သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းခံရသူ ၃၀၅ ဦးရှိ 


Nobel Peace Prize 
Nobel Peace Prize 

{{Zawgyi/Unicode}}

ဒီနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု လျာထားစာရင်းမှာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၃၀၅ ဦးကို အမည်စာရင်းတင်သွင်းထားပြီးဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ အမည်စာရင်း တင်သွင်းခံရသူတွေထဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်ကြောင်း သတင်းတွေထွက်နေပေမဲ့ ပါဝင်သူတွေရဲ့အမည်စာရင်းကိုတော့ တရားဝင်ထုတ်ပြန်တာ မရှိပါဘူး။

ဒါဟာ ၂၀၁၆ ခုနှစ်က အမည်စာရင်းတင်သွင်းခဲ့တဲ့ စံချိန်တင်အရေအတွက် ၃၇၆ ထက် နည်းပါတယ်။ ဒီနှစ် အမည်စာရင်းတင်တဲ့ အထဲမှာ လူပုဂ္ဂိုလ် ၂၁၂ ဦးနဲ့ အဖွဲ့အစည်း ၉၃ ခု ပါဝင်တယ်လို့ အော်စလိုအခြေစိုက် နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့က သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

နိုဘယ်ဆုရွေးချယ်ရေး စည်းကမ်းသတ်မှတ်ချက်မှာ စာရင်းတင်သွင်းခံရသူတွေရဲ့ အမည်ကို ကြိုတင်ကြေညာတာမျိုး မရှိပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်က နိုင်ငံတွေ၊ လွှတ်တော်အမတ်တွေ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ တက္ကသိုလ်ပါမောက္ခ အချို့ အပါအဝင် အမည်စာရင်းတင်သွင်းခွင့်ရှိတဲ့သူတွေ အဖွဲ့အစည်းတွေကတော့ သူတို့ အဆိုပြုထားတဲ့ အမည်စာရင်းတင်သွင်းဖို့ အရည်အချင်းပြည့်မီသူတွေရဲ့ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း အမည်ကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်ရှိပါတယ်။

ဒီနှစ်အတွက် စာရင်းတင်သွင်းခံရတယ်လို့ အမည်ထွက်နေသူတွေထဲမှာ မြန်မာပြည်က အာဏာသိမ်းစစ်တပ်ကိုမထောက်ခံဘဲ ရွေးကာက်ခံ အရပ်သား အစိုးရဘက်ကရပ်တည်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း လည်းပါဝင်သလို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရေးရာကော်မတီလည်း ပါဝင်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် တရုတ်၊ ဟောင်ကောင်နဲ့ အီရန်က ဒီမိုကရေစီရေး လှုပ်ရှားသူတွေအပါအဝင် ကမ္ဘာတဝန်းက တက်ကြွလှုပ်ရှားသူတွေလည်း ပါဝင်တာကို တွေ့ရပါတယ်။

အမည်စာရင်းတင်သွင်းထားကြောင်း လူသိရှင်ကြားထုတ်ဖော်ထားတဲ့ အမည်အများစုကတော့ ဒီနှစ်မှာလည်း မနှစ်ကလိုပဲ ယူကရိန်းက တနှစ်နီးပါး ဖြစ်ပွားနေတဲ့ စစ်ပွဲပဋိပက္ခနဲ့ ဆက်နွယ်သူတွေနဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို ဆန့်ကျင်သူတွေ ပါဝင်ပါတယ်။

အဲထဲမှာ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီး၊ တူရကီ သမ္မတ အာဒိုဝန်၊ မြောက်အတ္တလန်တိတ် သဘောတူစာချုပ် စစ်ရေးမဟာမိတ် နေတိုး (NATO) အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ယန်း စတောလ် တွန်းဘာ့ဂ် (Jens Stoltenberg) နဲ့ နိုင်ငံတကာ စစ်ရာဇဝတ်မှုခုံရုံး တခု ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ ယူကရိန်းက အဖွဲ့ တခုတို့ ပါဝင်ပါတယ်။

အမည်စာရင်းတင်သွင်းခံရတဲ့ အထဲမှာ ပါဝင်တဲ့ နောက်ထပ် နာမည်ကျော်ကြားသူတွေကတော့ ရုရှားသမ္မတပူတင်က ထောင်သွင်းအကျဉ်းချထားတဲ့ အဆိပ်ခတ်တိုက်ခိုက်ခံခဲ့ရသူ၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားသူ အလက်ဇီ နဗယ်လ်လီ (Alexei Navalny)၊ သတင်းစာဆရာလည်းဖြစ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ဗလာဒီမီယာ ကယ်ရာမာဇာ (Vladimir Kara-Murza) တို့ ပါဝင်သလို ဗက်ဇနာ (Vesna) လို့ ခေါ်တွင်တဲ့ ဒီမိုကရေစီအရေး လူငယ်လှုပ်ရှားမှုလည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

{{Unicode}}









ဆက်စပ်သတင်းများ ...

XS
SM
MD
LG