သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ ေနာက္ဆုံးအမႈမ်ား ေထာင္ဒဏ္ ၇ႏွစ္ခ်မွတ္ခံရ


ေဒၚေအာင္ဆန္းစုၾကည္(ယခင္မွတ္တမ္းရုပ္ပုံ)

(zawgyi/unicode)

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တို႔အေပၚ ေနာက္ဆုံးစြဲဆိုထားတဲ့ အဂတိလိုက္စားမႈစြဲခ်က္ ၅မႈအတြက္ ေထာင္ဒဏ္ ၇ႏွစ္စီ ျပစ္ဒဏ္ခ်မွတ္လိုက္ပါတယ္။ စစ္ေကာင္စီက စြဲဆိုထားတဲ့ အမႈေတြထဲ ေနာက္ဆုံးအမႈျဖစ္တဲ့ ရဟတ္ယာဥ္ဝယ္ယူငွားရမ္းျပဳျပင္ထိမ္းသိမ္းမႈနဲ႔ ပတ္သက္လို႔ အဂတိစြဲခ်က္ ငါးမႈကို ေနျပည္ေတာ္အခ်ဳပ္ေထာင္တြင္း အထူးတရား႐ုံးကေန ဒီဇင္ဘာလ ၃၀ရက္ေန႔မွာ အၿပီးသတ္အမိန႔္ခ်မွတ္လိုက္တာပါ။ ဒီအမႈေတြနဲ႔ပတ္သက္လို စြဲဆိုခံရသူ ေဒၚေအာင္ဆန္းစုၾကည္ေရာ ဦးဝင္းျမင့္တို႔ကိုပါ အျပစ္မရွိဘူးလို႔ ထြက္ဆိုထားၾကပါတယ္။ အဂတိမႈငါးမႈမွာ ေလးမႈအတြက္ တမႈကို ေထာင္ဒဏ္ ၃ ႏွစ္စီနဲ႔ တေပါင္းတည္းက်ခံေစဖို႔ ခ်တာျဖစ္လို႔ စုစုေပါင္း ၃ ႏွစ္၊ ရဟတ္ယာဥ္ ဝယ္ယူမႈတမႈအတြက္ေလးႏွစ္ သီးျခားစီက်ခံေစလို႔ခ်မွတ္လို႔ စုစုေပါင္း အမႈငါးမႈအတြက္ ေထာင္ ၇ ႏွစ္စီ အသီးသီးထပ္မံခ်မွတ္ခံရတာျဖစ္ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တို႔ရင္ဆိုင္ေနရတဲ့ အဂတိအမႈ ၅ မႈဟာ NLD အစိုးရလက္ထက္ သဘာဝကပ္ေဘးတုံ႔ျပန္ဖို႔ ရည္႐ြယ္ၿပီး အီတလီထုတ္ရဟတ္ယာဥ္ တစ္စီးကို ငွားရမ္း၊ ဝယ္ယူ၊ ျပင္ဆင္သုံးစြဲမႈမွာ လုပ္ထုံးလုပ္နည္းနဲ႔အညီ မလုပ္ခဲ့တာေၾကာင့္ ႏိုင္ငံပိုင္ ေငြေၾကးေတြ နစ္နာဆုံးရႈံးရတယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔ စစ္ေကာင္စီက တရားစြဲတဲ့အမႈျဖစ္ပါတယ္။ လူကယ္ျပန္ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးကို စစ္ေကာင္စီရဲ႕ အဂတိေကာ္မရွင္က အဂတိမႈနဲ႔တိုင္ၾကားခ်က္အေပၚ စစ္ေဆးရာကေန သမၼတနဲ႔အတိုင္ပင္ခံကိုပါ ထပ္မံတရားစြဲဆိုခဲ့တာျဖစ္ပါတယ္။

ဒီကေန႔ ႐ုံးခ်ိန္းမွာ သမၼတေရာ ေဒၚေအာင္ဆန္းစုၾကည္ပါ က်န္းမာေရးေကာင္းမြန္ၿပီး ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာျပည္သူေတြက်န္းမာပါေစလို႔ ႏွစ္သစ္ဆုမြန္ေကာင္းေတာင္းေပးခဲ့ တယ္လို႔ တရား႐ုံးနဲ႔နီးစပ္သူေတြကေျပာပါတယ္။

အသက္ ၇၇ ႏွစ္အ႐ြယ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ အခုဆို အမႈေပါင္း ၁၉ မႈအတြက္ ေထာင္ဒဏ္ ၃၃ ႏွစ္ ခ်မွတ္ခံထားရၿပီး၊ သမၼတ ဦးဝင္းျမင့္ကေတာ့ အမႈ၈ မႈနဲ႔ စုစုေပါင္း ေထာင္ ၁၂ ႏွစ္ ခ်မွတ္ခံထားရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့အမႈေတြ ၿပီးျပတ္သြားတာမို႔၊ သူ႔ကို ေနအိမ္အက်ယ္ခ်ဳပ္ထားမယ္ဆိုတဲ့ သတင္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေနပါတယ္။ ဒါေပမယ့္ စစ္ေကာင္စီေျပာခြင့္ရသူကို ဆက္သြယ္ေမးျမန္းလို႔မရေသးပါဘူး။

(unicode)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ် နောက်ဆုံးစွဲဆိုထားတဲ့ အဂတိလိုက်စားမှုစွဲချက် ၅မှုအတွက် ထောင်ဒဏ် ၇နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုတွေထဲ နောက်ဆုံးအမှုဖြစ်တဲ့ ရဟတ်ယာဉ်ဝယ်ယူငှားရမ်းပြုပြင်ထိမ်းသိမ်းမှုနဲ့ ပတ်သက်လို့ အဂတိစွဲချက် ငါးမှုကို နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားရုံးကနေ ဒီဇင်ဘာလ ၃၀ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်လိုက်တာပါ။ ဒီအမှုတွေနဲ့ပတ်သက်လို စွဲဆိုခံရသူ ဒေါ်အောင်ဆန်းစုကြည်ရော ဦးဝင်းမြင့်တို့ကိုပါ အပြစ်မရှိဘူးလို့ ထွက်ဆိုထားကြပါတယ်။ အဂတိမှုငါးမှုမှာ လေးမှုအတွက် တမှုကို ထောင်ဒဏ် ၃ နှစ်စီနဲ့ တပေါင်းတည်းကျခံစေဖို့ ချတာဖြစ်လို့ စုစုပေါင်း ၃ နှစ်၊ ရဟတ်ယာဥ် ဝယ်ယူမှုတမှုအတွက်လေးနှစ် သီးခြားစီကျခံစေလို့ချမှတ်လို့ စုစုပေါင်း အမှုငါးမှုအတွက် ထောင် ၇ နှစ်စီ အသီးသီးထပ်မံချမှတ်ခံရတာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေရတဲ့ အဂတိအမှု ၅ မှုဟာ NLD အစိုးရလက်ထက် သဘာဝကပ်ဘေးတုံ့ပြန်ဖို့ ရည်ရွယ်ပြီး အီတလီထုတ်ရဟတ်ယာဥ် တစ်စီးကို ငှားရမ်း၊ ဝယ်ယူ၊ ပြင်ဆင်သုံးစွဲမှုမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ မလုပ်ခဲ့တာကြောင့် နိုင်ငံပိုင် ငွေကြေးတွေ နစ်နာဆုံးရှုံးရတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီက တရားစွဲတဲ့အမှုဖြစ်ပါတယ်။ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို စစ်ကောင်စီရဲ့ အဂတိကော်မရှင်က အဂတိမှုနဲ့တိုင်ကြားချက်အပေါ် စစ်ဆေးရာကနေ သမ္မတနဲ့အတိုင်ပင်ခံကိုပါ ထပ်မံတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ရုံးချိန်းမှာ သမ္မတရော ဒေါ်အောင်ဆန်းစုကြည်ပါ ကျန်းမာရေးကောင်းမွန်ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူတွေကျန်းမာပါစေလို့ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးခဲ့ တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။

အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆို အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပြီး၊ သမ္မတ ဦးဝင်းမြင့်ကတော့ အမှု၈ မှုနဲ့ စုစုပေါင်း ထောင် ၁၂ နှစ် ချမှတ်ခံထားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေ ပြီးပြတ်သွားတာမို့၊ သူ့ကို နေအိမ်အကျယ်ချုပ်ထားမယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပါတယ်။ ဒါပေမယ့် စစ်ကောင်စီပြောခွင့်ရသူကို ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG