ တခ်ိန္တည္းမွာပဲ လာမယ့္ႏွစ္ဆန္းပိုင္းမွာ အက်ဥ္းသားေတြကိုလြတ္ၿငိမ္းခ်မ္းသာခြင့္ေပးမယ္ဆိုတဲ့သတင္းေတြထြက္ေနေတာ့၊ စစ္ေကာင္စီဖက္က သူျပစ္ဒဏ္ေတြကို တစုံတရာေလွ်ာ့ေပါ့ေပးမလား ေမွ်ာ္လင့္သူေတြလည္းရွိပါတယ္။

ျပည္ေထာင္စုေရွ႕ေနမ်ားအဖြဲ႕ဥကၠ႒ လႊတ္ေတာ္ ေရွ႕ေန ႀကီး ဦးႀကီးျမင့္ကေတာ့ စစ္ေကာင္စီဖက္ကေန ေဒၚေအာင္ဆန္းစုၾကည္ကို ခ်မွတ္ထားတဲ့ အမႈေတြေလ်ာ့ေပါ့ေပးႏိုင္ေပမယ့္၊ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးႏိုင္ဖြယ္မရွိဘူးလို႔သုံးသပ္ပါတယ္။

"ေဒၚေအာင္ဆန္းစုၾကည္ကိုေတာ့လြတ္လပ္ေရးေန႔မွာမလြတ္ဘူး၊ဒါေပမယ့္ ျပစ္ဒဏ္ေလ်ာ့တဲ့ထဲပါလာႏိုင္တယ္။ အကုန္လုံးၿပီးသြားၿပီဆိုေတာ့ တေပါင္းထဲေပၚမွာ ဘယ္ေလာက္ေလ်ာ့တယ္ဆိုတာမ်ိဳးေပါ့. ျဖစ္လာႏိုင္တယ္။ ေနာက္ ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံေရးမွာ နလန္မထူႏိုင္ေအာင္ လုပ္တာဘဲ၊ ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္က ျပည္တြင္းျပည္ပမွာခုခ်ိန္ထိ ေထာက္ခံမႈအမ်ားႀကီးရေနဆဲပါ သူ႔ကို ပယ္လို႔ကိုမရေသးဘူး။ အဲေတာ့ႏိုင္ငံတကာမွာ ၾကည့္ေကာင္းေအာင္ ျပစ္ဒဏ္ေလွ်ာ့တဲ့အထဲပါေကာင္းပါလာႏိုင္တာေပါ့။ လႊတ္တာေတာ့မလႊတ္ဘူး ေ႐ြးေကာက္ပြဲရွိေသးတာကို အဲဒ့ါေတာ့ေသခ်ာတယ္ မလႊတ္ေပးဘူး။"

ယခင္အခ်ိန္တုန္းက ႏိုင္ငံျခားဧည္သည္ေတြနဲ႔ ေတြ႕ခြင့္မေပးခဲ့တဲ့ကိစၥအေပၚမွာ အမႈမၿပီးသတ္လို႔ဆိုၿပီး စစ္ေကာင္စီဖက္က အေၾကာင္းျပန္တုန႔္ျပန္ခဲ့ဖူးပါတယ္။ အဲဒီအတြက္ အခုအမႈၿပီးျပတ္ခ်ိန္မွာ ျပင္ပနဲ႔ တစုံတရာေတြ႕ဆုံခြင့္ေပးမလား၊ အထူးသျဖင့္ အခု ေရာက္ေနတဲ့ တ႐ုတ္ႏိုင္ငံအထူးကိုယ္စားလွယ္နဲ႔ ေတြ႕ဆုံခြင့္ေပးမလား ယူဆေနသူေတြလည္းရွိပါတယ္။ ဒါနဲ႔ပတ္သက္လို႔ေတာ့ စစ္ေကာင္စီဖက္က တစုံတရာ တရားဝင္ထုတ္ေျပာတာမ်ိဳးေတာ့မရွိပါဘူး။ ႏွစ္ေပါင္း ၇၀ ေက်ာ္အတြင္း ျမန္မာ့အေရး ပထမဆုံး ခ်မွတ္ခဲ့တဲ့ ကုလသမဂၢလုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္မွာ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္နဲ႔ မတရားဖမ္းဆီးထားသူေတြ ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။ တခ်ိန္တည္းမွာလည္းပဲ လာမယ့္ေဖေဖာ္ဝါရီလဆို စစ္တပ္က အာဏာသိမ္းခဲ့တာ ႏွစ္ႏွစ္ျပည့္ပါၿပီ။ စစ္ေကာင္စီကေတာ့ အာဏာသိမ္းတယ္လို႔ မသုံးပဲ ဖြဲ႕စည္းပုံဥပေဒအရ အာဏာလႊဲယူတာလို႔ သုံးထားတဲ့အတြက္၊ ဖြဲ႕စည္းပုံပါ အေရးေပၚကာလဆိုင္ရာျပဌာန္းခ်က္အရ ႏွစ္ႏွစ္အထိ အမ်ားဆုံး အာဏာယူလို႔ရပါတယ္။ ဒါေၾကာင့္လည္း ေဒၚေအာင္ဆန္းစုၾကည္အမႈေတြျပတ္ၿပီးတဲ့ေနာက္၊ တစုံတရာ ႏိုင္ငံေရးအရ ထူးျခားမႈေတြျဖစ္လာမလား ယူဆသူေတြလည္းရွိပါတယ္။ ဝါရင့္ႏိုင္ငံေရးေလ့လာသူတဦးကေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဟန္ျပေဆြးေႏြးမႈတခုခုျဖစ္လာမလားလို႔ ယူဆပါတယ္။

"လာမယ့္ ေဖေဖာ္ဝါရီ ၁ရက္ေန႔ဆို သူတို႔ ၂၀၀၈ဖြဲ႕စည္းပုံအရ သူတို႔သက္တမ္းကုန္ၿပီ။ ကုန္ေတာ့ ကာလုံျပန္ေခၚ ယာယီသမၼတကို အာဏာျပန္အပ္ ေ႐ြးေကာက္ပြဲအတြက္ျပင္ဆင္ဆိုတဲ့ အေျပာင္းအလဲလုပ္ စရာရွိတယ္ သူတို႔ေတြအေနနဲ႔ လမ္းဆုံလမ္းခြကိုေရာက္ေနတယ္။ ျပည္သူကိုလွည့္စားဖို႔ ႏိုင္ငံတကာကို လက္ခံလာေအာင္လုပ္ဖို႔အတြက္ ႏိုင္ငံေရးရည္႐ြယ္ခ်က္သူတို႔မွာရွိလိမ့္မယ္။ အဲံဒီအတြက္ ဟိုတုန္းက ဦးသန္းေ႐ႊလက္ထက္လိုဘဲ လက္ဦးမႈဘယ္လိုယူမလဲစဥ္းစားႏိုင္တယ္။ သူတို႔အသာဘယ္လိုရမလဲ သူတို႔ကိုဘယ္လိုမထိခိုက္မလဲဆိုတဲ့စဥ္းစားခ်က္ရွိႏိုင္တယ္။ အဲလိုစဥ္းစားရင္ေဒၚေအာင္ဆန္းစုၾကည္ကို အသံထြက္ခြင့္ေပးလိုက္တာက သူတို႔အတြက္မေကာင္းဘူးနစ္နာမယ္လို႔စဥ္းစားႏိုင္တယ္။ ေဒၚေအာင္ဆန္းစုၾကည္ကိုအသံထြက္ခြင့္ေပးမယ့္အစား ေနအိမ္အက်ယ္ခ်ဳပ္ထားၿပီးေတာ့ ေတြ႕ဆုံေဆြး ေႏြးမႈရွိပါမယ္။ သူတို႔ကိုယ္တိုင္ ဦးမင္းေအာင္လႈိင္ကိုယ္တိုင္ေတြ႕ဆုံေဆြးေႏြးပါမယ္ ဒါမွမဟုတ္လဲ ေကာ္မတီတရပ္ရပ္က ေတြ႕ဆုံေဆြးေႏြးပါမယ္။ တခ်က္ခုတ္ ၃၊ ၄ ခ်က္ျပတ္မယ့္ စဥ္းစားခ်က္မ်ိဳးသူတို႔ မွာမရွိဘူးမေျပာႏိုင္ဘူး"

အသက္ ၇၇ ႏွစ္အ႐ြယ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ စစ္ေကာင္စီက စြဲဆိုထားတဲ့အမႈေပါင္း ၁၄ မႈနဲ႔ လက္ရွိမွာ စုစုေပါင္း ေထာင္ဒဏ္ ၂၆ ႏွစ္အထိ ခ်မွတ္ခံရထားၿပီးျဖစ္ၿပီး ေနျပည္ေတာ္အခ်ဳပ္ေထာင္တြင္းမွာ အက်ဥ္းခ်ခံထားရပါတယ္။ ဒီကေန႔ခ်မွတ္လိုက္တဲ့ ႏွစ္ေတြနဲ႔ေပါင္းရင္ စုစုေပါင္း ေထာင္ဒဏ္ ၃၃ ႏွစ္ျဖစ္ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

{Zawgyi/Unicode}
NLD အစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အမှုတွေထဲက နောက်ဆုံးကျန် ၅ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၇ နှစ်ချလိုက်ပါတယ်။ အခုဆိုရင်ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချခံထားရပါတယ်။ သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေအားလုံးအပြီးသတ်သွားပြီမို့ နိုင်ငံရေးအပါအဝင် ထူးခြား ပြောင်းလဲမှုတွေ ရှိလာနိုင်ပါသလား၊ ရန်ကုန်ကစုံစမ်းပေးပို့တဲ့ သတင်းကို အလိမ္မာက တင်ပြပါမယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့အထဲ နောက်ဆုံးအမှုငါးမှုအတွက် နေပြည်တော်အထူးတရားရုံးကနေ ထောင်ဒဏ် ၇နှစ်စီ အသီးသီးအမိန့်ချမှတ်လိုက်တာမို့၊ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုအားလုံး ပြီးပြတ်သွားပြီလို့ ဆိုနိုင်ပါတယ်။ တချိန်တည်းမှာပဲ အမှုတွေပြီးပြတ်သွားချိန်မှာ သူကို နေအိမ်အကျယ်ချုပ်ပြောင်းရွေ့ထားမယ်ဆိုပြီး သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့ပါတယ်။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အမှုတွေအမိန့်ချပြီးရင် သူကို ဘယ်မှာထားမလဲ မသိဘူးလို့သာ တုန့်ပြန်ထားပါတယ်။ တချိန်တည်းမှာပဲ လာမယ့်နှစ်ဆန်းပိုင်းမှာ အကျဉ်းသားတွေကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုတဲ့သတင်းတွေထွက်နေတော့၊ စစ်ကောင်စီဖက်က သူပြစ်ဒဏ်တွေကို တစုံတရာလျှော့ပေါ့ပေးမလား မျှော်လင့်သူတွေလည်းရှိပါတယ်။

ပြည်ထောင်စုရှေ့နေများအဖွဲ့ဥက္ကဋ္ဌ လွှတ်တော် ရှေ့နေ ကြီး ဦးကြီးမြင့်ကတော့ စစ်ကောင်စီဖက်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ အမှုတွေလျော့ပေါ့ပေးနိုင်ပေမယ့်၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ဖွယ်မရှိဘူးလို့သုံးသပ်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ကိုတော့လွတ်လပ်ရေးနေ့မှာမလွတ်ဘူး၊ဒါပေမယ့် ပြစ်ဒဏ်လျော့တဲ့ထဲပါလာနိုင်တယ်။ အကုန်လုံးပြီးသွားပြီဆိုတော့ တပေါင်းထဲပေါ်မှာ ဘယ်လောက်လျော့တယ်ဆိုတာမျိုးပေါ့. ဖြစ်လာနိုင်တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှာ နလန်မထူနိုင်အောင် လုပ်တာဘဲ၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပမှာခုချိန်ထိ ထောက်ခံမှုအများကြီးရနေဆဲပါ သူ့ကို ပယ်လို့ကိုမရသေးဘူး။ အဲတော့နိုင်ငံတကာမှာ ကြည့်ကောင်းအောင် ပြစ်ဒဏ်လျှော့တဲ့အထဲပါကောင်းပါလာနိုင်တာပေါ့။ လွှတ်တာတော့မလွှတ်ဘူး ရွေးကောက်ပွဲရှိသေးတာကို အဲဒ့ါတော့သေချာတယ် မလွှတ်ပေးဘူး။"

ယခင်အချိန်တုန်းက နိုင်ငံခြားဧည်သည်တွေနဲ့ တွေ့ခွင့်မပေးခဲ့တဲ့ကိစ္စအပေါ်မှာ အမှုမပြီးသတ်လို့ဆိုပြီး စစ်ကောင်စီဖက်က အကြောင်းပြန်တုန့်ပြန်ခဲ့ဖူးပါတယ်။ အဲဒီအတွက် အခုအမှုပြီးပြတ်ချိန်မှာ ပြင်ပနဲ့ တစုံတရာတွေ့ဆုံခွင့်ပေးမလား၊ အထူးသဖြင့် အခု ရောက်နေတဲ့ တရုတ်နိုင်ငံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပေးမလား ယူဆနေသူတွေလည်းရှိပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဖက်က တစုံတရာ တရားဝင်ထုတ်ပြောတာမျိုးတော့မရှိပါဘူး။ နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာ့အရေး ပထမဆုံး ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ မတရားဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ တချိန်တည်းမှာလည်းပဲ လာမယ့်ဖေဖော်ဝါရီလဆို စစ်တပ်က အာဏာသိမ်းခဲ့တာ နှစ်နှစ်ပြည့်ပါပြီ။ စစ်ကောင်စီကတော့ အာဏာသိမ်းတယ်လို့ မသုံးပဲ ဖွဲ့စည်းပုံဥပဒေအရ အာဏာလွှဲယူတာလို့ သုံးထားတဲ့အတွက်၊ ဖွဲ့စည်းပုံပါ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်အရ နှစ်နှစ်အထိ အများဆုံး အာဏာယူလို့ရပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်အမှုတွေပြတ်ပြီးတဲ့နောက်၊ တစုံတရာ နိုင်ငံရေးအရ ထူးခြားမှုတွေဖြစ်လာမလား ယူဆသူတွေလည်းရှိပါတယ်။ ဝါရင့်နိုင်ငံရေးလေ့လာသူတဦးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟန်ပြဆွေးနွေးမှုတခုခုဖြစ်လာမလားလို့ ယူဆပါတယ်။

"လာမယ့် ဖေဖော်ဝါရီ ၁ရက်နေ့ဆို သူတို့ ၂၀၀၈ဖွဲ့စည်းပုံအရ သူတို့သက်တမ်းကုန်ပြီ။ ကုန်တော့ ကာလုံပြန်ခေါ် ယာယီသမ္မတကို အာဏာပြန်အပ် ရွေးကောက်ပွဲအတွက်ပြင်ဆင်ဆိုတဲ့ အပြောင်းအလဲလုပ် စရာရှိတယ် သူတို့တွေအနေနဲ့ လမ်းဆုံလမ်းခွကိုရောက်နေတယ်။ ပြည်သူကိုလှည့်စားဖို့ နိုင်ငံတကာကို လက်ခံလာအောင်လုပ်ဖို့အတွက် နိုင်ငံရေးရည်ရွယ်ချက်သူတို့မှာရှိလိမ့်မယ်။ အဲံဒီအတွက် ဟိုတုန်းက ဦးသန်းရွှေလက်ထက်လိုဘဲ လက်ဦးမှုဘယ်လိုယူမလဲစဉ်းစားနိုင်တယ်။ သူတို့အသာဘယ်လိုရမလဲ သူတို့ကိုဘယ်လိုမထိခိုက်မလဲဆိုတဲ့စဉ်းစားချက်ရှိနိုင်တယ်။ အဲလိုစဉ်းစားရင်ဒေါ်အောင်ဆန်းစုကြည်ကို အသံထွက်ခွင့်ပေးလိုက်တာက သူတို့အတွက်မကောင်းဘူးနစ်နာမယ်လို့စဉ်းစားနိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုအသံထွက်ခွင့်ပေးမယ့်အစား နေအိမ်အကျယ်ချုပ်ထားပြီးတော့ တွေ့ဆုံဆွေး နွေးမှုရှိပါမယ်။ သူတို့ကိုယ်တိုင် ဦးမင်းအောင်လှိုင်ကိုယ်တိုင်တွေ့ဆုံဆွေးနွေးပါမယ် ဒါမှမဟုတ်လဲ ကော်မတီတရပ်ရပ်က တွေ့ဆုံဆွေးနွေးပါမယ်။ တချက်ခုတ် ၃၊ ၄ ချက်ပြတ်မယ့် စဉ်းစားချက်မျိုးသူတို့ မှာမရှိဘူးမပြောနိုင်ဘူး"

အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက စွဲဆိုထားတဲ့အမှုပေါင်း ၁၄ မှုနဲ့ လက်ရှိမှာ စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်အထိ ချမှတ်ခံရထားပြီးဖြစ်ပြီး နေပြည်တော်အချုပ်ထောင်တွင်းမှာ အကျဉ်းချခံထားရပါတယ်။ ဒီကနေ့ချမှတ်လိုက်တဲ့ နှစ်တွေနဲ့ပေါင်းရင် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ဖြစ်ပါတယ်ရှင်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG