သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တီမော သံတမန် စစ်ကောင်စီနှင်ထုတ်တဲ့လုပ်ရပ် NUG တုံ့ပြန်


NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ကို အရှေ့တီမောသမ္မတက လက်ခံတွေ့ဆုံ (ဇူလိုင်၊ ၂၀၂၃)
NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ကို အရှေ့တီမောသမ္မတက လက်ခံတွေ့ဆုံ (ဇူလိုင်၊ ၂၀၂၃)

မြန်မာနိုင်ငံအခြေစိုက် အရှေ့တီမောသံရုံး ယာယီတာဝန်ခံကို နှင်ထုတ်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တရားဝင်မှု မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တုံ့ပြန်လိုက်ပါတယ်။ အာဏာသိမ်း အုပ်ချုပ်နေတဲ့ စစ်ကောင်စီ အနေနဲ့ တိုင်းပြည်ရဲ့ သံတမန်ရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကိစ္စတွေမှာ ဆုံးဖြတ်ခွင့် မရှိကြောင်း NUG က ဒီနေ့ပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

အကြမ်းဖက် လုပ်ရပ်တွေနဲ့ ဆက်နွယ်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲထားတဲ့ NUG တာဝန်ရှိသူတွေနဲ့ အရှေ့တီမော အစိုးရတာဝန်ရှိသူတွေ မကြာသေးခင် ဆက်ဆံမှုတွေကို အကြောင်းပြပြီး အရှေ့တီမော သံတမန်ကို စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား တိုင်းပြည်ကထွက်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အကြောင်းကြားခဲ့တဲ့ ဖြစ်ပါတယ်။ NUG နဲ့ ထိတွေ့ဆက်ဆံတာဟာ ၂ နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတဲ့ လုပ်ရပ်အဖြစ်နဲ့လည်း စစ်ကောင်စီနိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

အရှေ့တီမော အစိုးရကတော့ သံတမန်နှင်ထုတ်တဲ့ စစ်ကောင်စီ လုပ်ရပ်ကို ရှုတ်ချလိုက်ပြီး၊ ဒီမိုကရေစီ ပြန်လည်ပေါ်ထွန်းရေး ကြိုးပမ်းမှုတွေကို အားပေးထောက်ခံဖို့ အရေးကြီးကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက် ရပ်တည်မယ့်အကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒီလဆန်းမှာပဲ အရှေ့တီမော အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနား တက်ရောက်ဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကို သမ္မတ Jose Ramos-Horta က တရားဝင် ဖိတ်ကြားခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာလည်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကို လူ့အခွင့်အရေးသင်တန်း ဖွင့်လှစ်ဖို့ ဖိတ်ခေါ်ခဲ့ပြီး သမ္မတ Ramos-Horta ကိုယ်တိုင်လည်း လက်ခံတွေ့ဆုံခဲ့ပါတယ်။ NUG ရဲ့ ထုတ်ပြန်ချက်မှာတော့ အရှေ့တီမောအစိုးရရဲ့ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့ဂုဏ်သိက္ခာအတွက် တန်ဖိုးထားတဲ့ ရပ်တည်ချက်ကို ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG