သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘာတလွှားက ဒုက္ခသည်အခြေအနေ ကုလလုံခြုံရေးကောင်စီမှာတင်ပြ


မြန်မာစစ်ဘေးဒုက္ခသည်များ - IDPs။ ဓါတ်ပုံ - မိုင်ညီဝင်းမောင်
မြန်မာစစ်ဘေးဒုက္ခသည်များ - IDPs။ ဓါတ်ပုံ - မိုင်ညီဝင်းမောင်

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းက ဒုက္ခသည်တွေရဲ့အခြေအနေအရပ်ရပ်ကို ကုသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က တင်ပြခဲ့ပါတယ်။

"ဒီနှစ် ပထမ ၆ လ အတွင်းမှာတင် နေရပ်စွန့်ခွါထွက်ပြေးရသူ ခန့်မှန်းခြေ သန်းတဝက်လောက်ရှိတဲ့မြန်မာနိုင်ငံမှာဆိုရင်လည်း လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်ဖို့ သွားလာခွင့်မရတာက ကြီးမားတဲ့စိန်ခေါ်ချက်တခုဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ရိုဟင်ဂျာတသန်းလောက်လည်း နေရပ်ပြန်နိုင်ဖို့ မလွယ်သေးပါဘူးလို့ မဟာမင်းကြီး Filippo Grandi ကပြောဆိုသွားတာပါ။ "

ရုရှားရဲ့ ကျူးကျော်စစ်ကြောင့်ယူကရိန်းတနိုင်ငံထဲမှာတင် ဒုက္ခသည် ၁၄ သန်း နေရပ်ပြောင်းရွှေ့နေကြရြ့ပီး ဆောင်းရာသီကာလ ထဲရောက်လာပြီဖြစ်တဲ့အတွက် သူတို့မှာလည်း ခက်ခဲကြမ်းတမ်းတဲ့စိန်ခေါ်ချက်တွေနဲ့ရင်ဆိုင်နေရကြောင်း မဟာမင်းကြီး Grandi ကထောက်ပြသွားပါတယ်။ ဒုက္ခသည်ပြဿနာကို ဥရောပက ဆက်ပြီး တာဝန်မယူနိုင်တော့ဘူးဆိုပြီး ဥရောပ ခေါင်ေးဆာင်တချို့ရဲ့ ကြေညာချက်တွေဟာ လက်တွေ့မဆန်ဘူးလို့လည်း မဟာမင်းကြီးက တင်ပြသွားပါတယ်။

ဒုက္ခသည်တွေကိုဥရောပမှာဆက်ပြီးလက်ခံနိုင်စွမ်းမရှိတော့ဘူး၊နေရာထိုင်ခင်းပေးစရာ လည်းမရှိတော့သလို ဒီကိစ္စမှာ ပြည်သူလူထုရဲ့ထောက်ခံမှု မရှိဘူးဆိုတဲ့ နိုင်ငံရေးသမားတွေရဲ မကြာခဏထုတ်ပြန်တဲ့ကြေညာချက်တွေမှာ ထပ်တလဲလဲဖော်ပြချက်တွေ မှန်ကန်မှုမရှိဘူးဆိုတာ ယူကရိန်း ဒုက္ခသည်အရေးတုန့်ပြန်ဆောင်ရွက်ပုံ တွေက သက်သေပြလိုက်ပါပြီလို့လည်းမဟာမင်းကြီးက လုံခြုံရေးကောင်စီကို တင်ပြသွားတာပါ။ အီသီယိုးပီးယား၊ အာဖဂန်နစ္စတန်၊ မြန်မာနဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အပါအဝင် ကမ္ဘာတဝန်း ကုလသမဂ္ဂက အကူအညီပေးနေတဲ့ နိုင်ငံအတော်များများရှိနေပြီး ဒုက္ခသည်အားလုံးကို တန်းတူသဘောထား အာရုံစိုက် ကူညီဖို့လိုတယ်လို့လည်း မဟာမင်းကြီးက လုံခြုံရေးကောင်စီကို တင်ပြသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode





XS
SM
MD
LG