သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပုဂံမွာက်င္းပမယ့္ လန္ခ်န္း-မဲေခါင္ အစည္းအေ၀း တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီး ဦးေဆာင္မည္


(မွတ္တမ္း ဓါတ္ပုံေဟာင္း) ၂၀၁၈ ကေမ႓ာဒီးယားႏိုင္ငံမွာ က်င္းပခဲ့သည့္ Lancang-Mekong ညီလာခံ

[[ ZAWGYI / UNICODE ]]

ပုဂံမွာက်င္းပမယ့္ လန္ခ်န္း-မဲေခါင္ အစည္းအေ၀း တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီး ဦးေဆာင္မည္

ျမန္မာႏိုင္ငံ ပုဂံမွာ စေနေန႔စတင္မယ့္ လန္ခ်န္း-မဲေခါင္ ပူးေပါင္းေဆာင္ရြက္ေရး ႏိုင္ငံျခားေရး၀န္ႀကီး အစည္းအေ၀းကို တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီး Wang Yi ဦးေဆာင္က်င္းပမယ့္အေၾကာင္း တ႐ုတ္ႏိုင္ငံက ေျပာလိုက္ပါတယ္။ ဇူလိုင္လ ၃ ရက္ေန႔ကေန ၁၄ ရက္ေန႔အထိ အေရွ႕ေတာင္အာရွ ၅ ႏိုင္ငံ ခရီးစဥ္တစိတ္တပိုင္းအျဖစ္ ျမန္မာႏိုင္ငံကို သြားေရာက္မွာျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ေျပာဆိုလိုက္တာပါ။

“ျမန္မာႏိုင္ငံမွာ က်င္းပမယ့္ ၇ ႀကိမ္ေျမာက္ လန္ခ်န္း-မဲေခါင္ ပူးေပါင္းေဆာင္ရြက္ေရး ႏိုင္ငံျခားေရး၀န္ႀကီး အစည္းအေ၀းမွာ Wang Yi က ဥကၠ႒အျဖစ္ တက္ေရာက္မွာ ျဖစ္ပါတယ္။” လို႔ တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရ Zhao Lijian က ေသာၾကာေန႔ ေဘဂ်င္းၿမိဳ႕ေတာ္က သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုသြားတာပါ။

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလက စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ပထမဆုံး တ႐ုတ္ႏိုင္ငံက အဆင့္ျမင့္တာ၀န္ရွိသူ တဦးရဲ႕ ခရီးစဥ္အတြင္း ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႕ဆုံဖို႔ မေသခ်ာဘူးလို႔လည္း ဒီသီတင္းပတ္ထဲမွာပဲ စစ္ေကာင္စီေျပာခြင့္ရက ေျပာဆိုထားပါတယ္။

တ႐ုတ္ႏိုင္ငံက လန္ခ်န္းလို႔ေခၚတဲ့ မဲေခါင္ျမစ္ ေဒသက ႏိုင္ငံေတြ ပါ၀င္တဲ့ လန္ခ်န္း-မဲေခါင္ ပူးေပါင္းေဆာင္ရြက္ေရး အဖဲြ႕ကိုေတာ့ တ႐ုတ္ႏိုင္ငံက ဦးေဆာင္ဖဲြ႕စည္းထားတာပါ။ အစည္းအေ၀းပဲြ က်င္းပမယ့္ ပုဂံေဒသတဝိုက္ကိုေတာ့ မၾကာေသးခင္ ရက္ေတြကပဲ လုံျခံဳေရးေတြ တိုးျမႇင့္ထားတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

{{ UNICODE }}

ပုဂံမှာကျင်းပမယ့် လန်ချန်း-မဲခေါင် အစည်းအဝေး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်မည်

မြန်မာနိုင်ငံ ပုဂံမှာ စနေနေ့စတင်မယ့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဦးဆောင်ကျင်းပမယ့်အကြောင်း တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။ ဇူလိုင်လ ၃ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ အရှေ့တောင်အာရှ ၅ နိုင်ငံ ခရီးစဉ်တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်တာပါ။

“မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၇ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ Wang Yi က ဥက္ကဋ္ဌအဖြစ် တက်ရောက်မှာ ဖြစ်ပါတယ်။” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Zhao Lijian က သောကြာနေ့ ဘေဂျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံက အဆင့်မြင့်တာဝန်ရှိသူ တဦးရဲ့ ခရီးစဉ်အတွင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ မသေချာဘူးလို့လည်း ဒီသီတင်းပတ်ထဲမှာပဲ စစ်ကောင်စီပြောခွင့်ရက ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံက လန်ချန်းလို့ခေါ်တဲ့ မဲခေါင်မြစ် ဒေသက နိုင်ငံတွေ ပါဝင်တဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကိုတော့ တရုတ်နိုင်ငံက ဦးဆောင်ဖွဲ့စည်းထားတာပါ။ အစည်းအဝေးပွဲ ကျင်းပမယ့် ပုဂံဒေသတဝိုက်ကိုတော့ မကြာသေးခင် ရက်တွေကပဲ လုံခြုံရေးတွေ တိုးမြှင့်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG