သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚစုအေပၚ ေထာင္ဒဏ္ ျပစ္ဒဏ္ခ်မႈ အေမရိကန္ ျပင္းထန္စြာ ရႈတ္ခ်


Derek Chollet, US State Department councellor

[[ ZAWGYI ]]

ေဒၚစုအေပၚ ေထာင္ဒဏ္ ျပစ္ဒဏ္ခ်မႈ အေမရိကန္ ျပင္းထန္စြာ ရႈတ္ခ်


ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ အေပၚ ေထာင္ဒဏ္ျပစ္ဒဏ္ ခ်မွတ္မႈအတြက္ ျပင္းထန္စြာ ရႈတ္ခ်သလို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တကြႏိုင္ငံေရး အက်ဥ္းသား အားလံုးကို အျမန္ျပန္လႊတ္ေပးဖို႔ အေမရိကန္ ႏိုင္ငံျခားေရး အတိုင္ပင္ခံ Derek Chollet က ေသာၾကာေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။ ဒါ့အျပင္ ျမန္မာျပည္သူေတြရဲ ဆႏၵကို ေလးစားဖို႔လည္း စစ္ေကာင္စီကို ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာစစ္ေကာင္စီရဲ႕ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေထာင္ဒဏ္ခ်မွတ္မႈဟာ တရားဥပေဒ စိုးမိုးေရးကို မေထမဲ့ျမင္ျပဳတဲ့ လုပ္ရပ္ျဖစ္ေၾကာင္း အေမရိကန္ အစိုးရ ႏိုင္ငံျခားေရးဌာန ဒုတိယေျပာေရးဆိုခြင့္ရွိသူ Vedant Patel ကလည္း Twitter ကေန ေျပာၾကားခဲ့ ပါတယ္။ အေမရိကန္ ျပည္ေထာင္စုအေနနဲ႔ အာဆီယံ အပါအဝင္ ႏိုင္ငံတကာ မိတ္ဖက္ႏိုင္ငံေတြနဲ႔ လက္တြဲၿပီး ျမန္မာျပည္ ဒီမိုကေရစီ ရရွိေရကို ေဆာင္ရြက္ဖို႔ ကတိကဝတ္ျပဳပါတယ္လို႔လည္း ေရးသားထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ တရားစြဲထားတဲ့ အမႈေတြထဲက ေနာက္ဆုံးက်န္ ၅ မႈအတြက္ ေနျပည္ေတာ္တရားရံုးက ေသာၾကာေန႔မွာ စုစုေပါင္း ေထာင္ဒဏ္ ၇ ႏွစ္ခ်လိုက္တာပါ။ ဒ့ါေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ဟာ အမႈေပါင္း ၁၉ မႈအတြက္ စုစုေပါင္း ေထာင္ဒဏ္ ၃၃ ႏွစ္ ခ်ခံထားရပါတယ္။

အသက္ ၇၇ ႏွစ္အရြယ္ ေဒၚေအာင္ဆန္းစုၾကည္ ဟာ အခုဆိုရင္ ေနျပည္ေတာ္ အခ်ဳပ္ေထာင္မွာ က်ဥ္းက်ခံေနရပါတယ္။ ႏွစ္ေပါင္း ၇၀ ေက်ာ္အတြင္း ျမန္မာ့အေရး ပထမဆုံး ခ်မွတ္ခဲ့တဲ့ ကုလသမဂၢလုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္မွာ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္နဲ႔ မတရားဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

{{ UNICODE }}

ဒေါ်စုအပေါ် ထောင်ဒဏ် ပြစ်ဒဏ်ချမှု အမေရိကန် ပြင်းထန်စွာ ရှုတ်ချ


နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပေါ် ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်မှုအတွက် ပြင်းထန်စွာ ရှုတ်ချသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွနိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet က သောကြာနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေရဲ ဆန္ဒကို လေးစားဖို့လည်း စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ချမှတ်မှုဟာ တရားဥပဒေ စိုးမိုးရေးကို မထေမဲ့မြင်ပြုတဲ့ လုပ်ရပ်ဖြစ်ကြောင်း အမေရိကန် အစိုးရ နိုင်ငံခြားရေးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Vedant Patel ကလည်း Twitter ကနေ ပြောကြားခဲ့ ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာ မိတ်ဖက်နိုင်ငံတွေနဲ့ လက်တွဲပြီး မြန်မာပြည် ဒီမိုကရေစီ ရရှိရေကို ဆောင်ရွက်ဖို့ ကတိကဝတ်ပြုပါတယ်လို့လည်း ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အမှုတွေထဲက နောက်ဆုံးကျန် ၅ မှုအတွက် နေပြည်တော်တရားရုံးက သောကြာနေ့မှာ စုစုပေါင်း ထောင်ဒဏ် ၇ နှစ်ချလိုက်တာပါ။ ဒ့ါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချခံထားရပါတယ်။

အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် ဟာ အခုဆိုရင် နေပြည်တော် အချုပ်ထောင်မှာ ကျဉ်းကျခံနေရပါတယ်။ နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာ့အရေး ပထမဆုံး ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

XS
SM
MD
LG