သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံရဲ့ Troika ချည်းကပ်မှု NUG အကောင်းမြင်


NUG ကြားကာလ ညီညွတ်ရေးအစိုးရ အဖွဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် (ဓာတ်ပုံ Zoom Screenshot / အောက်တိုဘာ ၁၂၊ ၂၀၂၃)
NUG ကြားကာလ ညီညွတ်ရေးအစိုးရ အဖွဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် (ဓာတ်ပုံ Zoom Screenshot / အောက်တိုဘာ ၁၂၊ ၂၀၂၃)

အရင်လက အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး မြန်မာ့အရေးမှာ အလှည့်ကျ ဥက္ကဋ္ဌ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ trioca ယန္တရားကို ကြေညာခဲ့ပေမယ့် အဓိက လုပ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံက ဥက္ကဋ္ဌရာထူးကနေ လာအိုကို လွှဲပြောင်းပေးရမှာဖြစ်လို့ တချို့ကတော့ မြန်မာ့အရေး အားလျော့သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေပါတယ်။ တဘက်မှာလည်း အရပ်သားတွေကိုထိခိုက်တဲ့ စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကလည်း ဆက်ဖြစ်နေလို့ နိုင်ငံတကာရဲ့ဝေဖန်မှုက ဆက်တိုးမြှင့်လာနေချိန်မှာ Troika ယန္တရား က ဘယ်လိုပုံစံနဲ့ စတင်နေပြီလဲ၊ ဘယ်လို အလားအလာရှိမလဲဆိုတာနဲ့ အာဆီယံ နိုင်ငံတွေရဲ့ မြန်မာစစ်တပ်အပေါ် အရေးယူမှုအနေအထားနဲ့ပတ်သက်လို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ကိုငြိမ်းချမ်းအေးက Zoom က တဆင့် မေးမြန်းထားပါတယ်။

ဒေါ်ဇင်မာအောင်။ ။ နောက်နှစ်မှာ ဥက္ကဋ္ဌအနေနဲ့တာဝန်ယူမယ့် လာအို၊ ကူညီလိုတဲ့-ပိုမိုအားကောင်းစေလိုတဲ့ အခြေခံစဥ်းစားချက်နဲ့ချဥ်းကပ်မှုလို့ ကျမတို့ နားလည်တယ်။ အခု approch ကိုလည်းကျမတို့က appriciate လုပ်ပါတယ်။ ကျမတို့ကိုယ်တိုင်လည်း တိုက်တွန်းခဲ့တာရှိတယ်။ လာအိုရဲ့ chairmanship မှာ သူကိုယ်တိုင်လည်းပဲ - လာအိုကိုယ်တိုင်လည်းပဲ ဒါကို ​လိုလိုလားလား ရှိတယ်လို့ သိရတဲ့အတွက်ကြောင့်မို့လို့ ကျမတို့ ဝမ်းမြောက်ဝမ်းသာရှိပါယ်။ ဘာလို့လဲဆိုတော့ ဒီပူးပေါင်းဆောင်ရွက်မှုကသာလျှင် တနိုင်ငံတည်း lead လုပ်တာထက်စာလိုက်ရင် နောက်တခုကကျတော့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်မှု ပိုအားကောင်းသွားစေမယ်လို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့အရေးက ဥက္ကဋ္ဌအသစ်တယောက်ပြောင်းတိုင်း နောက်တမျိုး apporach အသစ်နဲ့ ပြန်စနေမယ်ဆိုလို့ရှိရင် ဘယ်တော့မှ ရှေ့ရောက်တေ့ာမှာ မဟုတ်ဘူးပေါ့နော်၊ နဂိုရ်ထဲကမှ ရှေ့မရောက်နိုင်ရတဲ့ကြားထဲမှာ တနိုင်ငံတနှစ်ပြောင်းပြီးတော့ နောက်တမျိုးပုံစံနဲ့ စနေမယ်ဆိုလို့ရှိရင် ဘယ်လိုမှ ဒီပြဿနာက ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ဖြေရှင်းနိုင်ဖို့နေနေသာသာ တိုးတက်မှုလည်း ရှိမှာမဟုတ်ဘူးပေ့ါနော်။ ...ဆိုတော့ ဒီ trioca approch ကတော့ ချိတ်ဆက်မှုကို ပိုအားကောင်းသွားစေတယ်လို့ ကျမတို့မြင်တယ်။​ ထို့အတူ ကျမ ယုံကြည်ပါတယ်။ တနှစ်အတွင်းမှာ အင်ဒိုနီးရှားရဲ့ ချိတ်ဆက်ဆောင်ရွက်ထားမှုတွေ... Stateholder အတော်များများ... Stateholder အားလုံးကို cover မဖြစ်ပေမဲ့ တော်တော်များများနဲ့ ချိတ်ဆက်ပြီးတော့ စကားပြောနေတာတွေကို ကျမတို့ သိသိသာသာမြင်ရတယ်။ အဲဒီကနေပြီးတော့ တွေ့ရှိလာတဲ့ တွေ့ရှိချက်တွေ၊ နောက်ထပ် လိုအပ်နေသေးတဲ့ လိုအပ်ချက်တွေကိုလည်း ကျမတို့ carry လုပ်သွားနိုင်လိမ့်မယ်လို့ ကျမတို့ မျှော်လင့်တယ်။ ပြီးတော့ တရားဝင် handover မလုပ်ခင်ကိုကတည်းက ပူးပေါင်းဆောင်ရွက်နိုင်ဖို့လို့ အခင်းအကျင်းတခုကို ဖန်တီးထားတယ်လို့ ကျမတို့မြင်တယ်။ အဲဒီတော့ trioca approca မှာလည်း ကျမတို့ အနေနဲ့ကတော့ ပိုမို ထိရောက်အောင်လို့မို့လို့ ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိနေတယ်။ ဘယ်လောက်ထိရောက်မလဲဆိုတာကတော့ ကျမတို့ ဘယ်လောက် ထိထိရောက်ရောက်နဲ့ ဖိအားပေးနိုင်မလဲ၊ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတဲ့ဟာက အရေးကြီးတယ်လို့ ကျမ မြင်တယ်။

ငြိမ်းချမ်းအေး။ ။ ဟုတ်ကဲ့ခင်ဗျ။ trioca ယန္တရားကရော စတင်တဲ့...precondition အနေနဲ့ပဲဖြစ်ဖြစ် စတင်ထိတွေ့နေပြီလား၊ အထူးသဖြင့်တော့ လာမယ့်ဥက္ကဋ္ဌ လာအိုအပါအဝင်ပေါ့လေ၊ ထိတွေ့ဆက်ဆံမှုတွေ စရှိနေပြီလားခင်ဗျ။

ဒေါ်ဇင်မာအောင်။ ။ ကျမတို့နဲ့တော့ မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ တရားဝင် အခင်းအကျင်းအားဖြင့်တော့ handover လုပ်လိုက်ပြီပေါ့နော်- ပြီးခဲ့တဲ့ ထိပ်သီး (အစည်းအဝေး) မှာ၊ ဒါပေမဲ့ တရားဝင်စပြီးတော့ တာဝန်ထမ်းဆာင်တာမျိုးတော့ မရှိသေးဘူး။ ကျမ နားလည်သလောက်ကတော့ အခု လက်ရှိ chair နဲ့ လာမယ့် chair ဖြစ်တဲ့ လာအိုနဲ့တော့ သူတို့နိုင်ငံအချင်းချင်းတော့ ထိတွေ့ဆောင်ရွက်မှုတွေ ရှိနေလောက်ပြီပေါ့နော်၊ ရှိနေတယ်လို့ နားလည်ထားတယ်၊ ဒါပေမဲ့ ကျမတို့နဲ့တော့ မရှိသေးပါဘူး။

ငြိမ်းချမ်းအေး။ ။ မြန်မာစစ်တပ်အပေါ် စစ်လက်နက်ပစ္စည်းပိတ်ဆို့ရေး နဲ့ ဝင်ငွေလမ်းကြောင်းဖြတ်ရေးမှာ အာဆီယံနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် ဝန်ကြီးအနေနဲ့ အားရပါသလား။

ဒေါ်ဇင်မာအောင်။ ။ နိုင်ငံတခုချင်းစီရဲ့ မြန်မာ့အရေးအပေါ်မှာ ထားရှိတဲ့သဘောထားတွေကတော့ မတူကြဘူးပေါ့နော်၊ အဲဒီအထဲကမှ 5 points consensus က compromise လုပ်ပြီးတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အားလုံးကြားထဲမှာ အတိုးအလျှော့တွေနဲ့၊ အလျှော့အတင်းတွေလုပ်ပြီးတော့ မြန်မာ့အရေးနဲ့ပတ်သက်လို့ 5 points consensus ဆိုတာကြီးက အခုထိ ရှိနေတယ်။ ဒါပေမဲ့ ဒီ 5 points consensus ကို တိတိကျကျ လိုက်ပါ အကောင်အထည်မဖော်တဲ့အပေါ်မှာတော့ ထိရောက်တဲ့အရေးယူ ဆောင်ရွက်မှုအပိုင်းမှာတော့ အာဆီယံအနေနဲ့ အားနည်းနေတယ်ဆိုတာ ကျမတို့တွေ့ရတယ်။ ဒါကို ထပ်ခါတလဲလဲ တိုက်တွန်းနေတာဖြစ်ပါတယ်ပေါ့နော်၊ အရေးယူမှု mechanism မရှိဘဲနဲ့ ဒီ 5 points consensus က စာရွက်ပေါ်ကပဲ ဖြစ်နေမယ် ဆိုလို့ရှိရင်တော့ ဒီလို အာဏာရှင်မျိုးက ဘယ်သူ့မှ ဂရုစိုက်မှာမဟုတ်ဘူးပေါ့နော်။

....ဆိုတော့ ဒီကစ္စကို ကျမတို့ ထပ်ပြီးတော့ တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ဖို့လိုတယ်လို့ မြင်တယ်။ ထို့အတူပဲ ဒီလိုမျိုး အရေးယူဆောင်ရွက်ခြင်းခံနေရတယ်ပေါ့နော်၊ ...ကိုယ့်ပြည်သူလူထုအပေါ်မှာရော၊ နောက်ပီးတော့ အာဆီယံ charter ပဋိဉာဥ်နဲ့ မညီဘူးပေါ့နော်၊ ဒီအာဏာသိမ်းမှုဟာ။ ဆိုတော့ ဒီ အာဆီယံအဝန်းအဝိုင်းထဲမှာရှိနေတဲ့ မြန်မာနိုင်ငံရဲ့ဖြစ်တည်မှုကို အကြီးအကျယ်အနှောင့်အယှက်ဖြစ်နေတဲ့ စစ်ကောင်စီနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေမှာတော့ ဒိထက်ပိုပြီးတော့ တင်းတင်းရင်းရင်းလုပ်ဖို့ လိုနေတယ်လို့ ကျမတော့မြင်တယ်။ အဲဒီအတွက်တော့ တချို့နိုင်ငံတွေကတော့ ကျမတို့ သတင်းအချက်အလက်တွေသာ ပေးပါ၊ မြန်မာပြည်သူလူထုကို ဥပမာ ထားပါတော့ - ဒီလိုမျိုး လက်နက်အရောင်းအဝယ်ကိစ္စမျိုးတွေပေါ့နော်၊ လို ဟာမျိုးတွေကို မြန်မာနိုင်ငံကို တင်ပို့တဲ့ကိစ္စမျိုးတွေမှာ သူတို့ ဟာ အစိတ်အပိုင်းအနေနဲ့ မပါဝင်နိုင်အောင် မြန်မာပြည်သူလူထုကို အကြမ်းဖက်နေတဲ့ကိစ္စတွေမှာ မပါဝင်အောင်လို့ သူတို့မှာ မူဝါဒရှိပါတယ်။ အဲဒီမူဝါဒကို အကောင်အထည်ဖော်တဲ့အခါမှာ သတင်းအချက်အလက် တိတိကျကျ ပေ့ါနော်၊ ဒီလို third party ကနေ ရတာမျိုးမဟုတ်ဘဲနဲ့ ခိုင်လုံတဲ့သတင်းအချက်အလက်တွေသာ ရလို့ရှိရင် ပေးပါ၊ ပူးပေါင်းဆောင်ရွက်ပါမယ်ဆိုပြီးတော့ နိုင်ငံတချို့က willingly ကမ်းလှမ်းတာလည်း ရှိပါတယ်။ ဒီလိုမျိုးအတွက်တော့ ကျမတို့ appreciate ဖြစ်တယ်။ ဒါပေမဲ့ ဒါက အာဆီယံ as a whole အနေနဲ့မဟုတ်ဘဲ individual member state အနေနဲ့ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ပြောရမယ်ဆိုရင်တော့ တချို့ နိုင်ငံတွေအနေနဲ့တော့ အားနည်းနေသေးတာ ရှိတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေအနေနဲ့တော့ ပူးပေါင်းဆောင်ရွက်လိုတာ ရှိတယ်လို့ မြင်ရတယ်။

နောက်တခုကကျတော့ တခြားနယ်ပယ်တခုကပေါ့နော်၊ political representation ပိတ်ထားပေမဲ့ တကယ့် implimentation level မှာ ရှိနေတဲ့ 'နိုင်ငံရေးအရ ကိုယ်စားပြုတာမဟုတ်ပါဘူး' ဆိုပြီးတော့ ဖိတ်ကြားနေတဲ့ကိစ္စတွေရှိတယ်။ ဥပမာဆိုလို့ရှိရင် လတ်တလော EU နဲ့ အာဆီယံ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲ ပလက်ဖောင်းတခုမှာဆိုရင် EU ကဖိတ်တာမဟုတ်ဘဲနဲ့ အာဆီယံကဖိတ်လို့ စစ်ကောင်စီကို ကိုယ်စားပြုထားတဲ့ CSO တခုနဲ့ သံတမန်တဦးက အခုနက လူ့အခွင့်အရေးအခမ်းအနားလိုမျိုးမှာ အလုပ်ရုံဆွေးနွေးပွဲလိုမျိုးမှာ သွားတက်တဲ့ ကိစ္စမျိုးက မဖြစ်သင့်ဘူးလို့မြင်တယ်။ ဒါ့ကြောင့် political representation တွေတွင်မဟုတ်ဘဲနဲ့ .....ဧရိယာတွေအလိုက်မှာ မှာ ရှိနေတဲ့ စစ်ကောင်စီရဲ့ မလျော်ကန်တဲ့ကိုယ်စားပြုမှုမှန်သမျှကိုတော့ အာဆီယံအနေနဲ့ဆက်လက်ပြီးတော့ တားဆီးသွားဖို့ လိုလိမ့်အုံးမယ်လို့ မြင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG