တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi ဟာ မဲေခါင္-လန္ခ်န္းအစည္းအေဝး တတ္ေရာက္ဖို႔ ျမန္မာႏိုင္ငံ ပုဂံေညာင္ဦးကို ေရာက္ရွိလာၿပီလို႔ ေဒသတြင္း သတင္းေတြအရ သိရပါတယ္။ ၇ ႀကိမ္ေျမာက္ က်င္းပတဲ့ မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္ေရး အစည္းအေဝးကို ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပတာ ျဖစ္ၿပီး၊ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဟာ ဒီအစည္းအေဝးကို ပူးတြဲဦးေဆာင္စည္းေဝးသြားမယ္လို႔ သိရပါတယ္။ အျခား မဲေခါင္းျမစ္ဝွမ္းႏိုင္ငံေတြျဖစ္တဲ့ ဗီယက္နာမ္၊ ထိုင္း၊ လာအို၊ ကေမာၻဒီယားနဲ႔ ျမန္မာႏိုင္ငံက ႏိုင္ငံျခားေရးဝန္ႀကီးေတြလည္း ဒီ အစည္းအေဝးကို တတ္ေရာက္ဖို႔ ရွိေနပါတယ္။
ျမန္မာႏိုင္ငံကို ေရာက္လာတဲ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi အေနနဲ႔ ျမန္မာစစ္ေကာင္စီအႀကီးအကဲနဲ႔ ေတြ႔ဆုံဖို႔ ရွိမရွိဆိုတာေတာ့ မသိရေသးပါဘူး။ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း၊ တ႐ုတ္ႏိုင္ငံဘက္က အႀကီးဆုံးတာဝန္ရွိသူတဦး ျမန္မာႏိုင္ငံကို လာေရာက္တာ ပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။ မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္ေရးအစီအစဥ္ကို ၂၀၁၆ ခုႏွစ္က စတင္ခဲ့တာျဖစ္ၿပီး၊ ေဒသတြင္း ဖြံၿဖိဳးတိုးတက္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္တာ ရည္႐ြယ္ခဲ့တာပါ။ အခု မဲေခါင္-လန္ခ်န္း ပူးေပါင္းေဆာင္႐ြက္ေရးအစည္းအေဝးကို ဇူလႈိင္ (၂) ရက္ေန႔ကေန (၅) ရက္ေန႔အထိ က်င္းပသြားဖို႔ရွိတယ္လို႔လည္း သိရပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ဒီခရီးစဥ္အတြင္းမွာေတာ့ ျမန္မာနဲ႔ တ႐ုတ္ႏိုင္ငံအၾကား သေဘာတူညီခ်က္စာခ်ဳပ္တခ်ိဳ႕ ခ်ဳပ္ဆိုသြားဖို႔ ရွိတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုထားပါတယ္။
===Unicode ===
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ မဲခေါင်-လန်ချန်းအစည်းအဝေး တတ်ရောက်ဖို့ မြန်မာနိုင်ငံ ပုဂံညောင်ဦးကို ရောက်ရှိလာပြီလို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။ ၇ ကြိမ်မြောက် ကျင်းပတဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတာ ဖြစ်ပြီး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီအစည်းအဝေးကို ပူးတွဲဦးဆောင်စည်းဝေးသွားမယ်လို့ သိရပါတယ်။ အခြား မဲခေါင်းမြစ်ဝှမ်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နာမ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီယားနဲ့ မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေလည်း ဒီ အစည်းအဝေးကို တတ်ရောက်ဖို့ ရှိနေပါတယ်။
မြန်မာနိုင်ငံကို ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi အနေနဲ့ မြန်မာစစ်ကောင်စီအကြီးအကဲနဲ့ တွေ့ဆုံဖို့ ရှိမရှိဆိုတာတော့ မသိရသေးပါဘူး။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း၊ တရုတ်နိုင်ငံဘက်က အကြီးဆုံးတာဝန်ရှိသူတဦး မြန်မာနိုင်ငံကို လာရောက်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို ၂၀၁၆ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး၊ ဒေသတွင်း ဖွံဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်တာ ရည်ရွယ်ခဲ့တာပါ။ အခု မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို ဇူလှိုင် (၂) ရက်နေ့ကနေ (၅) ရက်နေ့အထိ ကျင်းပသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဉ်အတွင်းမှာတော့ မြန်မာနဲ့ တရုတ်နိုင်ငံအကြား သဘောတူညီချက်စာချုပ်တချို့ ချုပ်ဆိုသွားဖို့ ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။