သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၂ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆု အဆိုပြုအမည်စာရင်းမှာ NUG ပါဝင်


NUG
NUG

[[Zawgyi/Unicode]]

၂၀၂၂ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းခံရတဲ့ အဖွဲ့အစည်းတွေထဲမှာ ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လည်း ပါဝင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်၊ သဘာဝပတ်ဝန်းကျင်ရေး တက်ကြွလှုပ်ရှားသူ Greta Thunberg ၊ Tuvalu နိုင်ငံခြားရေးဝန်ကြီး Simon Kofe ၊ ဘဲလာရုရှ် အတိုက်အခံ Syiatlana Tsikhanouskaya ၊ ဗြိတိသျှ အသံလွှင့်မီဒီယာသမား သဘာဝသမိုင်းပညာရှင် David Attenborough စတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေနဲ့အတူ NUG လည်း အမည်စာရင်း တင်သွင်းထားတဲ့ထဲ ပါတယ်ဆိုတာ နောက်ဆုံးအချိန်ပိုင်း ထွက်လာတဲ့ ကြေညာချက်တွေမှာ ဖော်ပြထားပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆု ရွေးချယ်ချီးမြှင့်တဲ့ နော်ဝေးဂျီးယန်း နိုဘဲလ်ကော်မတီက ဒီအမည်စာရင်းကို တရားဝင်ထုတ်ပြန်တာမဟုတ် ပါဘူး။ ကမ္ဘာတဝန်းက နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေ၊ လွှတ်တော်အမတ်တွေ စသည်အားဖြင့် နိုဘဲလ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းခွင့်ရှိသူ ထောင်ပေါင်းများစွာက အမည်စာရင်း တင်သွင်းခဲ့ကြတာပါ။ ဒီထဲမှာမှ နော်ဝေး လွှတ်တော် အမတ်တွေ အမည်တင်သွင်းသူ ငြိမ်းချမ်းရေးနိုဘ်လဲဆု ချီးမြှင့်ခံခဲ့ရတာ ခြွင်းချက်တချို့ကလွဲလို့ ၂၀၁၄ ခုနှစ်ကတည်းက ဆက်တိုက်ဖြစ်ပါတယ်။ ခြွင်းချက်တွေကတော့ ၂၀၁၉ ခုနှစ်နဲ့ ပြီးခဲ့တဲ့နှစ် ဆုရှင်နှစ်ဦးထဲက တဦးဖြစ်သူ ဖိလစ်ပိုင် သတင်း မီဒီယာသမား Maria Ressa တို့ဖြစ်ပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆုအတွက် အမည်တင်သွင်းရမယ့် နောက်ဆုံးရက်က ဇန်နဝါရီလ ၃၁ ရက် မနေ့ကဖြစ်ပြီး အောက်တိုဘာလ ထဲမှာ ဆုရှင်ကို ကြေညာပြီးတော့ ပုံမှန်အားဖြင့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဆုချီးမြှင့်ပွဲ ကျင်းပလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]







=============

XS
SM
MD
LG