သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော ဗီယက်နမ်မှာဆိုက်ကပ်


The USS Ronald Reagan, a US Navy Nimitz-class nuclear-powered aircraft carrier, pulls into port in Danang on June 25, 2023.
The USS Ronald Reagan, a US Navy Nimitz-class nuclear-powered aircraft carrier, pulls into port in Danang on June 25, 2023.

ဗီယက်နမ် ရေပိုင်နက်မှာ တရုတ်သင်္ဘောတွေ ဖြတ်သန်းမောင်းနှင်ခဲ့တဲ့အပေါ် ဗီယက်နမ်အစိုးရက ကန့်ကွက်ရှုတ်ချခဲ့ပြီး သီတင်းပတ်တွေအကြာ အမေရိကန် လေယာဉ်တင်သင်္ဘောဟာ ဗီယက်နမ်အလယ်ပိုင်း ဒါနန်မြို့ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ဆိုက်ကပ်ခဲ့ပါတယ်။

အမေရိကန်နဲ့ ဗီယက်နမ် နှစ်နိုင်ငံ ဘက်စုံမိတ်ဖက်ဆက်ဆံရေး ၁၀ နှစ်ပြည့်မြောက်တဲ့ နေ့အထိမ်းအမှတ်အဖြစ် အခုလို USS Ronald Reagan လို့ အမည်ပေးထားတဲ့ လေယာဉ်တင်သင်္ဘောကြီးဟာ ဒါနန်ဆိပ်ကမ်းကို ရောက်ရှိလာတာပါ။

လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ပေါ်လာရေး အမေရိကန်က ပံ့ပိုးပေးနေတဲ့ အစီအစဉ် တစိတ်တပိုင်းအဖြစ် ဒီလေယာဉ်တင်သင်္ဘောကြီးဟာ အစောင့်အကြပ်အဖြစ် လိုက်ပါလာတဲ့ USS Antietam နဲ့ USS Robert Smalls နှစ်စင်းအနဲ့အတူ ရောက်ရှိလာတာဖြစ်တယ်လို့ ဟနွိုင်းမြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက ပြောပါတယ်။ ဒီလေယာဉ်တင်သင်္ဘောကြီးမှာ အမေရိကန်ရေတပ်သား ၅၀၀၀ ကျော်လိုက်ပါလာပါတယ်။

တနင်္ဂနွေမွန်းလဲပိုင်းမှာတော့ အဲဒီလေယာဉ်တင်သင်္ဘောမှာ လိုက်ပါလာတဲ့ အမေရိကန်ရေတပ်အရာရှိတွေကို ဗီယက်နမ်စစ်ဘက်အရာရှိတွေ က ကြိုဆိုနှုတ်ဆက်တဲ့ အခမ်းအနားပြုလုပ်ခဲ့ပါတယ်။

ဗီယက်နမ်နဲ့ အမေရိကန် နှစ်နိုင်ငံအနေနဲ့ ပိုမိုနီးကပ်တဲ့ ကုန်သွယ်မှုကို တိုးမြှင့်လာသလို ဒေသတွင်း တရုတ်ရဲ့အင်အားကြီးထွားလာမှုအပေါ်မှာလည်း စိုးရိမ်နေကြပါတယ်။ တောင်တရုတ်ပင်လယ်က ဗီယက်နမ်ရဲ့ သီးသန့်စီးပွားရေးဇုန်ပိုင်နက်မှာ တရုတ်ကမ်းရိုးတန်းစောင့် သင်္ဘောတွေနဲ့ ငါးဖမ်းသင်္ဘောတွေဟာ သီတင်းပတ်ပေါင်းများစွာ ဖြတ်သန်းမောင်းနှင်နေတာကြောင့် ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ သူတို့ပိုင်နက်ထဲကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့တဲ့ အခြေအနေထိ ရောက်ခဲ့ပါတယ်။

ရေပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ သယံဇာတပေါကြွယ်တဲ့ ရေလမ်းကြောင်းအများစုကိုတော့ သူတို့ပိုင်နက်အဖြစ် တရုတ်က တောင်းဆိုထားပါတယ်။

XS
SM
MD
LG