သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကျော်မိုးထွန်း ကုလ တာဝန်ဆက်ထမ်းဆောင်ရေး ပြည်ပရောက် မြန်မာတွေတောင်းဆို


သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလတာဝန် ဆက်ထမ်းဆောင်ရေး အမေရိကန်ရောက် မြန်မာတွေတောင်းဆိုဆန္ဒပြ (၁၆ စက်တင်ဘာ ၂၀၂၃) photo: C J
သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလတာဝန် ဆက်ထမ်းဆောင်ရေး အမေရိကန်ရောက် မြန်မာတွေတောင်းဆိုဆန္ဒပြ (၁၆ စက်တင်ဘာ ၂၀၂၃) photo: C J


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်တာဝန်ကို လက်ရှိ သံအမတ်ကြီးဖြစ်တဲ့ ဦးကျော်မိုးထွန်းကိုပဲ အခုကျင်းပတဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံက ဆက်လက် အတည်ပြုပေးဖို့ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ စနေနေ့က မြန်မာတွေ ဆန္ဒပြတောင်းဆိုကြသလို၊ ဗြိတိန်နိုင်ငံ လန်ဒန်နဲ့ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ တွေမှာလည်း မြန်မာတွေ ဆန္ဒဖေါ်ထုတ် တောင်းဆိုခဲ့ကြပါတယ်။

ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက် တာဝန်ထမ်းဆောင်စေချင်တဲ့အကြောင်း အမ်စတာဒမ်မြို့ဆန္ဒပြပွဲမှာ မခင်ပြည့်စုံက ပြောသွားပါတယ်။

" မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လာထောက်ခံတာဖြစ်ပါတယ်။ ဒီနေ့ ရောင်းလို့ရတဲ့ ရန်ပုံငွေတွေ အားလုံးကို မြန်မာပြည်နွေဦးတော်လှန်းရေးအတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်ရှင်။ "

စက်တင်ဘာလ ၁၈ ရက်ကနေ ၂၆ ရက်နေ့ထိ နယူးယောက်မြို့မှာ ကျင်းပမယ့် (၇၈)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဦးကျော်မိုးထွန်းကို အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ထားမလား ၊ စစ်ကောင်စီ တင်သွင်းမယ့်သူကို နေရာပေးမလား၊ ဘယ်သူ့ကိုမှ မခန့်ပဲ နေရာလပ် ချန်ထားမလား ဆိုတာကို ဆုံးဖြတ်ဖို့ရှိနေတာမို့ ကမ္ဘာတလွှားက မြန်မာနိုင်ငံသားတွေ ခုလို ဆန္ဒပြတောင်းဆိုကြတာ ဖြစ်ပါတယ်။

ဦးကျော်မိုးထွန်း ကုလတာဝန် ဆက်ထမ်းဆောင်ရေး ဗြိတိန်ရောက် မြန်မာတွေတောင်းဆို
ဦးကျော်မိုးထွန်း ကုလတာဝန် ဆက်ထမ်းဆောင်ရေး ဗြိတိန်ရောက် မြန်မာတွေတောင်းဆို

ကုလသမဂ္ဂရုံးချုပ်တည်ရှိရာ နယူးယောက်မြို့က ဆန္ဒပြပွဲကို နယူးယောက်၊ ဝါရှင်တန်ဒီစီ၊ မေရီလန်း ၊ အင်ဒီယားနား၊ ကယ်လီဖိုးနီးယားက မြန်မာတွေ ရာနဲ့ချီ တက်ရောက် ဆန္ဒပြ တောင်းဆိုတာ ဖြစ်ပါတယ်။

လန်ဒန်မြို့မှာတော့ ပါလီမန်ရှေ့နှင့် ဝန်ကြီးချုပ်နေအိမ်ရှေ့မှာ မြန်မာတိုင်းရင်းသားတွေ လာရောက်စုဝေးပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ မြန်မာပြည်သူတွေအတွက် ဆက်ပြီး ကိုယ်စားပြုခွင့်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ ဒီဆန္ဒပြပွဲကို ဗြိတိန်ဆိုင်ရာ NUG ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

နယ်သာလန်ရောက် မြန်မာတွေကတော့ ဆန္ဒပြပွဲအပြင် နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေ ဈေးရောင်းပွဲကိုလည်း အမ်စတာဒမ်မြို့ (နော့ )ပန်းခြံမှာ ကျင်းပ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG