သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မဲေခါင္-လန္ခ်န္း တက္ေရာက္မႈ၊ အသိအမွတ္ျပဳတဲ့ လုပ္ရပ္အျဖစ္ စစ္ေကာင္စီသေဘာထား


Wang Yi, Chinese Foreign Minister တရုတ္ႏုိင္ငံျခား ေရး၀န္ႀကီး ၀မ္ယီ

ျမန္မာႏုိင္ငံမွာက်င္းပေနတဲ့ မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္ရြက္ေရး အစည္းအေ၀းကုိ တရုတ္ႏုိင္ငံျခားေရး၀န္ႀကီး အပါအ၀င္ ေဒသတြင္း ႏိုင္ငံေတြက ႏိုင္ငံျခားေရး၀န္ႀကီးေတြ တက္ေရာက္တာဟာ ျမန္မာႏုိင္ငံရဲ႔ အခ်ဳပ္အျခာအာဏာနဲ႔ အစိုးရကုိ အသိအမွတ္ျပဳတာ ျဖစ္တယ္လုိ႔ စစ္ေကာင္စီေျပာခြင့္ရ ပုဂၢိဳလ္က ေျပာလိုက္ပါတယ္။

Zawgyi/Unicode

မဲေခါင္-လန္ခ်န္း တက္ေရာက္မႈ၊ အသိအမွတ္ျပဳတဲ့ လုပ္ရပ္အျဖစ္ စစ္ေကာင္စီသေဘာထား

ျမန္မာႏုိင္ငံမွာက်င္းပေနတဲ့ မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္ရြက္ေရးအစည္းအေ၀းကုိ တရုတ္ႏုိင္ငံျခားေရး၀န္ႀကီး အပါအ၀င္ ေဒသတြင္းႏိုင္ငံေတြက ႏိုင္ငံျခားေရး၀န္ႀကီးေတြတက္ေရာက္ တာဟာ ျမန္မာႏုိင္ငံရဲ႔အခ်ဳပ္အျခာအာဏာနဲ႔ အစိုးရကုိအသိအမွတ္ျပဳတာျဖစ္တယ္လုိ႔ စစ္ေကာင္စီေျပာခြင့္ရပုဂၢိဳလ္က ေျပာလိုက္ပါတယ္။

အစည္းအေ၀း တက္ေရာက္လာတဲ့ ၀န္ႀကီးေတြဟာ နားလည္မႈ စာခၽြန္လႊာေတြနဲ႔ ကန္ထ႐ိုက္စာခ်ဳပ္ေတြကို လက္မွတ္ထိုးမွာ ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုခဲ့ေပမဲ့ အေသးစိတ္ေတာ့မေျပာဘူးလို႔ AP သတင္းက ေဖာ္ျပပါတယ္။

ျမန္မာ့ေရွးေဟာင္းၿမိဳ႔ေတာ္ ပုဂံေဒသက မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္ရြက္ေရးအစည္းအေ၀းကုိ တရုတ္ႏုိင္ငံျခား ေရး၀န္ႀကီး ၀မ္ယီ အပါအ၀င္၊ လာအုိ၊ ထုိင္း၊ ကေမၻာဒီးယား၊ ဗီယက္နမ္ ႏုိင္ငံေတြကႏုိင္ငံ ျခားေရး၀န္ႀကီးေတြတက္ေရာက္ၾကပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ျမန္မာႏိုင္ငံကို စေနေန႔က ေရာက္လာတဲ့ တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးဟာ ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႕၊ မေတြ႕ဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။

ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရကုိ ဖယ္ရွားၿပီး အာဏာသိမ္း အုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီကိုေတာ့ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက တရား၀င္ အသိအမွတ္ျပဳ လက္ခံဖို႔ ျငင္းဆန္ထားသလို၊ ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာ အဖဲြ႕အစည္းေတြမွာ ကိုယ္စားလွယ္ ခန္႔အပ္တာေတြကိုလည္း ဆိုင္းငံ့ထားပါတယ္။ တခ်ိန္တည္းမွာပဲ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖဲြ႕စည္းထားတဲ့ NUG အမ်ဳိးသား ညီၫြတ္ေရးအစိုးရကလည္း ႏိုင္ငံတကာက အသိအမွတ္ျပဳ လက္ခံဖို႔ ႀကိဳးပမ္းေနတာပါ။ အာဏာသိမ္း အုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီကို လက္မခံၾကတဲ့ အေမရိကန္ အပါအ၀င္ အေနာက္ႏိုင္ငံေတြနဲ႔ အာဆီယံ အသင္း၀င္ ႏိုင္ငံတခ်ဳိ႕ကေတာ့ NUG ကိုယ္စားလွယ္ေတြနဲ႔ ထိေတြ႕ဆက္ဆံမႈေတြ ရွိေနသလို၊ အေနာက္ႏိုင္ငံေတြနဲ႔ သေဘာထား မတူၾကတဲ့ တ႐ုတ္၊ ႐ုရွား စတဲ့ ႏိုင္ငံေတြကလည္း ျမန္မာစစ္ေကာင္စီနဲ႔ ဆက္ဆံေနတာ ျဖစ္ပါတယ္။

##

တိုက္႐ိုက္ လင့္ခ္

မဲခေါင်-လန်ချန်း တက်ရောက်မှု၊ အသိအမှတ်ပြုတဲ့ လုပ်ရပ်အဖြစ် စစ်ကောင်စီသဘောထား

မြန်မာနိုင်ငံမှာကျင်းပနေတဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး အပါအဝင် ဒေသတွင်းနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက် တာဟာ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ အစိုးရကိုအသိအမှတ်ပြုတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။

အစည်းအဝေး တက်ရောက်လာတဲ့ ဝန်ကြီးတွေဟာ နားလည်မှု စာချွန်လွှာတွေနဲ့ ကန်ထရိုက်စာချုပ်တွေကို လက်မှတ်ထိုးမှာ ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပေမဲ့ အသေးစိတ်တော့မပြောဘူးလို့ AP သတင်းက ဖော်ပြပါတယ်။

မြန်မာ့ရှေးဟောင်းမြို့တော် ပုဂံဒေသက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို တရုတ်နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယီ အပါအဝင်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတွေကနိုင်ငံ ခြားရေးဝန်ကြီးတွေတက်ရောက်ကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို စနေနေ့က ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့၊ မတွေ့ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်း အုပ်ချုပ်နေတဲ့ စစ်ကောင်စီကိုတော့ နိုင်ငံတော်တော်များများက တရားဝင် အသိအမှတ်ပြု လက်ခံဖို့ ငြင်းဆန်ထားသလို၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ကိုယ်စားလှယ် ခန့်အပ်တာတွေကိုလည်း ဆိုင်းငံ့ထားပါတယ်။ တချိန်တည်းမှာပဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းထားတဲ့ NUG အမျိုးသား ညီညွတ်ရေးအစိုးရကလည်း နိုင်ငံတကာက အသိအမှတ်ပြု လက်ခံဖို့ ကြိုးပမ်းနေတာပါ။ အာဏာသိမ်း အုပ်ချုပ်နေတဲ့ စစ်ကောင်စီကို လက်မခံကြတဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ အာဆီယံ အသင်းဝင် နိုင်ငံတချို့ကတော့ NUG ကိုယ်စားလှယ်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိနေသလို၊ အနောက်နိုင်ငံတွေနဲ့ သဘောထား မတူကြတဲ့ တရုတ်၊ ရုရှား စတဲ့ နိုင်ငံတွေကလည်း မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG