သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအထူးသံ ခရီးအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့တွေ့ဖို့ရှိ


ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နဲ့မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn မြန်မာ့နိုင်ငံ လူသားချင်းစာနာမှုအကူအညီပေးရေး ဆွေးနွေးစဉ်။ (မေ ၆၊၂၀၂၂)
ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နဲ့မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn မြန်မာ့နိုင်ငံ လူသားချင်းစာနာမှုအကူအညီပေးရေး ဆွေးနွေးစဉ်။ (မေ ၆၊၂၀၂၂)

{{Zawgyi/Unicode}}

မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ မနက်ဖြန် ဇွန်လ ၂၉ ရက်ကနေ နောက်လ ၃ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေပါတယ်။ ခရီးစဉ်အတွင်း ပုဂံမှာလုပ်မယ့် ဒေသတွင်းအစည်းအဝေးကို တက်ရောက်ဖို့ရှိသလို အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စတွေလည်း ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက် ဆော့ခွန်းရဲ့မြန်မာခရီးစဉ်ဟာ မနက်ဖြန်မှာ စတင်မှာဖြစ်ပါတယ်။ အထူးသံတမန်ဟာ မနက်ဖြန် ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၃ ရက်အထိ မြန်မာနိုင်ငံမှာ ကြာမြင့်မှာပါ။

ဒီခရီးစဉ်အတွင်း နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ တွေ့ဆုံဖို့ရှိပြီး ပုဂံဒေသမှာ လုပ်မယ့် မဲခေါင်- လန်ချန်း ဒေသတွင်းဆွေးနွေးပွဲတခုကိုပါတက်ရောက်ဖို့ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“သူကတော့ ရောက်ပြီးရင် နောက်တနေ့မှာတော့ နိုင်ငံခြားရေးဝန်ကြီးတို့၊ တွေ့ဆုံသင့်တဲ့ အစိုးရအဖွဲ့တွေနဲ့တွေ့ပါမယ်။ အဲနေ့မှာပဲ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ဝန်ကြီးချုပ်နဲ့လည်းတွေ့ဖို့များပါတယ်။ နောက်တရက်မှာတော့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တောင်းဆိုထားတဲ့အတိုင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အာဆီယံ envoy အနေနဲ့ပါဖို့ တွေ့သင့်တွေ့ထိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်တွေနဲ့ တွေ့ပါမယ်။ ပြီးရင်တချို့သောနိုင်ငံရေးပါတီတွေနဲ့တွေ့ဖို့ရှိပါမယ်။ ၃ ရက်နေ့ထိနေမှာတော့ မှန်ပါတယ်။ ၃ ရက်နေ့မှာတော့ ပုဂံမှာ မဲခေါင် -လန်ချန်း ဆွေးနွေးပွဲရှိပါမယ်။ အဲကို JOIN ပါလိမ့်မယ်။”

တွေ့ဆုံမယ့် နိုင်ငံရေးပါတီတွေနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အမည်တွေအပြင် သူ့ခရီးစဉ်အသေးစိတ်ကိုလည်း လုံခြုံရေးအရ မထုတ်ပြန်သေးပါဘူး။ အခု ခရီးစဉ်ဟာ အထူးသံရဲ့ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် ခရီးစဉ်လည်း ဖြစ်ပါတယ်။

ဒီ ခရီးစဉ်အတွင်း မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေကြားရထားတဲ့ ဘုံသဘောတူညီချက် အထမြောက်ရေး ဆောင်ရွက်တဲ့အပိုင်းမှာ တိုးတက်မှုအခြေအနေ၊ နောက် ဖနွမ်းပင်မြို့မှာ ပြီးခဲ့တဲ့မေလဆန်းတုန်းက ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေး ဆိုင်ရာတိုင်ပင်ဆွေးနွေးမှု အစည်းအဝေးရလာဒ်တွေကိစ္စကို အဓိကထားဆွေးနွေးဖို့ရှိတယ်လို့ ကမ္ဘောဒီးယားဘက်ကရော စစ်ကောင်စီဘက်ကပါ ထုတ်ပြန်ပြောဆိုထားပါတယ်။

အာဆီယံဘက်က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာ မြန်မာ့အရေးငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံးနဲ့တွေ့ဆုံခွင့်ရနိုင်ရေးလည်း ပါဝင်ထားပါ တယ်။ ဒီအချက်ကြောင့် အထူးသံဘက်က သူ့ခရီးစဉ်တွေမှာ မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့ တောင်းထားပါတယ်။ စစ်ကောင်စီဘက်ကတော့ အရင်အခေါက် သဘောထားအတိုင်း တွေ့ခွင့်ပေးဖို့မရှိဘူးလို့ ဗွီအိုအေကို တုံ့ပြန်ပြောဆိုပါတယ်။

“ကျနော်တို့ပြောပြီးသားအတိုင်းပါပဲ။ တရားဥပဒေရင်ဆိုင်နေရဆဲနဲ့ တရားဥပဒေနဲ့ အရေးယူခံထား ရသူတွေနဲ့ တွေ့ဆုံဖို့ကတော့ ကန့်သတ်ချက်ရှိမှာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ အာဆီယံအထူးသံ ပထမအကြိမ်မြန်မာခရီးစဉ်မှာ ရလဒ်ကောင်းတွေ ထူးထူးခြားခြားမရှိခဲ့ပါဘူး။ အခု ဒုတိယအခေါက်မှာတော့ အရင်ကထက်တော့ လက်ဆုပ်လက်ကိုင်ရလဒ်တခုရဖို့ မျှော်လင့်တယ်လို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာခင်ဇော်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“နှစ်စကလာတဲ့အခေါက်တွေနဲ့နှိုင်းယှဉ်ကြည့်ရင် ဒီတခေါက်က နည်းနည်းလေးပြီးတော့ ရလာဒ်က လက်ဆုပ်လက်ကိုင်ဖြစ်လာနိုင်တယ်ပေါ့။သိပ်တော့လည်း မမျှော်တာကောင်းမယ်-ရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်၊ ...ပိုပြီးတော့အလုပ်ဖြစ်မယ်လို့တော့ ထင်ပါတယ်။”
အာဆီယံအထူးသံဟာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပေးဖို့အပြင် ကာယကံရှင်ရဲ့အသက်အရွယ်နဲ့ ကျန်းမာရေးကို ထောက်ရှုပြီး လက်ရှိ ထိန်းသိမ်းထားတဲ့ နေပြည်တော်အချုပ်ထောင်ကနေ အရင်ထိန်းသိမ်းတဲ့နေရာကို ပြန်ပို့ဖို့ စစ်ကောင်စီကို မနေ့ကပဲ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}












XS
SM
MD
LG