သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရးကုလလုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္မူၾကမ္းမဲခြဲဖြယ္ရွိ


UNSC meeting- Myanmar: Briefing One Year After the Start of the Refugee Crisis

(zawgyi/unicode)

ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြကို ခ်က္ျခင္းရပ္တန႔္ၿပီး၊ စစ္ေကာင္စီအေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားအားလုံးကို လႊတ္ေပးဖို႔ ေတာင္းဆိုထားတဲ့ ကုလသမဂၢလုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္မူၾကမ္းကို အခု ဗုဒၶဟူးေန႔မွာ လုံၿခဳံေရးေကာင္စီအတြင္း မဲခြဲဆုံးျဖတ္ဖြယ္ရွိတယ္လို႔ သံတမန္သတင္းကို ကိုးကားၿပီး ႐ိုက္တာသတင္းက ေဖာ္ျပပါတယ္။ ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္ခ်မွတ္ႏိုင္ဖို႔ ႀကိဳးစားေနၾကရာမွာ အဖြဲ႕ဝင္ ၁၅ႏိုင္ငံအၾကား သေဘာကြဲလြဲမႈေတြရွိၿပီး၊ ျပင္းထန္တဲ့စာသားေတြအေပၚ တ႐ုတ္နဲ႔ ႐ုရွားတို႔ကဖက္က ကန႔္ကြက္ေနတာပါ။ အခုအခ်ိန္အထိဆိုရင္ လုံၿခဳံေရးေကာင္စီအေနနဲ႔ ျမန္မာ့အေရးနဲ႔ပတ္သက္လာရင္ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြနဲ႔ပတ္သက္လို႔ စစ္တပ္ကက်ဴးလြန္မႈေတြကို​ေဝဖန္ထားတဲ့ ေၾကညာခ်က္ထုတ္ျပန္မႈအဆင့္ပဲရွိပါေသးတယ္။

ျမန္မာ့အေရး လုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္မူၾကမ္းကို ၿဗိတိသွ်ႏိုင္ငံက ၿပီးခဲ့တဲ့စက္တင္ဘာလအတြင္း တင္သြင္းခဲ့တာျဖစ္ၿပီး၊ မူၾကမ္းစာသားကို အဖြဲ႕ဝင္ေတြအၾကား ညႇိဳႏႈိင္းေနခဲ့တာပါ။ မူလ မူၾကမ္းထဲမွာပါဝင္တဲ့ ျမန္မာႏိုင္ငံကို လက္နက္တင္ပို႔မႈေတြ ပိတ္ပင္တားဆီးဖို႔ဆိုတဲ့အခ်က္ကေတာ့၊ ျပန္ညႇိဳႏႈိင္းၿပီး ေနာက္ဆုံးထြက္လာတဲ့မူၾကမ္းထဲမွာ ပါမလာေတာ့ပါဘူး။ လုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္တရပ္ရဖို႔ဆိုရင္ အဖြဲ႕ဝင္ ၉ႏိုင္ငံထက္မနည္း ေထာက္ခံဖို႔လိုသလို၊ အေမရိကန္ ျပင္သစ္ ၿဗိတိန္ တ႐ုတ္နဲ႔ ႐ုရွားတို႔က ဗီတိုအာဏာသုံးကန႔္ကြက္တာမျဖစ္ဖို႔ လိုပါတယ္။

ကုလသမဂၢဆိုင္ရာ ႐ုရွားသံအမတ္ႀကီးကေတာ့ ဒီမူၾကမ္းကို ညႇိဳႏႈိင္းေနဆဲရွိၿပီး၊ ဒီဆုံးျဖတ္ခ်က္ကို ျမန္မာအာဏာပိုင္ေတြဖက္က လက္မခံရင္ ပူးေပါင္းေဆာင္႐ြက္မႈရွိမလာမွာကို စိုးရိမ္တယ္လို႔ ေျပာပါတယ္။ ဒီမူၾကမ္းနဲ႔ပတ္သက္လို႔ တ႐ုတ္ႏိုင္ငံကိုယ္စားလွယ္႐ုံးက တစုံတရာတုန႔္ျပန္တာမရွိေပမယ့္၊ ေနာက္ဆုံးမူၾကမ္းကိုေတာ့ သေဘာတူညီထားပုံရပါတယ္။ ရရွိထားတဲ့ ေနာက္ဆုံးမူၾကမ္းထဲမွာေတာ့ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းယူမႈေၾကာင့္ ျမန္မာျပည္သူေတြအေပၚ ႀကီးႀကီးမားမားထိခိုက္သက္ေရာက္မႈရွိတာကို အလြန္အမင္းစိုးရိမ္ေၾကာင္းေဖာ္ျပၿပီး၊ ASEAN အသင္းႀကီးက သေဘာတူထားတဲ့ ၿငိမ္းခ်မ္း​ေရးအစီအစဥ္ကို အေကာင္အထည္ေဖာ္ဖို႔ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(unicode)

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်တန့်ပြီး၊ စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို အခု ဗုဒ္ဓဟူးနေ့မှာ လုံခြုံရေးကောင်စီအတွင်း မဲခွဲဆုံးဖြတ်ဖွယ်ရှိတယ်လို့ သံတမန်သတင်းကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ ကြိုးစားနေကြရာမှာ အဖွဲ့ဝင် ၁၅နိုင်ငံအကြား သဘောကွဲလွဲမှုတွေရှိပြီး၊ ပြင်းထန်တဲ့စာသားတွေအပေါ် တရုတ်နဲ့ ရုရှားတို့ကဖက်က ကန့်ကွက်နေတာပါ။ အခုအချိန်အထိဆိုရင် လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လာရင် ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ပတ်သက်လို့ စစ်တပ်ကကျူးလွန်မှုတွေကို​ဝေဖန်ထားတဲ့ ကြေညာချက်ထုတ်ပြန်မှုအဆင့်ပဲရှိပါသေးတယ်။

မြန်မာ့အရေး လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်းကို ဗြိတိသျှနိုင်ငံက ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း တင်သွင်းခဲ့တာဖြစ်ပြီး၊ မူကြမ်းစာသားကို အဖွဲ့ဝင်တွေအကြား ညှိုနှိုင်းနေခဲ့တာပါ။ မူလ မူကြမ်းထဲမှာပါဝင်တဲ့ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုတွေ ပိတ်ပင်တားဆီးဖို့ဆိုတဲ့အချက်ကတော့၊ ပြန်ညှိုနှိုင်းပြီး နောက်ဆုံးထွက်လာတဲ့မူကြမ်းထဲမှာ ပါမလာတော့ပါဘူး။ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တရပ်ရဖို့ဆိုရင် အဖွဲ့ဝင် ၉နိုင်ငံထက်မနည်း ထောက်ခံဖို့လိုသလို၊ အမေရိကန် ပြင်သစ် ဗြိတိန် တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးကန့်ကွက်တာမဖြစ်ဖို့ လိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးကတော့ ဒီမူကြမ်းကို ညှိုနှိုင်းနေဆဲရှိပြီး၊ ဒီဆုံးဖြတ်ချက်ကို မြန်မာအာဏာပိုင်တွေဖက်က လက်မခံရင် ပူးပေါင်းဆောင်ရွက်မှုရှိမလာမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။ ဒီမူကြမ်းနဲ့ပတ်သက်လို့ တရုတ်နိုင်ငံကိုယ်စားလှယ်ရုံးက တစုံတရာတုန့်ပြန်တာမရှိပေမယ့်၊ နောက်ဆုံးမူကြမ်းကိုတော့ သဘောတူညီထားပုံရပါတယ်။ ရရှိထားတဲ့ နောက်ဆုံးမူကြမ်းထဲမှာတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူမှုကြောင့် မြန်မာပြည်သူတွေအပေါ် ကြီးကြီးမားမားထိခိုက်သက်ရောက်မှုရှိတာကို အလွန်အမင်းစိုးရိမ်ကြောင်းဖော်ပြပြီး၊ ASEAN အသင်းကြီးက သဘောတူထားတဲ့ ငြိမ်းချမ်း​ရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG