သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလ လုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္အေပၚ ျပည္ပေရာက္ ျမန္မာတခ်ိဳ႕ အျမင္


UNSC

ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ လုံၿခဳံေရးေကာင္စီ က ထုတ္ျပန္လိုက္တဲ့ ဆုံးျဖတ္ခ်က္ နဲ႔ ပတ္သက္ၿပီး ျပည္ပမွာ ေရာက္ရွိေနၾကတဲ့ ျမန္မာ ဒီမိုကေရစီအေရး ေဝဖန္သုံးသပ္သူေတြက ထူးျခားတဲ့ ေအာင္ျမင္မႈတခုအျဖစ္ ျမင္ေနၾကပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီး ကိုခင္ေမာင္စုိးမင္း က စုစည္းတင္ဆက္လိုက္ပါတယ္။ 

ကုလ လုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္အေပၚ ျပည္ပေရာက္ ျမန္မာတခ်ိဳ႕ အျမင္

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ လုံၿခဳံေရးေကာင္စီ က ထုတ္ျပန္လိုက္တဲ့ ဆုံးျဖတ္ခ်က္ အမွတ္ ၂၆၆၉ ထဲမွာ အၾကမ္းဖက္မႈေတြ ရပ္စဲဖို႔ နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ႏိုင္ငံေရး အက်ဥ္းသားေတြ အားလုံးျပန္လႊတ္ေပးဖို႔ စတဲ့အခ်က္ေတြပါဝင္ၾကတာ နဲ႔ ပတ္သက္ၿပီး ျပည္ပမွာ ေရာက္ရွိေနၾကတဲ့ ျမန္မာ ဒီမိုကေရစီအေရး ေဝဖန္သုံးသပ္သူေတြက ထူးျခားတဲ့ ေအာင္ျမင္မႈတခုအျဖစ္ ျမင္ေနၾကပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီး ကိုခင္ေမာင္စုိးမင္း က စုစည္းတင္ဆက္လိုက္ပါတယ္။

ကုလသမဂၢ လုံၿခဳံေရးေကာင္စီ က ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ႏိုင္ငံေရး အက်ဥ္းသားေတြ ခ်က္ခ်င္းလႊတ္ေပးေရး ၊ အၾကမ္းဖက္မႈေတြ ရပ္ဆိုင္းေရး နဲ႔ အာဆီယံ အေရွ႕ေတာင္အာရွအသင္းႀကီးက ခ်မွတ္ထားတဲ့ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို လိုက္နာေရး စတဲ့ အခ်က္ေတြပါဝင္တဲ့ ဆုံးျဖတ္ခ်က္ အမွတ္ ၂၆၆၉ ဟာ ထူးျခား ေအာျမင္မႈတရပ္ျဖစ္တယ္လို႔ အခုအခါ အေမရိကန္ ျပည္ေထာင္စုမွာ ေနထိုင္ေနတဲ့ ၁၉ ၉ ဝ ေရြးေကာက္ခံ NLD လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ တင့္ေဆြက ေျပာပါတယ္။

ေဒါက္တာတင့္ေဆြ ။. ။ " ပထမအခ်က္ က လုံၿခဳံေရး ေကာင္စီက ဆုံးျဖတ္ခ်က္ဟာ ထူးျခားဆုံးေသာ တိုးတက္ေျပာင္းလည္မႈျဖစ္တယ္လို႔ က်ေနာ္ျမင္ပါတယ္။ က်ေနာ္တို႔ အရင့္အရင္က အႏွစ္ ၂ဝ ႀကိဳးစားခဲ့ေပမယ့္ ဒီအဆင့္မ်ဳိး ကုလသမဂၢ လုံၿခဳံေရးေကာင္စီ က မရခဲ့ဘူး။ ေနာက္တခ်က္ကေတာ့ ကုလသမဂၢ အၿမဲတမ္းအဖြဲ႔ဝင္ VETO သုံးခြင့္ရွိတဲ့ တရုတ္ နဲ႔ ရုရွား က မဲမေပးပဲ ေနျခင္းဟာ လည္း ထူးျခားခ်က္တခု ။ စစ္ေကာင္စီ အင္မတန္မွ အားကိုးလွတဲ့ ရုရွား နဲ႔တရုတ္တို႔ရဲ႕ ေထာက္ခံမႈဟာ အရင္ကထက္ ပိုၿပီး က်ဆင္းလာတယ္လို႔ က်ေနာ္ျမင္ပါတယ္။ ေနာက္တဆက္တည္းမွာ အာဆီယံ ရဲ႕ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ ကို ကုလသမဂၢ၊ အေမရိကန္ နဲ႔ ဥေရာပ သမဂၢ EU တို႔က ေနာက္ကေန ပန္႔ပိုးေပးထားၾကတယ္။ ဒီအခ်က္က မျပင္ႏိုင္ဘူး။ ေရွ႕လည္းမေရာက္ဘူးေပါ့။ အာဆီယံ နည္းလမ္း ေဖာ္ျမဴလာကေန အသစ္ရွာဖို႔ လိုလာၿပီလို႔ ထင္ပါတယ္ခင္ဗ်" ။

ဆက္လက္ၿပီး အေမရိကန္ ျပည္ေထာင္စု မီခ်ီဂန္ျပည္နယ္ မွာေနထိုင္ၿပီး ျမန္မာ ဒီမိုကေရစီအေရး တက္ၾကြလွဳပ္ရွားသူတဦးျဖစ္တဲ့ သမားေတာ္ႀကီး ေဒါက္တာ သန္းႏိုင္ဦး ကလည္း ကုလသမဂၢ လုံၿခဳံေရးေကာင္စီ က ဆုံးျဖတ္ခ်က္ဟာ ျမန္မာႏိုင္ငံအတြက္ ႀကီးမားတဲ့ အေရြ႕တခုျဖစ္ၿပီး ေနာက္တဆင့္အေနနဲ႔ လိုအပ္ရင္ ကုလသမဂၢ ၿငိမ္းခ်မ္းေရး ထိမ္းသိမ္ေရး တပ္ဖြဲ႔ေတြ ေစလႊတ္ေပးႏိုင္တဲ့အဆင့္အထိ ျဖစ္ေကာင္း ျဖစ္လာႏိုင္တဲ့ ေရွ႕ေျပးေခ်လွမ္းတရပ္လိုလည္း ရႈျမင္ေၾကာင္း ေျပာပါတယ္။

သမားေတာ္ႀကီး ေဒါက္တာ သန္းႏိုင္ဦး ။. ။ " ဆုံးျဖတ္ခ်က္တခု ကို လုံၿခဳံေရး ေကာင္စီ ကေန ထြက္လာတာဟာ က်ေနာ္တို႔ ႀကိဳဆိုဝမ္းေျမာက္ရမွာပါ။ ဒါကို ကုလသမဂၢအဖြဲ႔ဝင္ ျမန္မာႏိုင္ငံ က လိုက္နာရမွာျဖစ္ပါတယ္။ လုံၿခဳံေရးေကာင္စီအေနနဲ႔ လိုအပ္မယ္ထင္ရင္ ၿငိမ္းခ်မ္းေရး တပ္ဖြဲ႔ေတြ ေစလႊတ္ဖို႔ တိို႔၊ ပိတ္ဆိုဒဏ္ခတ္မႈ Sanction လုပ္ဖို႔တို႔၊ စစ္ဆင္ေရးအဖြဲ႔တို႔ လုပ္ဖို႔ လုပ္မယ္ဆို လုပ္လို႔ရႏိုင္ေအာင္ လမ္းခင္းေပးတဲ့ ပထမအဆင့္ ေျခလွမ္းအဆင့္ျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီေလာက္အထိ ေရာက္ဖို႔ကေတာ့ ေတာ္ေတာ္လိုအုန္းမယ္ထင္ပါတယ္။ ဒါေပမယ့္ ျမန္မာစစ္ေကာင္စီ ကို အၿမဲေထာက္ခံေပးေနတဲ့ ရုရွား နဲ႔ တရုတ္တို႔က အရင္လို မေထာက္္ခံခ်င္ၾကေတာ့ဘူးလို႔ အမ်ားက ထင္ေနၾကပါတယ္။ လုံၿခဳံေရးေကာင္စီအဖြဲ႔ဝင္ ထဲမွာရွိၾကတဲ့ ျမန္မာအေရး မိတ္ေဆြႏိုင္ငံေတြထဲမွာ ေနထိုင္ေနၾကတဲ့ က်ေနာ္တို႔ ျမန္မာေတြကလည္း လႈံေဆာ္ေပးျခင္းအားျဖင့္ ဒီႏိုင္ငံေတြက လုပ္ေဆာင္ေပးၾကမယ္ထင္ပါတယ္"

ကုလသမဂၢ လုံၿခံဳေရးေကာင္စီ ရဲ႕ ဆုံးျဖတ္ခ်က္ အမွတ္၂၆၆၉ ကို ၿဗိတိန္ႏိုင္ငံ ရ႕ဲ ကုလသမဂၢ ဆိုင္ရာ သံအမတ္ႀကီး Barbara Woodward က အဆိုတင္သြင္းခဲ့တာျဖစ္ၿပီး အဖြဲ႔ဝင္ႏိုင္ငံ ၁၅ ႏိုင္ငံ အနက္ ၁၂ ႏိုင္ငံက ေထာက္ခံၿပီး အၿမဲတန္းအဖြဲ႔ဝင္ ဗီတိုအာဏာပိုင္ဆိုင္တဲ့ တရုတ္ နဲ႔ ရုရွား တို႔နဲ႔အတူ အိႏိၵယ ကေတာ့ မဲမေပးၾကပါဘူး။ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး အေမရိကန္ အမ်ဳိးသားဆိုင္ရာ ကာကြယ္ေရး ဥပေဒ မူၾကမ္း NDAA ကိုလည္း လႊတ္ေတာ္ ၂ ရပ္စလုံးက သေဘာတူညီၿပီး ျမန္မာႏိုင္ငံက EAO တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြ နဲ႔ PDF ျပည္သူကာကြယ္ေရးအဖြဲ႔ေတြကို လက္နက္မဟုတ္တဲ့ အကူအညီေတြ ေပးအပ္ဖို႔ ဆုံးျဖတ္ခ်က္ခ်မွတ္ထားတာဟာလည္း သမၼတ Joe Biden လက္မွတ္ထိုးၿပီးရင္ အတည္ျဖစ္ေတာ့မွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

ကုလ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အပေါ် ပြည်ပရောက် မြန်မာတချို့ အမြင်

{{Zawgyi/Unicode}}
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ထုတ်ပြန်လိုက်တဲ့ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ထဲမှာ အကြမ်းဖက်မှုတွေ ရပ်စဲဖို့ နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေပါဝင်ကြတာ နဲ့ ပတ်သက်ပြီး ပြည်ပမှာ ရောက်ရှိနေကြတဲ့ မြန်မာ ဒီမိုကရေစီအရေး ဝေဖန်သုံးသပ်သူတွေက ထူးခြားတဲ့ အောင်မြင်မှုတခုအဖြစ် မြင်နေကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကိုခင်မောင်စိုးမင်း က စုစည်းတင်ဆက်လိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ ချက်ချင်းလွှတ်ပေးရေး ၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေး နဲ့ အာဆီယံ အရှေ့တောင်အာရှအသင်းကြီးက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာရေး စတဲ့ အချက်တွေပါဝင်တဲ့ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ဟာ ထူးခြား အောမြင်မှုတရပ်ဖြစ်တယ်လို့ အခုအခါ အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေတဲ့ ၁၉ ၉ ဝ ရွေးကောက်ခံ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

ဒေါက်တာတင့်ဆွေ ။. ။ " ပထမအချက် က လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက်ဟာ ထူးခြားဆုံးသော တိုးတက်ပြောင်းလည်မှုဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။ ကျနော်တို့ အရင့်အရင်က အနှစ် ၂ဝ ကြိုးစားခဲ့ပေမယ့် ဒီအဆင့်မျိုး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က မရခဲ့ဘူး။ နောက်တချက်ကတော့ ကုလသမဂ္ဂ အမြဲတမ်းအဖွဲ့ဝင် VETO သုံးခွင့်ရှိတဲ့ တရုတ် နဲ့ ရုရှား က မဲမပေးပဲ နေခြင်းဟာ လည်း ထူးခြားချက်တခု ။ စစ်ကောင်စီ အင်မတန်မှ အားကိုးလှတဲ့ ရုရှား နဲ့တရုတ်တို့ရဲ့ ထောက်ခံမှုဟာ အရင်ကထက် ပိုပြီး ကျဆင်းလာတယ်လို့ ကျနော်မြင်ပါတယ်။ နောက်တဆက်တည်းမှာ အာဆီယံ ရဲ့ ဘုံသဘောတူညီချက် ၅ ချက် ကို ကုလသမဂ္ဂ၊ အမေရိကန် နဲ့ ဥရောပ သမဂ္ဂ EU တို့က နောက်ကနေ ပန့်ပိုးပေးထားကြတယ်။ ဒီအချက်က မပြင်နိုင်ဘူး။ ရှေ့လည်းမရောက်ဘူးပေါ့။ အာဆီယံ နည်းလမ်း ဖော်မြူလာကနေ အသစ်ရှာဖို့ လိုလာပြီလို့ ထင်ပါတယ်ခင်ဗျ" ။

ဆက်လက်ပြီး အမေရိကန် ပြည်ထောင်စု မီချီဂန်ပြည်နယ် မှာနေထိုင်ပြီး မြန်မာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ သမားတော်ကြီး ဒေါက်တာ သန်းနိုင်ဦး ကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ အရွေ့တခုဖြစ်ပြီး နောက်တဆင့်အနေနဲ့ လိုအပ်ရင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိမ်းသိမ်ရေး တပ်ဖွဲ့တွေ စေလွှတ်ပေးနိုင်တဲ့အဆင့်အထိ ဖြစ်ကောင်း ဖြစ်လာနိုင်တဲ့ ရှေ့ပြေးချေလှမ်းတရပ်လိုလည်း ရှုမြင်ကြောင်း ပြောပါတယ်။

သမားတော်ကြီး ဒေါက်တာ သန်းနိုင်ဦး ။. ။ " ဆုံးဖြတ်ချက်တခု ကို လုံခြုံရေး ကောင်စီ ကနေ ထွက်လာတာဟာ ကျနော်တို့ ကြိုဆိုဝမ်းမြောက်ရမှာပါ။ ဒါကို ကုလသမဂ္ဂအဖွဲ့ဝင် မြန်မာနိုင်ငံ က လိုက်နာရမှာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ လိုအပ်မယ်ထင်ရင် ငြိမ်းချမ်းရေး တပ်ဖွဲ့တွေ စေလွှတ်ဖို့ တို့၊ ပိတ်ဆိုဒဏ်ခတ်မှု Sanction လုပ်ဖို့တို့၊ စစ်ဆင်ရေးအဖွဲ့တို့ လုပ်ဖို့ လုပ်မယ်ဆို လုပ်လို့ရနိုင်အောင် လမ်းခင်းပေးတဲ့ ပထမအဆင့် ခြေလှမ်းအဆင့်ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလောက်အထိ ရောက်ဖို့ကတော့ တော်တော်လိုအုန်းမယ်ထင်ပါတယ်။ ဒါပေမယ့် မြန်မာစစ်ကောင်စီ ကို အမြဲထောက်ခံပေးနေတဲ့ ရုရှား နဲ့ တရုတ်တို့က အရင်လို မထောက်ခံချင်ကြတော့ဘူးလို့ အများက ထင်နေကြပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင် ထဲမှာရှိကြတဲ့ မြန်မာအရေး မိတ်ဆွေနိုင်ငံတွေထဲမှာ နေထိုင်နေကြတဲ့ ကျနော်တို့ မြန်မာတွေကလည်း လှုံဆော်ပေးခြင်းအားဖြင့် ဒီနိုင်ငံတွေက လုပ်ဆောင်ပေးကြမယ်ထင်ပါတယ်"

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရဲ့ ဆုံးဖြတ်ချက် အမှတ်၂၆၆၉ ကို ဗြိတိန်နိုင်ငံ ရဲ့ ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီး Barbara Woodward က အဆိုတင်သွင်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံ အနက် ၁၂ နိုင်ငံက ထောက်ခံပြီး အမြဲတန်းအဖွဲ့ဝင် ဗီတိုအာဏာပိုင်ဆိုင်တဲ့ တရုတ် နဲ့ ရုရှား တို့နဲ့အတူ အိန္ဒိယ ကတော့ မဲမပေးကြပါဘူး။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန် အမျိုးသားဆိုင်ရာ ကာကွယ်ရေး ဥပဒေ မူကြမ်း NDAA ကိုလည်း လွှတ်တော် ၂ ရပ်စလုံးက သဘောတူညီပြီး မြန်မာနိုင်ငံက EAO တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ PDF ပြည်သူကာကွယ်ရေးအဖွဲ့တွေကို လက်နက်မဟုတ်တဲ့ အကူအညီတွေ ပေးအပ်ဖို့ ဆုံးဖြတ်ချက်ချမှတ်ထားတာဟာလည်း သမ္မတ Joe Biden လက်မှတ်ထိုးပြီးရင် အတည်ဖြစ်တော့မှာဖြစ်ပါတယ်။

XS
SM
MD
LG