သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြူးနစ် လုံခြုံရေးညီလာခံ မြန်မာအရေး ထည့်သွင်းဆွေးနွေးမည်


ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပနေတဲ့ ၂၀၂၄ မြူးနစ် လုံခြုံရေးညီလာခံ အစည်းအဝေးတခု (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄)
ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပနေတဲ့ ၂၀၂၄ မြူးနစ် လုံခြုံရေးညီလာခံ အစည်းအဝေးတခု (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄)

၂၀၂၄ မြူးနစ် လုံခြုံရေးညီလာခံကို ဂျာမဏီနိုင်ငံ မြူးနစ်မြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပတဲ့အခါ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေတွေကို ထည့်သွင်းဆွေးနွေးသွားဖို့ ရှိတယ်လို့ ရန်ကုန် ဂျာမဏီသံရုံးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

ကမ္ဘာတလွှားက လုံခြုံရေးနှင့်ပတ်သက်တဲ့ အရေးအကြီးဆုံး စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး အဆင့်မြင့်အရာရှိများအဆင့် ဆွေးနွေးပွဲမှာ ကမ္ဘာ့နိုင်ငံတွေက နိုင်ငံရေး၊ စီးပွါးရေးဆိုင်ရာ အဆင့်မြင့်မူဝါဒ ချမှတ်သူတွေ၊ ပညာရှင်တွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ဒီညီလာခံမှာ ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဟာ မြူးနစ်လုံခြုံရေးညီလာခံ အနှစ် ၆၀ ပြည့်နှစ်လည်း ဖြစ်ပါတယ်။ ဒီညီလာခံမှာ စည်းမျဉ်း စည်းကမ်းတွေကို အခြေခံတဲ့ နိုင်ငံတကာရဲ့ အမိန့်ထုတ်ပြန်ချက် ခိုင်မာစေဖို့ ဆွေးနွေးမှာ ဖြစ်သလို ပြန်လည်ပြင်ဆင်ရေးဆိုင်ရာ သဘောထားတွေ၊ ကမ္ဘာတလွှား လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအတွက် တုန့်ပြန်ဆောင်ရွက်ဖို့ အားလုံး ပါဝင်တဲ့ မဟာမိတ်အဖွဲ့တခု တည်ထောင်ဖို့ကိုပါ အဓိကထား ဆွေးနွေးမှာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ဒီညီလာခံမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေတွေကို ထည့်သွင်း ဆွေးနွေးသွားဖို့လည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG