သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီေ႐ြးေကာက္ပြဲ ကန္ အသိအမွတ္ျပဳမည္မဟုတ္


ေဒၚခင္စိုးဝင္း (ဗီြအိုေအ ျမန္မာပိုင္း)ႏွင့္ အေမရိကန္ႏိုင္ငံျခားေရးဌာန အတိုင္ပင္ခံပုဂၢိဳလ္ ဒဲရစ္ရႈိေလး(Derek Chollet) တို႔ကို ဗီြအိုေအျမန္မာပိုင္း သီးသန္႔ေတြ႔ဆံုေမးျမန္းခန္းအတြင္း အတူေတြ႔ရစဥ္

သတင္းလြတ္လပ္ခြင့္မ႐ွိတဲ့ ျမန္မာႏိုင္ငံမွာ ထင္႐ွားတဲ့ အတိုက္အခံေတြကိုအက်ဥ္းခ်ထားၿပီး အာဏာသိမ္းစစ္တပ္က က်င္းပမယ့္ ေ႐ြးေကာက္ပြဲဟာ လြတ္လပ္ၿပီး တရားမွ်တမႈ႐ွိမွာမဟုတ္တဲ့အတြက္ အေမရိကန္က အသိအမွတ္ျပဳမွာမဟုတ္ဘူးလို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန အတိုင္ပင္ခံပုဂၢိဳလ္ Derek Chollet က ထပ္ေလာင္း အတည္ျပဳလိုက္ပါတယ္။

ျမန္မာစစ္တပ္ကို ႐ု႐ွားႏိုင္ငံက ေထာက္ခံအားေပးတာေတြတိုးလုပ္လာရင္ အေမရိကန္အေနနဲ႔ ျမန္မာျပည္သူေတြအေပၚ ကူညီေနတဲ့ က်ိဳးပမ္းမႈကို ႏွစ္ဆတိုးအားေပးသြားလို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန အတိုင္ပင္ခံပုဂၢိဳလ္ Derek Chollet (႐ိႈေလး) က ေျပာဆိုလိုက္ပါတယ္။ ေဒၚခင္စိုးဝင္းက အတိုင္ပင္ခံပုဂၢိဳလ္ Derek Chollet ကိူ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ သီးသန္႔ေတြ႔ဆုံေမးျမန္းထားပါတယ္။

VOA: မဂၤလာပါ႐ွင္။ က်မတို႔ VOA အေမရိကန္အသံကို ေတြ႔ဆုံေမးျမန္းခြင္ျပဳတဲ့အတြက္ မင္းရဲ႕အလုပ္မ်ားေနေပမဲ့ ေက်းဇူးအထူးတင္ပါတယ္။

Chollet: ဟုတ္ကဲ့။ က်ေနာ္ကလည္းေက်းဇူးတင္ပါတယ္။

VOA: ပထမဆုံးအေနနဲ႔ အေမရိကန္နဲ႔ျမန္မာ သံတမန္ဆက္ဆံေရးအေျခအေနကို ေမးပါရေစ။ အခု ရန္ကုန္အေမရိကန္သံ႐ုံးမွာ သံအမတ္ႀကီးအဆင့္မထားေတာ့ဘဲ ဒီႏွစ္ဆန္းကစၿပီး သံ႐ုံးယာယီတာဝန္ခံအဆင့္ေလွ်ာ့ခ်လိုက္ေတာ့ သံတမန္ဆက္ဆံေရး အဆင့္ႏွိမ့္လိုက္သလိုမ်ား ျဖစ္ေနသလားလို႔ပါ။

Chollet: လြန္ခဲ့တဲ့ ႏွစ္ႏွစ္နီးပါးက အာဏာသိမ္းခဲ့တာကို အေမရိကန္က ျပင္းျပင္းထန္ထန္ ႐ႈတ္ခ်ခဲ့တဲ့အတြက္ ျမန္မာ အစိုးရနဲ႔ က်ေနာ္တို႔ ဆက္ဆံေရး အေနအထားက အေတာ္ေလး အဆင္မေျပျဖစ္ခဲ့ပါတယ္။ ရက္စက္ၾကမ္းၾကဳတ္မႈေတြ က်ဴးလြန္ေနတဲ့ စစ္အစိုးရလက္ေအာက္မွာ ဆင္းရဲဒုကၡေရာက္ေနၾကတဲ့ ျမန္မာျပည္သူေတြနဲ႔ ဆက္ဆံေရးကေတာ့ သိပ္ခိုင္မာပါတယ္။ လက္႐ွိအခက္အခဲေတြကို ေက်ာ္လႊားၿပီး ျမန္မာႏိုင္ငံကို ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္လည္ေရာက္႐ွိေအာင္ ကူညီေဆာင္႐ြက္ေပးႏိုင္ဖို႔ ျမန္မာျပည္သူေတြအတြက္ ပိုမိုေတာက္ပတဲ့ အနာဂတ္ေဆာင္က်ဥ္းေပးႏိုင္ေအာင္ အေမရိကန္ျပည္ေထာင္စုက ကတိျပဳထားသလို အင္ဒို-ပစိဖိတ္ေဒသတစ္ခြင္႐ွိ က်ေနာ္တို႔ရဲ႕ မဟာမိတ္ေတြနဲ႔ လည္း ပူးေပါင္းေဆာင္႐ြက္ေနပါတယ္

VOA: သမၼတဘိုင္ဒင္ မၾကာေသးခင္က လက္မွတ္ေရးထိုးလိုက္တဲ့ NDAA အမ်ိဳးသားကာကြယ္ေရးအသုံးစရိတ္ဥပေဒမွာပါတဲ့ Burma Act ဥပေဒဟာ ျမန္မာျပည္သူအမ်ားစု ေမွ်ာ္လင့္ေစာင့္စားခဲ့ၾကတာျဖစ္ပါတယ္။ ဒီဥပေဒကို ျမန္မာျပည္သူအမ်ားစု နဲ႔ အတူ စစ္အာဏာ႐ွင္တန္႔က်င္ေရး ေတာ္လွန္ေရးအင္အားစုေတြက ႀကိဳဆိုၾကပါတယ္။ NUG, NUCC, PDF, CDM စတဲ့ ေတာ္လွန္ေရးအင္အားစုေတြနဲ႔ တိုင္းရင္းလက္နက္ကိုင္အဖြဲ႕အစည္းေတြအတြက္ ေဒၚလာ ၁၃၆ သန္းေက်ာ္ ပံ့ပိုးမယ့္အစီအစဥ္ကို ထိေရာက္ အက်ိဳး႐ွိေအာင္ အျမန္ဆုံး ဘယ္လိုအေကာင္အထည္ေဖၚသြားဖို႔႐ွိပါသလဲ သိပါရေစ။

Chollet: ပထမေျပာခ်င္တာကေတာ့ ဒီလိုအကူညီေတြက်ေနာ္တို႔ ေပးေနပါတယ္။ ျမန္မာႏိုင္ငံထဲက ဒီမိုကေရစီလိုလားတဲ့ အတိုက္အခံေတြ အတြက္ လူေသေစတဲ့ လက္နက္မပါပဲ အေထာက္အကူေတြ ေပးေနတာလည္း ႏွစ္အေတာ္ၾကာပါၿပီ။ NUG အမ်ိဳးသားညီၫြတ္ေရး အစိုးရနဲ႔ေရာ တိုင္းရင္းသား အဖြဲ႕စည္း တခ်ိဳ႕နဲ႔ပါ က်ေနာ္တို႔ ဆက္သြယ္ေဆာင္႐ြက္ေနပါတယ္။ ျမန္မာန္ိဳင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္လာဖို႔ သူတို႔ရဲ႕ ႀကိဳးစားမႈေတြအတြက္ က်ေနာ္တို႔ ဘယ္လို အကူညီေပးႏိုင္မယ္ဆိုတာေတြ ေဆြးေႏြးနေၾကပါတယ္။
မၾကာေသးမီကမွ လက္မွတ္ေရးထိုးလိုက္တဲ့ ျမန္မာႏိုင္ငံအက္ဥပေဒဟာ သမၼတ Biden အစိုးရက ျမန္မာျပည္သူေတြကို အခိုင္အမာ ေထာက္ခံေနတယ္ ဆိုတာကို ျပသလိုက္တာပါဘဲ။ ဒီဥပေဒ ျပဌာန္းႏိုင္ေရးအတြက္ ကြန္ဂရက္လႊတ္ေတာ္ႏွင့္ အနီးကပ္ ေဆာင္႐ြက္ခဲ့ရပါတယ္။ ပါတီႀကီးႏွစ္ရပ္ ဒီမိုကရက္နဲ႔ ရီပတ္ဘလီကန္ အတူတကြ ပူးေပါင္းေဆာင္႐ြက္ၾကၿပီး ႏွစ္ဖက္စလုံးရဲ႕ နက္နက္နဲနဲ ေထာက္ခံမႈကို ျပသႏိုင္ခဲ့တဲ့ လကၡဏာတစ္ရပ္ျဖစ္ပါတယ္။ အေမရိကန္ျပည္သူလူထုက ျမန္မာျပည္သူျပည္သားေတြအတြက္ ပံ့ပိုးကူညီမႈျဖစ္ၿပီး စစ္အစိုးရ လုပ္ေနတာေတြနဲ႔ ရပ္တည္ခ်က္နဲ႔ေတာ့ ဆန္႔က်င္ဘက္ပါဘဲ။

VOA: အခု Burma Act ဥပေဒအရ ဒီမိုကေရစီအင္အားစုေတြအတြက္ ရန္ပုံေငြ ေဒၚလာ ၁၃၆ သန္းေက်ာ္ ႐ွိတယ္။ ဒါေပမယ့္ ယူကရိန္းကိုေပးေနတဲ့ အေမရိကန္ရဲ႕ အကူအညီနဲ႔ ႏိႈင္းယွဥ္ရင္ မျဖစ္သေလာက္ေလးပါဘဲ။ ပါတယ္။ ဒါေပမယ့္ ေတာ္လွန္ေရးအဖြဲ႕ေတြအတြက္တင္မက စစ္အာဏာ႐ွင္ေတြရဲ႕ ႏွိပ္ကြပ္မႈေအာက္က ျပည္သူအားလုံးအတြက္ အားတက္စရာ။ စိတ္ဓါတ္ျမႇင့္တင္ေပးတဲ့ ပံ့ပိုးမႈေတြလို႔ ေျပာလို႔ရပါတယ္။

Chollet: ျမန္မာႏိုင္ငံဥပေဒ Burma act တခုတည္းဘဲ ျမန္မာျပည္အတြက္ လုပ္ေပးေနတာ မဟုတ္ဘူးဆိုတာ မွတ္သားထားဖို႔ အေရးႀကီးတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။
၂၀၁ရ ႏွစ္က ျမန္မာျပည္တြင္း ပဋိပကၡေတြနဲ႔ ဆက္ႏြယ္ၿပီးေဘးဒုကၡေရာက္ေနၾကသူေတြအတြက္ ဘဂၤလားေဒ့႐ွ္နဲ႔ ျမန္မာႏိုင္ငံကို အေမရိကန္က ေထာက္ပံ့ေငြ ေဒၚလာႏွစ္ဘီလီယံနီးပါး ေထာက္ပံ့ေပးခဲ့ပါတယ္။ ျမန္မာျပည္သူျပည္သားေတြနဲ႔ ဒီမိုကေရစီလိုလားတဲ့ အတိုက္အခံေတြကို ပံ့ပိုးေပးႏိုင္တဲ့ နည္းလမ္းေတြအတြက္လည္း ဆက္လက္ႀကိဳးစားသြားမွာျဖစ္ပါတယ္။

VOA: ဒီကိစၥနဲ႔ ဆက္စပ္လို႔ ဘဂၤလားေဒ့႐ွ္နဲ႔ ဆက္ဆံေရးကလည္းအေရးႀကီးပါတယ္။ ဘဂၤလားေဒ့႐ွ္က သန္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို လက္ခံေပးေနတာပါ။ တိုက္တိုက္ဆိုင္ဆိုင္ မၾကာေသးခင္က အေမရိကန္အမ်ိဳးသားလုံျခဳံေရးေကာင္စီ ကိုယ္စားလွယ္အဖြဲ႕က ဘဂၤလားေဒ့႐ွ္မွာ ခိုလႈံေနၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို သြားေရာက္‌ေတြ႕ဆုံခဲ့တာ သတင္းေတြမွာဖတ္လိုက္ရပါတယ္။ ျမန္မာ့အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ ဘဂၤလားေဒ့႐ွ္။ အိႏၵိယနဲ႔ထိုင္းဘက္ကို ျမန္မာဘက္က ေလေၾကာင္းကက်ဴးေက်ာ္တာေတြ၊ လက္နက္ႀကီးက်ည္က်တဲ့ သတင္းေတြထြက္ေနပါတယ္။ ျမန္မာစစ္တပ္က PDF ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ တိုင္းရင္းလက္နက္ကိုင္တပ္ဖြဲ႕ေတြနဲ႔ တိုက္ခိုက္ရာမွာ ေျမျပင္မွာ အႏိုင္မတိုက္ႏိုင္တာေၾကာင့္ ေလေၾကာင္းကေန ထိုးစစ္ဆင္ေနတာလို႔ သုံးသပ္ၾကပါတယ္။ ေလယာဥ္မပ်ံသန္းရဇုံသတ္မွတ္ဖို႔ ေတာင္းဆိုသံေတြလည္းၾကားေနရပါတယ္။ အေမရိကန္အေနနဲ႔ ေလယာဥ္မပ်ံသန္းရဇုံသတ္မွတ္ဖို႔ ကုလသမဂၢလုံျခဳံေရးေကာင္စီႏွင့္ ညႇိႏိႈင္းေဆာင္႐ြက္ဖို႔ ျဖစ္ႏိုင္ေခ်႐ွိပါသလား။

Chollet: အခု ကြၽန္ေတာ္တို႔အဲဒါကို စဥ္းစားေနတာ မဟုတ္ပါဘူး။ က်ေနာ္တို႔ ႀကိဳးစား႐ွာေဖြေနတာက ျမန္မာျပည္တြင္းက အေျခအေနကို ၿငိမ္းခ်မ္းစြာ ေျဖ႐ွင္းႏိုင္မယ့္ နည္းလမ္းပါပဲ။ ျမန္မာစစ္တပ္လုပ္ရပ္ေတြကို ျပင္းျပင္းထန္ထန္ ႐ႈတ္ခ်ပါတယ္။ ျမန္မာစစ္အစိုးရကို အာဆီယံအတြင္း အထီးက်န္အျဖစ္ ဆက္လက္႐ွိေနေစဖို႔။ အဓိကအာဆီယံအစည္းအေဝးေတြမွာ ႏိုင္ငံေရး ကိုယ္ စားလွယ္ေတြကို လက္မခံဖို႔ စတဲ့ အခ်ိဳ႕ေသာနည္းလမ္းေတြနဲ႔ အေရးယူေနတဲ့ အာဆီယံရဲ႕ ႀကိဳးပမ္းမႈေတြကို အျပည့္အဝ ေထာက္ခံပါတယ္။ ၀ါ႐ွင္တန္မွာက်င္းပတဲ့ အေမရိကန္အာဆီယံ ထိပ္သီးအစည္းအေဝးကို သမၼတဘိုင္ဒင္ကအိမ္႐ွင္အျဖစ္လက္ခံက်င္းပတုန္းက ျမမ္မာေနရာမွာ ထိုင္ခုံအလြတ္တလုံးထားၿပီး အာဆီယံေခါင္းေဆာင္ ကိုးဦးနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ဘာျဖစ္ဘို႔လည္းဆိုေတာ့ ျမန္မာႏိုင္ငံကို အဲဒီအစည္းအေဝးမွာ ႏိုင္ငံေရးအရ ပါဝင္ခြင့္မျပဳခဲ့ပါဘူး။ စစ္အစိုးရလက္လြတ္ဆုံး႐ႈံးလိုက္ရတဲ့ အခြင့္အေရးတရပ္လို႔ ကြၽန္ေတာ္တို႔ ယူဆပါတယ္။ ျမန္မာျပည္သူေတြဟာ သူတို႔ရဲ႕ အေျခခံအခြင့္အေရးေတြအတြက္ သတၱိ႐ွိ႐ွိနဲ႔ ကိုယ့္ၾကမၼာကိုယ္ေ႐ြးခ်ယ္ႏိုင္ဖို႔ မားမားမတ္မတ္ရပ္တည္ေနၾကတာ ေန႔စဥ္နဲ႔အမွ် ျမင္ေတြ႕ေနရပါတယ္။ စိတ္မေကာင္းစရာကေတာ့ စစ္တပ္ရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ေန႔တိုင္းလိုလို ကြၽန္ေတာ္တို႔ ျမင္ေတြ႕ေနရေတာ့ အဲဒါကို လက္ခံေနလို႔မျဖစ္ပါဘူး။

VOA: NDAA Burma Act ကို ျပန္ၾကည့္ပါရေစ။ ဆိုပါစို႔ ျမန္မာျပည္က လက္နက္ကိုင္ေတာ္လွန္းေရးအဖြဲ႕ေတြကို Non-lethal assistance တိုက္ခိုက္ေရးလက္နက္မဟုတ္တဲ့ နည္းပညာေတြကူမယ္ဆိုရင္ ျမန္မာစစ္တပ္ရဲ႕ မဟာမိတ္ ႐ု႐ွားကလက္စားေျခတဲ့အေနနဲ႔ ျမန္မာစစ္တပ္ကို ကူေကာင္းကူႏိုင္ပါတယ္။ အေမရိကန္က ယူကရိန္းကိုစစ္လက္နက္ပစၥည္းေတြ ကူညီေနတာဆိုေတာ့ေလ။ ႐ု႐ွားက ယူကရိန္းကို က်ဴးေက်ာ္ေတာ့ ျမန္မာစစ္အစိုးရက ႐ု႐ွားကိုေထာက္ခံခဲ့တာပါ။ ႐ု႐ွားစစ္ကို ပထမဆုံးေထာက္ခံခဲ့တဲ့ စစ္အစိုးရကို ႐ု႐ွားက ကူညီႏိုင္ပါတယ္။ ဘယ္လိုယူဆပါသလဲ။

Chollet: ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္း ကြၽန္ေတာ္တို႔ ျမင္ေတြ႕ခဲ့ရတာက စစ္အစိုးရနဲ႔ ေမာ္စကိုၾကားက ဆက္ဆံေရးဟာ ပိုအားေကာင္းလာတာ ျဖစ္ပါတယ္။ ႐ု႐ွားဟာ စစ္အစိုးရကို အႀကီးမားဆုံး ေထာက္ခံေနတာျဖစ္ပါတယ္။ စစ္အစိုးရကို ႐ု႐ွားကေက်ာေထာက္ေနာက္ခံေပးေနတာပါ။ ကြၽန္ေတာ္တို႔ ျပင္းျပင္းထန္ထန္ ႐ႈတ္ခ်ပါတယ္။ ႐ု႐ွားႏိုင္ငံဟာ ႏိုင္ငံတကာအသိုင္းအဝန္းတြင္ မိတ္ေဆြအလြန္နည္းေသာ အေနအထားမွာ႐ွိၿပီး စစ္အစိုးရဟာ ႐ု႐ွားအတြက္ ပိုမိုယုံၾကည္စိတ္ခ်ရေသာ မိတ္ေဆြေတြထဲက တစ္ဦးျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္မကုန္ခင္မွာပဲ ကုလသမဂၢ လုံျခဳံေရးေကာင္စီကေနတဆင့္ ျမန္မာ့အေရးကို က်ေနာ္တို႔ ဆက္ၿပီးေတာ့ တြန္းအားေပး ခဲ့ပါတယ္။ အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံအေရးကို ကုလသမဂၢလုံျခဳံေရးေကာင္စီက ပထမဆုံးအႀကိမ္ အေရးပါတဲ့ ဆုံးျဖတ္ခ်က္တစ္ခု ခ်မွတ္ႏိုင္ဖို႔ ကြၽႏ္ုပ္တို႔ရဲ႕ မိတ္ဖက္ေတြနဲ႔ လက္တြဲလုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီလိုနဲ႔ ႏွစ္ႏွစ္နီးပါးၾကာခ်ိန္မွာ ႐ု႐ွားက လုံျခဳံေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ မကန္႔ကြက္ဘဲ မဲမေပးဘဲေနခဲ့ပါတယ္။ က်ေနာ္တို႔က တခ်ိဳ႕အရာေတြကို ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ႏိုင္တယ္ဆိုတာကို လက္ေတြ႕ ျပသခဲ့ႏိုင္ခဲ့ပါတယ္။ တကယ္ေတာ့ လက္ေတြ႕မွာ ႐ု႐ွားနဲ႔ စစ္အစိုးရက အလြန္နီးစပ္ပါတယ္။ ဒီအတိုင္း ဆက္႐ွိေနမယ္လို႔ လည္း ခန္႔မွန္းရပါတယ္။ ဒါေပမဲ့ ဒါက အက်ပ္အတည္းကို ေျပလည္ေအာင္ေျဖ႐ွင္းႏိုင္ဖို႔ ေဒသတြင္းနဲ႔ ျပင္ပမွာ႐ွိတဲ့ ကြၽန္ေတာ္တို႔ရဲ႕ စိတ္တူကိုယ္တူ မဟာမိတ္ေတြနဲ႔ လက္တြဲၿပီး ျမန္မာျပည္သူျပည္သားေတြကို ပံ့ပိုးကူညီဖို႔ ႀကိဳးပမ္းမႈေတြကို ႏွစ္ဆတိုးလာေစမွာ ျဖစ္ပါတယ္။

VOA: ျမန္မာႏိုင္ငံအတြက္ အိမ္နီးနားခ်င္းႏိုင္ငံေတြက အေရးႀကီးပါတယ္။ ၾကာသပေတးေန႔က ျမန္မာစစ္ေခါင္းေဆာင္က ထိုင္းၾကည္းတပ္စစ္ဦးစီးခ်ဳပ္နဲ႔ ရခိုင္ ငပလီကမ္းေျခမွာေတြ႕ဆုံၾကပါတယ္။ ဘာေတြေဆြးေႏြးၾကတယ္ဆိုတာမသိရေသးေပမဲ့ ခန္႔မွန္းလို႔ရသေလာက္ ျမန္မာ့အတိုက္အခံေတြေရာ။ ဒုကၡသည္ေတြပါ ထိုင္းႏိုင္ငံမွာ႐ွိေနတဲ့ ကိစၥလည္းပါႏိုင္ပါတယ္။ ဝန္ႀကီးဘလင္ကန္ထိုင္းႏိုင္ငံကို လာတုန္းက အတိုင္ပင္ခံလည္းပါပါတယ္။ NUG နဲ႔ လက္နက္ကိုင္အဖြဲ႕ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဖို႔စီစဥ္ထားေပမဲ့ ထိုင္းေထာက္လွမ္းေရးရန္ကို ေၾကာက္လို႔ မေတြ႕ဆုံႏိုင္ဘူးလို႔ သိခဲ့ရပါတယ္၊ ဆိုေတာ့ ထိုင္းရဲ႕ အခန္းက႑ကို ဘယ္လိုမ်ား သုံးသပ္မိပါသလဲ။

Chollet: ထိုင္းႏိုင္ငံဟာ ျမန္မာႏိုင္ငံႏွင့္ အလြန္႐ွည္လ်ားေသာ နယ္နိမိတ္ခ်င္း ထိစပ္ေနၿပီး ျမန္မာ့အေရး သက္ေရာက္မႈနဲ႔ ပတ္သက္လို႔ အေတာ္ေလး စိုးရိမ္မိပါတယ္။ ထိုင္းႏိုင္ငံဟာ အေမရိကန္အတြက္ အေရးပါေသာ မိတ္ဖက္ႏိုင္ငံျဖစ္ၿပီး ႏွစ္ေပါင္းမ်ားစြာ ျမန္မာႏိုင္ငံက ဒုကၡသည္အက်ပ္အတည္းကို ေျဖ႐ွင္းေပးေနခဲ့တာ ဆယ္စုႏွစ္မ်ားစြာၾကာခဲ့ပါၿပီ။ ထိုင္းႏိုင္ငံဟာ အာဆီယံအတြင္း အဓိကက်တဲ့ မိတ္ဖက္ႏိုင္ငံျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ျမန္မာျပည္တြင္းက အေျခအေနကို ေျဖ႐ွင္းဖို႔ ႀကိဳးစားရင္းနဲ႔ ထိုင္းမိတ္ဖက္ေတြနဲ႔ အနီးကပ္ ပူးေပါင္းေဆာင္႐ြက္ဖို႔ ကြၽန္ေတာ္တို႔ အစြမ္းကုန္ႀကိဳးစားေနပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး တျခား အာဆီယံ မိတ္ဖက္ေတြနဲ႔လည္း ပူးေပါင္းလုပ္ေဆာင္ေနပါတယ္။ အာဏာသိမ္းၿပီး ၂ ႏွစ္ၾကာမွာ အာဆီယံႏိုင္ငံေတြ ခိုင္ခိုင္မာမာနဲ႔ စည္းလုံးညီၫြတ္မႈကို ထိန္းထားႏိုင္တာ ျမင္ေတြ႕ရၿပီး အာဆီယံႏွင့္ အေမရိကန္ျပည္ေထာင္စု ဩစေၾတးလ် ယူေက စတဲ့ႏိုင္ငံမ်ားက ႏိုင္ငံေတြအၾကား ျမန္မာျပည္ကို လုံျခဳံေအးခ်မ္းၿပီး ဒီမိုကေရစီလမ္းေၾကာင္းေပၚျပန္ေရာက္ေအာင္ ဝိုင္းၿပီးတြန္းအားေပးေနၾကပါတယ္။

VOA: ဟုတ္ကဲ့၊ ျမန္မာဒုကၡသည္တခ်ိဳ႕ တတိယႏိုင္ငံေတြမွာ အေျခခ်ေနထိုင္ခြင့္ ရထားၿပီး ထိုင္းမွာ ပိတ္မိေနတဲ့လူေတြ ေထာင္နဲ႔ခ်ီ႐ွိေနတယ္လို႔ သိရပါတယ္။ ထိုင္းအာဏာပိုင္ေတြက သူတို႔ကို ထြက္ခြာခြင့္မေပးတဲ့အတြက္ သက္ဆိုင္ရာႏိုင္ငံေတြသြားဖို႔ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ အေမရ္ကန္အေနနဲ႔ ညႇိႏိႈင္းေပးဖို႔ ျဖစ္ႏိုင္ေခ်႐ွိပါသလား။

Chollet: ကြၽန္ေတာ္ေျပာႏိုင္တာက ထိုင္းႏိုင္ငံဟာ ဒုကၡသည္အေရးကိစၥမွာ ကြၽန္ေတာ္တို႔နဲ႔ အလြန္ရင္းႏွီးတဲ့ မိတ္ဖက္ျဖစ္ခဲ့တာ ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ပါၿပီ။ ကြၽန္ေတာ္တို႔ အဆက္မျပတ္ေျပာေနတဲ့ ကိစၥျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေႏြဦးရာသီတုန္းက ထိုင္းျမန္မာနယ္စပ္ေဒသကို သြားေရာက္ေလ့လာႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ အၿမဲေျပာေနတဲ့ ကိစၥျဖစ္ၿပီး ထိုင္းႏိုင္ငံဟာ အလြန္ရင္းႏွီးၿပီး အေရးပါတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြလို႔ ေျပာႏိုင္ပါတယ္။

VOA: ေနာက္ဆုံးေမးခြန္းပါ။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီ Antony Bliknen က ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ အာဏာသိမ္းစစ္ေကာင္စီက်င္းပမယ့္ ေ႐ြးေကာက္ပြဲကို လက္မခံဖို႔ ၿပီးခဲ့တဲ့ August လက တိုက္တြန္းခဲ့ပါတယ္။ ဇန္နဝါရီလကုန္ပိုင္းမွာ ကာလုံအစည္းအေဝးေခၚယူဖို႔႐ွိၿပီး ေ႐ြးေကာက္ပြဲက်င္းပဖို႔အစီအစဥ္ေတြကို ထုတ္ျပန္ႏိုင္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရက VOA ကို ဇန္နဝါရီလ ၁၈ ရက္ေန႔ ကေျပာဆိုထားပါတယ္။ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေျခကို ဘယ္လိုမ်ား သုံးသပ္လို႔ရပါသလဲ။

Chollet: က်ေနာ္တို႔ အေနထားက အေျပာင္းအလဲ မ႐ွိပါဘူး။ ဒီေ႐ြးေကာက္ပြဲေတြဟာ လြတ္လပ္ၿပီး တရားမွ်တမႈ႐ွိမယ့္ အေနထားမဟုတ္ပါဘူး။ စစ္ေကာင္စီက သူတို႔တရားဝင္ျဖစ္ေရး အတြက္ႀကိဳးစားေနတာ၊ သူတို႔ခင္းထားတဲ့ လမ္းေၾကာင္းဟာ အဆင္ေျပတယ္ ဆိုတာျပဖို႔ လုပ္ေနတာကို ျမင္သာပါတယ္။ က်ေနာ္တို႔ အျမင္က သိပ္႐ွင္းပါတယ္။ လြတ္လပ္ၿပီး တရားမွ်တမႈ႐ွိတယ္လို႔ သတ္မွတ္ထားတဲ့ ေ႐ြးေကာက္ပြဲ တခုဟာ ၂၀၂၀ ႏိုဝင္ဘာမွာ က်င္းပခဲ့တယ္၊ စစ္ေကာင္စီက ဒီေ႐ြးေကာက္ပြဲ ရလဒ္ကို မႀကိဳက္ဘူး။ ဒါေၾကာင့္ ၂၀၂၁ ေဖေဖၚဝါရီ ၁ ရက္မွာ သူတို႔ အာဏာသိမ္းခဲ့တယ္။ အခုဆို ျမန္မာႏိုင္ငံရဲ႕ ထက္ဝက္ေလာက္ကို သူတို႔ ထိန္းခ်ဳပ္မထားႏိုင္တဲ့ အတြက္ ဘယ္လိုလုပ္ၿပီး ေ႐ြးေကာက္ပြဲေတြ က်င္းပ မလဲေတာ့ မသိပါဘူး။ ထင္႐ွားတဲ့ အတိုက္အခံ တိုင္းကို ေထာင္ခ်ထားၿပီး လြတ္လပ္ မွ်တတဲ့ ေ႐ြးေကာက္ပြဲက်င္းပဖို႔ ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ေနာက္ သတင္းလြတ္လပ္ခြင့္ကို အေမွာင္ခ်ထားၿပီး သတ္ျဖတ္မႈေတြ က်ဴးလြန္ေနတာပါ။ ဒါေၾကာင့္ တကယ္လို႔ သူတို႔က လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ လုပ္ဖို႔ ႀကိဳးစားႏိုင္တယ္ ထားအုံး၊ က်ေနာ္တို႔က သူတို႔ အေယာင္ေဆာင္ ေနတာေတြကို မသိက်ိဳးကြၽံလုပ္လို႔မရပါဘူး။

VOA: ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

==== Unicode =====

သတင်းလွတ်လပ်ခွင့်မရှိတဲ့ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ အတိုက်အခံတွေကိုအကျဉ်းချထားပြီး အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမှာမဟုတ်တဲ့အတွက် အမေရိကန်က အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က ထပ်လောင်း အတည်ပြုလိုက်ပါတယ်။

မြန်မာစစ်တပ်ကို ရုရှားနိုင်ငံက ထောက်ခံအားပေးတာတွေတိုးလုပ်လာရင် အမေရိကန်အနေနဲ့ မြန်မာပြည်သူတွေအပေါ် ကူညီနေတဲ့ ကျိုးပမ်းမှုကို နှစ်ဆတိုးအားပေးသွားလို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet (ရှိုလေး) က ပြောဆိုလိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းက အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet ကိူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

VOA: မင်္ဂလာပါရှင်။ ကျမတို့ VOA အမေရိကန်အသံကို တွေ့ဆုံမေးမြန်းခွင်ပြုတဲ့အတွက် မင်းရဲ့အလုပ်များနေပေမဲ့ ကျေးဇူးအထူးတင်ပါတယ်။

Chollet: ဟုတ်ကဲ့။ ကျနော်ကလည်းကျေးဇူးတင်ပါတယ်။

VOA: ပထမဆုံးအနေနဲ့ အမေရိကန်နဲ့မြန်မာ သံတမန်ဆက်ဆံရေးအခြေအနေကို မေးပါရစေ။ အခု ရန်ကုန်အမေရိကန်သံရုံးမှာ သံအမတ်ကြီးအဆင့်မထားတော့ဘဲ ဒီနှစ်ဆန်းကစပြီး သံရုံးယာယီတာဝန်ခံအဆင့်လျှော့ချလိုက်တော့ သံတမန်ဆက်ဆံရေး အဆင့်နှိမ့်လိုက်သလိုများ ဖြစ်နေသလားလို့ပါ။

Chollet: လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးက အာဏာသိမ်းခဲ့တာကို အမေရိကန်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တဲ့အတွက် မြန်မာ အစိုးရနဲ့ ကျနော်တို့ ဆက်ဆံရေး အနေအထားက အတော်လေး အဆင်မပြေဖြစ်ခဲ့ပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အစိုးရလက်အောက်မှာ ဆင်းရဲဒုက္ခရောက်နေကြတဲ့ မြန်မာပြည်သူတွေနဲ့ ဆက်ဆံရေးကတော့ သိပ်ခိုင်မာပါတယ်။ လက်ရှိအခက်အခဲတွေကို ကျော်လွှားပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ဖို့ မြန်မာပြည်သူတွေအတွက် ပိုမိုတောက်ပတဲ့ အနာဂတ်ဆောင်ကျဉ်းပေးနိုင်အောင် အမေရိကန်ပြည်ထောင်စုက ကတိပြုထားသလို အင်ဒို-ပစိဖိတ်ဒေသတစ်ခွင်ရှိ ကျနော်တို့ရဲ့ မဟာမိတ်တွေနဲ့ လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်

VOA: သမ္မတဘိုင်ဒင် မကြာသေးခင်က လက်မှတ်ရေးထိုးလိုက်တဲ့ NDAA အမျိုးသားကာကွယ်ရေးအသုံးစရိတ်ဥပဒေမှာပါတဲ့ Burma Act ဥပဒေဟာ မြန်မာပြည်သူအများစု မျှော်လင့်စောင့်စားခဲ့ကြတာဖြစ်ပါတယ်။ ဒီဥပဒေကို မြန်မာပြည်သူအများစု နဲ့ အတူ စစ်အာဏာရှင်တန့်ကျင်ရေး တော်လှန်ရေးအင်အားစုတွေက ကြိုဆိုကြပါတယ်။ NUG, NUCC, PDF, CDM စတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် ဒေါ်လာ ၁၃၆ သန်းကျော် ပံ့ပိုးမယ့်အစီအစဉ်ကို ထိရောက် အကျိုးရှိအောင် အမြန်ဆုံး ဘယ်လိုအကောင်အထည်ဖေါ်သွားဖို့ရှိပါသလဲ သိပါရစေ။

Chollet: ပထမပြောချင်တာကတော့ ဒီလိုအကူညီတွေကျနော်တို့ ပေးနေပါတယ်။ မြန်မာနိုင်ငံထဲက ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံတွေ အတွက် လူသေစေတဲ့ လက်နက်မပါပဲ အထောက်အကူတွေ ပေးနေတာလည်း နှစ်အတော်ကြာပါပြီ။ NUG အမျိုးသားညီညွတ်ရေး အစိုးရနဲ့ရော တိုင်းရင်းသား အဖွဲ့စည်း တချို့နဲ့ပါ ကျနော်တို့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။ မြန်မာန်ိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာဖို့ သူတို့ရဲ့ ကြိုးစားမှုတွေအတွက် ကျနော်တို့ ဘယ်လို အကူညီပေးနိုင်မယ်ဆိုတာတွေ ဆွေးနွေးနကြေပါတယ်။
မကြာသေးမီကမှ လက်မှတ်ရေးထိုးလိုက်တဲ့ မြန်မာနိုင်ငံအက်ဥပဒေဟာ သမ္မတ Biden အစိုးရက မြန်မာပြည်သူတွေကို အခိုင်အမာ ထောက်ခံနေတယ် ဆိုတာကို ပြသလိုက်တာပါဘဲ။ ဒီဥပဒေ ပြဌာန်းနိုင်ရေးအတွက် ကွန်ဂရက်လွှတ်တော်နှင့် အနီးကပ် ဆောင်ရွက်ခဲ့ရပါတယ်။ ပါတီကြီးနှစ်ရပ် ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် အတူတကွ ပူးပေါင်းဆောင်ရွက်ကြပြီး နှစ်ဖက်စလုံးရဲ့ နက်နက်နဲနဲ ထောက်ခံမှုကို ပြသနိုင်ခဲ့တဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ အမေရိကန်ပြည်သူလူထုက မြန်မာပြည်သူပြည်သားတွေအတွက် ပံ့ပိုးကူညီမှုဖြစ်ပြီး စစ်အစိုးရ လုပ်နေတာတွေနဲ့ ရပ်တည်ချက်နဲ့တော့ ဆန့်ကျင်ဘက်ပါဘဲ။

VOA: အခု Burma Act ဥပဒေအရ ဒီမိုကရေစီအင်အားစုတွေအတွက် ရန်ပုံငွေ ဒေါ်လာ ၁၃၆ သန်းကျော် ရှိတယ်။ ဒါပေမယ့် ယူကရိန်းကိုပေးနေတဲ့ အမေရိကန်ရဲ့ အကူအညီနဲ့ နှိုင်းယှဉ်ရင် မဖြစ်သလောက်လေးပါဘဲ။ ပါတယ်။ ဒါပေမယ့် တော်လှန်ရေးအဖွဲ့တွေအတွက်တင်မက စစ်အာဏာရှင်တွေရဲ့ နှိပ်ကွပ်မှုအောက်က ပြည်သူအားလုံးအတွက် အားတက်စရာ။ စိတ်ဓါတ်မြှင့်တင်ပေးတဲ့ ပံ့ပိုးမှုတွေလို့ ပြောလို့ရပါတယ်။

Chollet: မြန်မာနိုင်ငံဥပဒေ Burma act တခုတည်းဘဲ မြန်မာပြည်အတွက် လုပ်ပေးနေတာ မဟုတ်ဘူးဆိုတာ မှတ်သားထားဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။
၂၀၁ရ နှစ်က မြန်မာပြည်တွင်း ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီးဘေးဒုက္ခရောက်နေကြသူတွေအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကို အမေရိကန်က ထောက်ပံ့ငွေ ဒေါ်လာနှစ်ဘီလီယံနီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။ မြန်မာပြည်သူပြည်သားတွေနဲ့ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံတွေကို ပံ့ပိုးပေးနိုင်တဲ့ နည်းလမ်းတွေအတွက်လည်း ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်။

VOA: ဒီကိစ္စနဲ့ ဆက်စပ်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေးကလည်းအရေးကြီးပါတယ်။ ဘင်္ဂလားဒေ့ရှ်က သန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံပေးနေတာပါ။ တိုက်တိုက်ဆိုင်ဆိုင် မကြာသေးခင်က အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သွားရောက်‌တွေ့ဆုံခဲ့တာ သတင်းတွေမှာဖတ်လိုက်ရပါတယ်။ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်။ အိန္ဒိယနဲ့ထိုင်းဘက်ကို မြန်မာဘက်က လေကြောင်းကကျူးကျော်တာတွေ၊ လက်နက်ကြီးကျည်ကျတဲ့ သတင်းတွေထွက်နေပါတယ်။ မြန်မာစစ်တပ်က PDF ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ရာမှာ မြေပြင်မှာ အနိုင်မတိုက်နိုင်တာကြောင့် လေကြောင်းကနေ ထိုးစစ်ဆင်နေတာလို့ သုံးသပ်ကြပါတယ်။ လေယာဉ်မပျံသန်းရဇုံသတ်မှတ်ဖို့ တောင်းဆိုသံတွေလည်းကြားနေရပါတယ်။ အမေရိကန်အနေနဲ့ လေယာဉ်မပျံသန်းရဇုံသတ်မှတ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်ဖို့ ဖြစ်နိုင်ချေရှိပါသလား။

Chollet: အခု ကျွန်တော်တို့အဲဒါကို စဉ်းစားနေတာ မဟုတ်ပါဘူး။ ကျနော်တို့ ကြိုးစားရှာဖွေနေတာက မြန်မာပြည်တွင်းက အခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် နည်းလမ်းပါပဲ။ မြန်မာစစ်တပ်လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ မြန်မာစစ်အစိုးရကို အာဆီယံအတွင်း အထီးကျန်အဖြစ် ဆက်လက်ရှိနေစေဖို့။ အဓိကအာဆီယံအစည်းအဝေးတွေမှာ နိုင်ငံရေး ကိုယ် စားလှယ်တွေကို လက်မခံဖို့ စတဲ့ အချို့သောနည်းလမ်းတွေနဲ့ အရေးယူနေတဲ့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို အပြည့်အဝ ထောက်ခံပါတယ်။ ဝါရှင်တန်မှာကျင်းပတဲ့ အမေရိကန်အာဆီယံ ထိပ်သီးအစည်းအဝေးကို သမ္မတဘိုင်ဒင်ကအိမ်ရှင်အဖြစ်လက်ခံကျင်းပတုန်းက မြမ်မာနေရာမှာ ထိုင်ခုံအလွတ်တလုံးထားပြီး အာဆီယံခေါင်းဆောင် ကိုးဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဘာဖြစ်ဘို့လည်းဆိုတော့ မြန်မာနိုင်ငံကို အဲဒီအစည်းအဝေးမှာ နိုင်ငံရေးအရ ပါဝင်ခွင့်မပြုခဲ့ပါဘူး။ စစ်အစိုးရလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ အခွင့်အရေးတရပ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေအတွက် သတ္တိရှိရှိနဲ့ ကိုယ့်ကြမ္မာကိုယ်ရွေးချယ်နိုင်ဖို့ မားမားမတ်မတ်ရပ်တည်နေကြတာ နေ့စဉ်နဲ့အမျှ မြင်တွေ့နေရပါတယ်။ စိတ်မကောင်းစရာကတော့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို နေ့တိုင်းလိုလို ကျွန်တော်တို့ မြင်တွေ့နေရတော့ အဲဒါကို လက်ခံနေလို့မဖြစ်ပါဘူး။

VOA: NDAA Burma Act ကို ပြန်ကြည့်ပါရစေ။ ဆိုပါစို့ မြန်မာပြည်က လက်နက်ကိုင်တော်လှန်းရေးအဖွဲ့တွေကို Non-lethal assistance တိုက်ခိုက်ရေးလက်နက်မဟုတ်တဲ့ နည်းပညာတွေကူမယ်ဆိုရင် မြန်မာစစ်တပ်ရဲ့ မဟာမိတ် ရုရှားကလက်စားခြေတဲ့အနေနဲ့ မြန်မာစစ်တပ်ကို ကူကောင်းကူနိုင်ပါတယ်။ အမေရိကန်က ယူကရိန်းကိုစစ်လက်နက်ပစ္စည်းတွေ ကူညီနေတာဆိုတော့လေ။ ရုရှားက ယူကရိန်းကို ကျူးကျော်တော့ မြန်မာစစ်အစိုးရက ရုရှားကိုထောက်ခံခဲ့တာပါ။ ရုရှားစစ်ကို ပထမဆုံးထောက်ခံခဲ့တဲ့ စစ်အစိုးရကို ရုရှားက ကူညီနိုင်ပါတယ်။ ဘယ်လိုယူဆပါသလဲ။

Chollet: ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကျွန်တော်တို့ မြင်တွေ့ခဲ့ရတာက စစ်အစိုးရနဲ့ မော်စကိုကြားက ဆက်ဆံရေးဟာ ပိုအားကောင်းလာတာ ဖြစ်ပါတယ်။ ရုရှားဟာ စစ်အစိုးရကို အကြီးမားဆုံး ထောက်ခံနေတာဖြစ်ပါတယ်။ စစ်အစိုးရကို ရုရှားကကျောထောက်နောက်ခံပေးနေတာပါ။ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ရုရှားနိုင်ငံဟာ နိုင်ငံတကာအသိုင်းအဝန်းတွင် မိတ်ဆွေအလွန်နည်းသော အနေအထားမှာရှိပြီး စစ်အစိုးရဟာ ရုရှားအတွက် ပိုမိုယုံကြည်စိတ်ချရသော မိတ်ဆွေတွေထဲက တစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မကုန်ခင်မှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေတဆင့် မြန်မာ့အရေးကို ကျနော်တို့ ဆက်ပြီးတော့ တွန်းအားပေး ခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပထမဆုံးအကြိမ် အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ဖို့ ကျွန်ုပ်တို့ရဲ့ မိတ်ဖက်တွေနဲ့ လက်တွဲလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်နှစ်နီးပါးကြာချိန်မှာ ရုရှားက လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ မကန့်ကွက်ဘဲ မဲမပေးဘဲနေခဲ့ပါတယ်။ ကျနော်တို့က တချို့အရာတွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်တယ်ဆိုတာကို လက်တွေ့ ပြသခဲ့နိုင်ခဲ့ပါတယ်။ တကယ်တော့ လက်တွေ့မှာ ရုရှားနဲ့ စစ်အစိုးရက အလွန်နီးစပ်ပါတယ်။ ဒီအတိုင်း ဆက်ရှိနေမယ်လို့ လည်း ခန့်မှန်းရပါတယ်။ ဒါပေမဲ့ ဒါက အကျပ်အတည်းကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့ ဒေသတွင်းနဲ့ ပြင်ပမှာရှိတဲ့ ကျွန်တော်တို့ရဲ့ စိတ်တူကိုယ်တူ မဟာမိတ်တွေနဲ့ လက်တွဲပြီး မြန်မာပြည်သူပြည်သားတွေကို ပံ့ပိုးကူညီဖို့ ကြိုးပမ်းမှုတွေကို နှစ်ဆတိုးလာစေမှာ ဖြစ်ပါတယ်။

VOA: မြန်မာနိုင်ငံအတွက် အိမ်နီးနားချင်းနိုင်ငံတွေက အရေးကြီးပါတယ်။ ကြာသပတေးနေ့က မြန်မာစစ်ခေါင်းဆောင်က ထိုင်းကြည်းတပ်စစ်ဦးစီးချုပ်နဲ့ ရခိုင် ငပလီကမ်းခြေမှာတွေ့ဆုံကြပါတယ်။ ဘာတွေဆွေးနွေးကြတယ်ဆိုတာမသိရသေးပေမဲ့ ခန့်မှန်းလို့ရသလောက် မြန်မာ့အတိုက်အခံတွေရော။ ဒုက္ခသည်တွေပါ ထိုင်းနိုင်ငံမှာရှိနေတဲ့ ကိစ္စလည်းပါနိုင်ပါတယ်။ ဝန်ကြီးဘလင်ကန်ထိုင်းနိုင်ငံကို လာတုန်းက အတိုင်ပင်ခံလည်းပါပါတယ်။ NUG နဲ့ လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဖို့စီစဉ်ထားပေမဲ့ ထိုင်းထောက်လှမ်းရေးရန်ကို ကြောက်လို့ မတွေ့ဆုံနိုင်ဘူးလို့ သိခဲ့ရပါတယ်၊ ဆိုတော့ ထိုင်းရဲ့ အခန်းကဏ္ဍကို ဘယ်လိုများ သုံးသပ်မိပါသလဲ။

Chollet: ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနှင့် အလွန်ရှည်လျားသော နယ်နိမိတ်ချင်း ထိစပ်နေပြီး မြန်မာ့အရေး သက်ရောက်မှုနဲ့ ပတ်သက်လို့ အတော်လေး စိုးရိမ်မိပါတယ်။ ထိုင်းနိုင်ငံဟာ အမေရိကန်အတွက် အရေးပါသော မိတ်ဖက်နိုင်ငံဖြစ်ပြီး နှစ်ပေါင်းများစွာ မြန်မာနိုင်ငံက ဒုက္ခသည်အကျပ်အတည်းကို ဖြေရှင်းပေးနေခဲ့တာ ဆယ်စုနှစ်များစွာကြာခဲ့ပါပြီ။ ထိုင်းနိုင်ငံဟာ အာဆီယံအတွင်း အဓိကကျတဲ့ မိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်တွင်းက အခြေအနေကို ဖြေရှင်းဖို့ ကြိုးစားရင်းနဲ့ ထိုင်းမိတ်ဖက်တွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တခြား အာဆီယံ မိတ်ဖက်တွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်နေပါတယ်။ အာဏာသိမ်းပြီး ၂ နှစ်ကြာမှာ အာဆီယံနိုင်ငံတွေ ခိုင်ခိုင်မာမာနဲ့ စည်းလုံးညီညွတ်မှုကို ထိန်းထားနိုင်တာ မြင်တွေ့ရပြီး အာဆီယံနှင့် အမေရိကန်ပြည်ထောင်စု ဩစတြေးလျ ယူကေ စတဲ့နိုင်ငံများက နိုင်ငံတွေအကြား မြန်မာပြည်ကို လုံခြုံအေးချမ်းပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်အောင် ဝိုင်းပြီးတွန်းအားပေးနေကြပါတယ်။

VOA: ဟုတ်ကဲ့၊ မြန်မာဒုက္ခသည်တချို့ တတိယနိုင်ငံတွေမှာ အခြေချနေထိုင်ခွင့် ရထားပြီး ထိုင်းမှာ ပိတ်မိနေတဲ့လူတွေ ထောင်နဲ့ချီရှိနေတယ်လို့ သိရပါတယ်။ ထိုင်းအာဏာပိုင်တွေက သူတို့ကို ထွက်ခွာခွင့်မပေးတဲ့အတွက် သက်ဆိုင်ရာနိုင်ငံတွေသွားဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အမေရ်ကန်အနေနဲ့ ညှိနှိုင်းပေးဖို့ ဖြစ်နိုင်ချေရှိပါသလား။

Chollet: ကျွန်တော်ပြောနိုင်တာက ထိုင်းနိုင်ငံဟာ ဒုက္ခသည်အရေးကိစ္စမှာ ကျွန်တော်တို့နဲ့ အလွန်ရင်းနှီးတဲ့ မိတ်ဖက်ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ကျွန်တော်တို့ အဆက်မပြတ်ပြောနေတဲ့ ကိစ္စဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေဦးရာသီတုန်းက ထိုင်းမြန်မာနယ်စပ်ဒေသကို သွားရောက်လေ့လာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အမြဲပြောနေတဲ့ ကိစ္စဖြစ်ပြီး ထိုင်းနိုင်ငံဟာ အလွန်ရင်းနှီးပြီး အရေးပါတဲ့ လုပ်ဖော်ကိုင်ဖက်တွေလို့ ပြောနိုင်ပါတယ်။

VOA: နောက်ဆုံးမေးခွန်းပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီ Antony Bliknen က နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံဖို့ ပြီးခဲ့တဲ့ August လက တိုက်တွန်းခဲ့ပါတယ်။ ဇန်နဝါရီလကုန်ပိုင်းမှာ ကာလုံအစည်းအဝေးခေါ်ယူဖို့ရှိပြီး ရွေးကောက်ပွဲကျင်းပဖို့အစီအစဉ်တွေကို ထုတ်ပြန်နိုင်တယ်လို့ စစ်ကောင်စီပြောခွင့်ရက VOA ကို ဇန်နဝါရီလ ၁၈ ရက်နေ့ ကပြောဆိုထားပါတယ်။ ရွေးကောက်ပွဲကျင်းပနိုင်ခြေကို ဘယ်လိုများ သုံးသပ်လို့ရပါသလဲ။

Chollet: ကျနော်တို့ အနေထားက အပြောင်းအလဲ မရှိပါဘူး။ ဒီရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ့် အနေထားမဟုတ်ပါဘူး။ စစ်ကောင်စီက သူတို့တရားဝင်ဖြစ်ရေး အတွက်ကြိုးစားနေတာ၊ သူတို့ခင်းထားတဲ့ လမ်းကြောင်းဟာ အဆင်ပြေတယ် ဆိုတာပြဖို့ လုပ်နေတာကို မြင်သာပါတယ်။ ကျနော်တို့ အမြင်က သိပ်ရှင်းပါတယ်။ လွတ်လပ်ပြီး တရားမျှတမှုရှိတယ်လို့ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲ တခုဟာ ၂၀၂၀ နိုဝင်ဘာမှာ ကျင်းပခဲ့တယ်၊ စစ်ကောင်စီက ဒီရွေးကောက်ပွဲ ရလဒ်ကို မကြိုက်ဘူး။ ဒါကြောင့် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်မှာ သူတို့ အာဏာသိမ်းခဲ့တယ်။ အခုဆို မြန်မာနိုင်ငံရဲ့ ထက်ဝက်လောက်ကို သူတို့ ထိန်းချုပ်မထားနိုင်တဲ့ အတွက် ဘယ်လိုလုပ်ပြီး ရွေးကောက်ပွဲတွေ ကျင်းပ မလဲတော့ မသိပါဘူး။ ထင်ရှားတဲ့ အတိုက်အခံ တိုင်းကို ထောင်ချထားပြီး လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက် သတင်းလွတ်လပ်ခွင့်ကို အမှောင်ချထားပြီး သတ်ဖြတ်မှုတွေ ကျူးလွန်နေတာပါ။ ဒါကြောင့် တကယ်လို့ သူတို့က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ဖို့ ကြိုးစားနိုင်တယ် ထားအုံး၊ ကျနော်တို့က သူတို့ အယောင်ဆောင် နေတာတွေကို မသိကျိုးကျွံလုပ်လို့မရပါဘူး။

VOA: ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG