သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ CDM လႈပ္ရွားမႈကို ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆု ခ်ီးျမင့္ဖို႔ ေနာ္ေဝး ပါေမာကၡေတြ အဆိုျပဳ


Civil Disobedience Movement (CDM)

ZAWGYI/UNICODE

ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရကို ဖယ္ရွားၿပီး အာဏာရယူထားတဲ့ ျမန္မာစစ္တပ္အေပၚ အၾကမ္းမဖက္ ဆန႔္က်င္ေနၾကတဲ့ CDM လႈပ္ရွားမႈကို ၿငိမ္းခ်မ္းေရးႏိုဘဲလ္ဆုခ်ီးျမႇင့္ဖို႔ နာမည္စာရင္းတင္သြင္းထားပါတယ္။ ေနာ္ေဝးႏိုင္ငံ၊ ေအာ္စလိုတကၠသိုလ္က ပါေမာကၡ ၆ ဦးက ၂၀၂၂ ခုႏွစ္ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆုအတြက္ CDM လႈပ္ရွားမႈကိုေပးအပ္ဖို႔ ႏိုဘဲလ္ဆုေ႐ြးခ်ယ္ေရးေကာ္မတီကို နာမည္စာရင္းတင္သြင္းခဲ့တာျဖစ္ပါတယ္။

အျပည္ျပည္ဆိုင္ရာ ေ႐ြးေကာက္ပြဲေလ့လာေစာင့္ၾကည့္တဲ့အဖြဲ႕ အေတာ္မ်ားမ်ားရဲ႕အဆိုအရ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလမွာ က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲဟာ အမွားအယြင္းသိပ္မရွိပဲ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီက အျပတ္အသတ္အႏိုင္ရခဲ့ေၾကာင္း ပါေမာကၡ ၆ ဦးရဲ႕မတ္လ ၂၂ ရက္ေန႔က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္လည္း ျမန္မာစစ္တပ္က ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈရွိခဲ့တယ္ဆိုၿပီး ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ NLD အစိုးရကို ဖယ္ရွားၿပီး စစ္ဖက္တာဝန္ရွိသူေတြနဲ႔ အစားထိုးခဲ့တယ္လို႔လည္း ေဖာ္ျပထားပါတယ္။

သမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ အစိုးရအရာရွိ အေတာ္မ်ားမ်ားကိုလည္း စစ္တပ္ကဖမ္းဆီးထိန္းသိမ္းခဲ့တာေၾကာင့္ ႏိုင္ငံတဝွမ္း အၾကမ္းမဖက္ ဆႏၵျပပြဲေတြ ေပၚေပါက္လာရတယ္လို႔လည္း ေဖာ္ျပထားတာပါ။

ဒါေၾကာင့္လည္း စစ္အာဏာရွင္ကို အၾကမ္းမဖက္တဲ့နည္းနဲ႔ ဆန႔္က်င္ဖို႔ NLD ဘက္က တိုက္တြန္းခဲ့သလို Gen Z လို႔သိၾကတဲ့ မ်ိဳးဆက္သစ္လူငယ္ေတြဦးေဆာင္တဲ့ အၾကမ္းမဖက္ အာဏာဖီဆန္ေရးလႈပ္ရွားမႈေတြနဲ႔ အေထြေထြသပိတ္ႀကီးေတြ ေပၚေပါက္လာတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

CDM လႈပ္ရွားမႈကို စစ္တပ္က အင္အားသုံး အၾကမ္းဖက္ႏွိမ္ႏွင္းမႈေတြ တိုးလုပ္လာတဲ့အတြက္ ကေလးငယ္ေတြအပါအဝင္ ရာနဲ႔ခ်ီတဲ့ျပည္သူေတြ အသက္ဆုံးရႈံးေနရတယ္လို႔လည္း ေရးထားပါတယ္။ ဒါ့အျပင္ ဆႏၵျပျပည္သူေတြကို စနစ္တက်နဲ႔ တရားမဲ့ သတ္ျဖတ္ႏွိပ္စက္ေနတဲ့ ျမန္မာစစ္တပ္ရဲ႕ ထင္ရွားတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈကို ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းက ေစာင့္ၾကည့္ေနတယ္လို႔လည္းေဖာ္ျပပါတယ္။

အခုလိုအၾကမ္းဖက္မႈေတြနဲ႔ရင္ဆိုင္ေနရေပမယ့္ ျမန္မာျပည္သူေတြကေတာ့ အၾကမ္းမဖက္တဲ့ CDM လႈပ္ရွားမႈအျဖစ္ နည္းလမ္းေပါင္းစုံသုံးၿပီး ဆက္ၿပီးေတာ္လွန္ေနၾကတဲ့အျပင္ ဒီလႈပ္ရွားမႈကို အႀကီးအက်ယ္ေထာက္ခံမႈရေနတာကို ေတြ႕ျမင္ရေၾကာင္းလည္း အဲဒီေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။ အခုလိုအၾကမ္းမဖက္တဲ့နည္းနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ႀကိဳးပမ္းေနတဲ့ CDM လႈပ္ရွားမႈကို ႏိုဘဲလ္ဆုေပးဖို႔ နာမည္စာရင္းတင္သြင္းျခင္းအားျဖင့္ အသိအမွတ္ျပဳလိုပါတယ္လို႔လည္း ပါေမာကၡ ၆ ဦးတို႔ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အၾကမ္းမဖက္ဆန႔္က်င္မႈအေတာ္မ်ားမ်ားကို ႏိုဘဲလ္ဆုေတြ ေပးအပ္တဲ့သာဓကေတြလည္းရွိခဲ့သလို အဲဒီလို ဆုခ်ီးျမႇင့္ခံရသူေတြထဲမွာ ဘုန္းေတာ္ႀကီး ဒလိုင္းလားမား၊ ေဒါက္တာ မာတင္လူသာကင္းတို႔လည္း ပါဝင္ပါတယ္။ ျမန္မာႏိုင္ငံမွာလည္း ဒီလမ္းေၾကာင္းအတိုင္း ၿငိမ္းခ်မ္းစြာ ဆႏၵျပေနၾကတဲ့အတြက္ ဒီလႈပ္ရွားမႈမွာပါဝင္တဲ့ သန္းနဲ႔ခ်ီတဲ့ ျမန္မာျပည္သူျပည္သားအားလုံးကို ခုလိုနာမည္စာရင္းတင္သြင္းၿပီး အသိအမွတ္ျပဳလိုက္ပါတယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

..............................................

တိုက္႐ိုက္ လင့္ခ္

UNICODE

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာရယူထားတဲ့ မြန်မာစစ်တပ်အပေါ် အကြမ်းမဖက် ဆန့်ကျင်နေကြတဲ့ CDM လှုပ်ရှားမှုကို ငြိမ်းချမ်းရေးနိုဘဲလ်ဆုချီးမြှင့်ဖို့ နာမည်စာရင်းတင်သွင်းထားပါတယ်။ နော်ဝေးနိုင်ငံ၊ အော်စလိုတက္ကသိုလ်က ပါမောက္ခ ၆ ဦးက ၂၀၂၂ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုအတွက် CDM လှုပ်ရှားမှုကိုပေးအပ်ဖို့ နိုဘဲလ်ဆုရွေးချယ်ရေးကော်မတီကို နာမည်စာရင် းတင်သွင်းခဲ့တာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့အဖွဲ့ အတော်များများရဲ့အဆိုအရ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ အမှားအယွင်းသိပ်မရှိပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အပြတ်အသတ်အနိုင်ရခဲ့ကြောင်း ပါမောက္ခ ၆ ဦးရဲ့မတ်လ ၂၂ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း မြန်မာစစ်တပ်က ရွေးကောက်ပွဲမှာ မဲမသမာမှုရှိခဲ့တယ်ဆိုပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ NLD အစိုးရကို ဖယ်ရှားပြီး စစ်ဖက်တာဝန်ရှိသူတွေနဲ့ အစားထိုးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအရာရှိ အတော်များများကိုလည်း စစ်တပ်ကဖမ်းဆီးထိန်းသိမ်းခဲ့တာကြောင့် နိုင်ငံတဝှမ်း အကြမ်းမဖက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာရတယ်လို့လည်း ဖော်ပြထားတာပါ။

ဒါကြောင့်လည်း စစ်အာဏာရှင်ကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ဖို့ NLD ဘက်က တိုက်တွန်းခဲ့သလို Gen Z လို့သိကြတဲ့ မျိုးဆက်သစ်လူငယ်တွေဦးဆောင်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေနဲ့ အထွေထွေသပိတ်ကြီးတွေ ပေါ်ပေါက်လာတယ်လို့လည်း ဖော်ပြထားပါတယ်။

CDM လှုပ်ရှားမှုကို စစ်တပ်က အင်အားသုံး အကြမ်းဖက်နှိမ်နှင်းမှုတွေ တိုးလုပ်လာတဲ့အတွက် ကလေးငယ်တွေအပါအဝင် ရာနဲ့ချီတဲ့ပြည်သူတွေ အသက်ဆုံးရှုံးနေရတယ်လို့လည်း ရေးထားပါတယ်။ ဒါ့အပြင် ဆန္ဒပြပြည်သူတွေကို စနစ်တကျနဲ့ တရားမဲ့ သတ်ဖြတ်နှိပ်စက်နေတဲ့ မြန်မာစစ်တပ်ရဲ့ထင်ရှားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်နေတယ်လို့လည်းဖော်ပြပါတယ်။

အခုလိုအကြမ်းဖက်မှုတွေနဲ့ရင်ဆိုင်နေရပေမယ့် မြန်မာပြည်သူတွေကတော့ အကြမ်းမဖက်တဲ့ CDM လှုပ်ရှားမှုအဖြစ် နည်းလမ်းပေါင်းစုံသုံးပြီး ဆက်ပြီးတော်လှန်နေကြတဲ့အပြင် ဒီလှုပ်ရှားမှုကို အကြီးအကျယ်ထောက်ခံမှုရနေတာကို တွေ့မြင်ရကြောင်းလည်း အဲဒီကြေငြာချက်မှာ ဖော်ပြထားပါတယ်။ အခုလိုအကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းနေတဲ့ CDM လှုပ်ရှားမှုကို နိုဘဲလ်ဆုပေးဖို့ နာမည်စာရင်းတင်သွင်းခြင်းအားဖြင့် အသိအမှတ်ပြုလိုပါတယ်လို့လည်း ပါမောက္ခ ၆ ဦးတို့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းမဖက်ဆန့်ကျင်မှုအတော်များများကို နိုဘဲလ်ဆုတွေ ပေးအပ်တဲ့သာဓကတွေလည်းရှိခဲ့သလို အဲဒီလို ဆုချီးမြှင့်ခံရသူတွေထဲမှာ ဘုန်းတော်ကြီး ဒလိုင်းလားမား၊ ဒေါက်တာ မာတင်လူသာကင်းတို့လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလမ်းကြောင်းအတိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့အတွက် ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ သန်းနဲ့ချီတဲ့ မြန်မာပြည်သူပြည်သားအားလုံးကို ခုလိုနာမည်စာရင်းတင်သွင်းပြီး အသိအမှတ်ပြုလိုက်ပါတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG