သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောင်ဆန်းစုကြည်ပန်းခြံ နော်ဝေမှာ ဖွင့်မည်

Aung San Suu Kyi Park
1/5 Aung San Suu Kyi Park
အသေးစိတ် ဖတ်ရှုရန် Show less
Aung San Suu Kyi Park
2/5 Aung San Suu Kyi Park
အသေးစိတ် ဖတ်ရှုရန် Show less
Aung San Suu Kyi Park
3/5 Aung San Suu Kyi Park
အသေးစိတ် ဖတ်ရှုရန် Show less
Aung San Suu Kyi Park
4/5 Aung San Suu Kyi Park
အသေးစိတ် ဖတ်ရှုရန် Show less
Aung San Suu Kyi Park
5/5 Aung San Suu Kyi Park
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

နော်ဝေနိုင်ငံ တောင်ပိုင်း Froland မြို့မှာ - မေလ ၁၄ ရက် စနေနေ့က ပြည်သူ့ဥယျာဉ်ပန်းခြံရဲ့ နေရာတခုကို ဒေါ်အောင်ဆန်းစုကြည်ပန်းခြံအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ Froland မြို့ရဲ့ မြို့တော်ဝန်ကိုယ်တိုင် အခမ်းအနားကို တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ပန်းခြံအဖြစ် တရားဝင် သတ်မှတ် အပ်နှင်းတာ ဖြစ်တယ်လို့ အခမ်းအနားဖြစ်မြောက်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

အလုပ်အားလပ်ရက်တိုင်း မြို့ခံတွေ အပန်းဖြေအနားယူတဲ့ နေရာလည်းဖြစ်၊ ကမ္ဘာလှည့်ခရီးသွားတွေလည်း လာရောက် လည်ပတ်လေ့ရှိတဲ့ ပြည်သူ့ဥယျာဉ်ပန်းခြံထဲက နေရာတခုကို ဒေါ်အောင်ဆန်းစုကြည်ပန်းခြံအဖြစ် စနေနေ့က တရားဝင် ကင်ပွန်းတပ် သတ်မှတ်တဲ့ အခမ်းအနားကိုတော့ Froland မြို့တော်ဝန်ကိုယ်တိုင် တက်ရောက် အပ်နှင်းခဲ့တာပါ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ပန်းခြံရယ်လို့ ဖြစ်လာဖို့အတွက် Froland မြို့ရောက် မြန်မာတွေကနေ နေရာတခုပေးဖို့ မြို့တော်ဝန်ဆီမှာ တောင်းဆိုခဲ့ရာက - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ပုဒ်နဲ့ အထင်ကရဖြစ်တဲ့ ပြည်သူ့ဥယျာဉ်နဲ့သာ ထိုက်တန်တယ်ဆိုပြီး ပေးအပ်ခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံကော်မတီဝင်တဦးဖြစ်တဲ့ ဦးဂျွန်မန်းက ဗွီအိုအေကို ပြောပါတယ်။

“နဂိုကတည်းက ရှိပြီးသားပန်းခြံ အခု ကျနော်တို့ လျှောက်ထားတာက ကိုယ်ထူကိုယ်ထနဲ့ လုပ်မယ်ပေါ့နော် နေရာတခု မွေးနေ့တိုင်းမှာ သစ်ပင်စိုက်ပေးမယ်လို့ ရည်ရွယ်ထားခဲ့တာ။ အခုက ရည်ရွယ်ထားတာတွေနဲ့ တခြားစီပဲ ပြောရမလား။ အင်မတန်မှ ကြီးမားတဲ့ သူတို့ အမြတ်တနိုး ထားတဲ့ သူတို့ရဲ့ ပြည်သူ့ပန်းခြံကို အောင်ဆန်းစုကြည်ပန်းခြံအဖြစ် ပြောင်းလဲသတ်မှတ်ပေးပြီးတော့မှ အဲဒါကို သူတို့ အပ်နှင်းတာ ဖြစ်ပါတယ်။ ဒီနေ့ မြို့တော်ဝန်ပြောတဲ့ မိန့်ခွန်းထဲမှာ ကောက်နှုတ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ မြန်မာပြည်သားတွေအတွက်ချည်း မဟုတ်ဘဲနဲ့ ကမ္ဘာက လေးစားကြည်ညိုတဲ့ Icon ဖြစ်တယ်ဆိုတဲ့ဟာကို သူတို့ ကောင်းကောင်းလက်ခံထားလို့ ဒီနေ့ ဒီနေရာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုက်တန်တယ်ဆိုပြီးတော့မှ ပြီးရင် ကမ္ဘာလှည့်ခရီးသည်တွေလည်း လာရောက်မှာ သေချာတယ်။ ပြီးရင် တချိန်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီနေရာကို ရောက်လာတဲ့အချိန်မှာ အဲ့လို စဉ်းစားပြီး အကောင်းဆုံးနေရာကို ပေးတာဖြစ်တယ်လို့ ဒီနေ့ ပြောပါတယ်ခင်ဗျ။”

ပန်းခြံဖွင့်ပွဲအခမ်းအနားကိုတော့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ ဦးဂျွန်မန်း က ဆိုပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ပန်းခြံအဖြစ် သတ်မှတ်ခေါ်ထွင်စေတဲ့ ပြည်သူ့ဥယျာဉ်မှာ Froland မြို့နေ ကမ္ဘာကျော်သင်္ချာပညာရှင် ဟင်နရီ အက်ပဲလ် နေထိုင်ခဲ့ပြီး၊ သူ့ကို အမှတ်ရစေဖို့ ဒီဥယျာဉ်ပန်းခြံထဲမှာ - ဟင်နရီအက်ပဲလ်ရဲ့ ရုပ်ထုကို ထားရှိခဲ့တာပါ။ မကြာခင်မှာတော့ ဒီပန်းခြံထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ထုလည်း ရှိလာတော့မယ်လို့ ဦးဂျွန်မန်း က ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး Froland မြို့ခံတွေရဲ့ သဘောထားနဲ့ ပတ်သက်လို့ မေးကြည့်ရာမှာတော့ -

“ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုဆိုတာ သူတို့က ထုတ်မပြောပေမဲ့လည်း သတင်းစာမှာ ထွက်လာတဲ့အချိန် နောက် လုပ်ဖော်ကိုင်ဘက်တွေလည်း ဒီသတင်းကို ကြားတဲ့အချိန်မှာ အရမ်းကို အား သိပ်ကောင်းတယ် သိပ်ကောင်းတယ်လို့ ပြောတဲ့သူတွေ ရှိသလို၊ ဘယ်နေရာလဲလို့ မေးရင်းနဲ့ ဒီနေရာ ဖြစ်တယ်ဆိုပြီး၊ သိလိုက်တဲ့အခါမှာ စကား အ သွားတာတွေလည်း ကျနော်တို့ ကြုံရပါတယ်။ ဆိုတော့ နှမြောတသတဲ့သူတွေ ရှိတယ်ဆိုတာတော့ ကျနော်တို့ ခန့်မှန်းနိုင်ပါတယ်။”

နော်ဝေနိုင်ငံဟာဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တစိုက်မတ်မတ် အားပေးကူညီလာခဲ့တဲ့ နိုင်ငံတခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး ဒီမိုကရေစီထွန်းကားဖို့ အကြမ်းမဖက် တိုက်ပွဲဝင် တောင်းဆိုလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လည်း ၁၉၉၁ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အောင်ဆန်းစုကြည်ပန်းခြံ နော်ဝေမှာ ဖွင့်မည်
please wait

No media source currently available

0:00 0:03:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG