သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြူးနစ် ကမ္ဘာ့လုံခြုံရေးညီလာခံ ကန် ဒုသမ္မတ တက်ရောက်


မြူးနစ်လုံခြုံရေးဆိုင်ရာညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ ကန် ဒုသမ္မတ ကင်မလာဟဲရစ် (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄)
မြူးနစ်လုံခြုံရေးဆိုင်ရာညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ ကန် ဒုသမ္မတ ကင်မလာဟဲရစ် (ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄)

ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကမ္ဘာ့ခေါင်းဆောင်တွေ ဆွေးနွေးနေကြပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၁၆ ကနေ ၁၈ ရက်နေ့အထိ ကျင်းပနေတဲ့ မြူးနစ်လုံခြုံရေးဆိုင်ရာညီလာခံမှာ အမေရိကန်ဒုသမ္မတ Kamala Harris တက်ရောက်နေပြီး ကမ္ဘာမှာဖြစ်နေတဲ့ ပြဿနာကြီးတွေ ကူညီဖြေရှင်းရေးမှာ အမေရိကန်ရဲ့ ကတိကဝတ်တွေကို ထပ်မံ အာမခံပြောကြားမယ်လို့ မျှော်လင့်ရပါတယ်။

ကမ္ဘာမှာ စိန်ခေါ်မှုတွေ ဆက်တိုက်ရင်ဆိုင်နေရချိန် ကမ္ဘာ့အသိုင်းအဝိုင်းမှာ လွန်ခဲ့တဲ့ ၇၅ နှစ်အတွင်း ဘယ်တုန်းကမှနဲ့ မတူအောင် သဘောထားကွဲနေကြတယ်လို့ ကုလမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ စစ်အေးစစ်ဖြစ်နေတဲ့ကာလမှာတုန်းကတောင် အခုထက် ပိုပြီး အန္တရာယ်နည်းတယ်လို့ သူကပြောကြားခဲ့ပါတယ်။

အစ္စရေးစစ်ပွဲနဲ့ ယူကရိန်းကို ရုရှားဝင်ရောက်ကျူးကျော်နေတဲ့ကိစ္စနဲ့ မဟာမိတ်နိုင်ငံတွေအပေါ် အမေရိကန်ကူညီမယ့် သန္နိဋ္ဌာန်တွေက အခုညီလာခံမှာ အဓိက လွှမ်းမိုးနေမယ်လို့ ခန့်မှန်းရပါတယ်။ ဒီညီလာခံ မကျင်းပခင်လေးမှာပဲ ယူကရိန်းနိုင်ငံက ဂျာမနီနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဂျာမနီဝန်ကြီးချုပ် Olaf Scholz နဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky တို့ ဒီနေ့မနက် အစောပိုင်းက ဘာလင်မြို့တော်မှာ အပြန်အလှန် လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံနဲ့လည်း အလားတူစာချုပ်ကို သမ္မတ Zelensky ပြင်သစ်နိုင်ငံမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲအတွက် စစ်စရိတ်ကူညီထောက်ပံ့ဖို့ အသုံးစရိတ်မူကြမ်းကို အမေရိကန်လွှတ်တော်မှာ အတည်မပြုနိုင်သေးဘဲဖြစ်နေချိန်မှာ ဥရောပနိုင်ငံတွေနဲ့ ယူကရိန်းက လုံခြုံရေးဆိုင်ရာ သဘောတူညီစာချုပ်တွေ ချုပ်ဆိုနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG