သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ ၉၃ ဘီလီယံကျော် အကူအညီပေးရေးဥပဒေ ကန်အထက်လွှတ်တော် အတည်ပြု

ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့ကို ဒေါ်လာ ၉၅ ဘီလီယံ ကူညီပေးမယ့် အဆိုပြုချက်မူကြမ်းကို အမေရိကန် အထက်လွှတ်တော်မှာ မဲခွဲနေကြစဉ် (ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄)
ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့ကို ဒေါ်လာ ၉၅ ဘီလီယံ ကူညီပေးမယ့် အဆိုပြုချက်မူကြမ်းကို အမေရိကန် အထက်လွှတ်တော်မှာ မဲခွဲနေကြစဉ် (ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄)

ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့ကို ဒေါ်လာ ၉၅ ဘီလီယံ ကူညီပေးမယ့် အဆိုပြုချက်မူကြမ်းကို အမေရိကန် အထက်လွှတ်တော်မှာ မနေ့ညက ညလုံးပေါက် ဆွေးနွေးပြီး အတည်ပြုပေးလိုက်ပါပြီ။ ထောက်ခံမဲ ၇၀ မဲ၊ ကန့်ကွက်မဲ ၂၉ မဲနဲ့ ဥပဒေကို အတည်ပြုလိုက်ကြောင်း လွှတ်တော်မှာ ကြေညာလိုက်တာပါ။

အခု အဆိုပြုထားတဲ့ အကူအညီပေးရေး အစီအစဉ်ဟာ အမေရိကန်ရဲ့ လုံခြုံရေး၊ စံတန်ဖိုးတွေနဲ့ ဒီမိုကရေစီအတွက် အင်မတန် အရေးပါကြောင်း၊ ဒါဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ဒီမိုကရေစီနဲ့ အမေရိကန်ရဲ့ စံတန်ဖိုးတွေအတွက် ကြိုတင်ပေးထားတဲ့ စရံငွေလို့ သတ်မှတ်လို့ရနိုင်ကြောင်း အထက်လွှတ်တော် လူများစုခေါင်းဆောင် ဒီမိုကရက်အမတ် Chuck Schumer က ပြောပါတယ်။ ဒါ့အပြင် အမေရိကန်အထက်လွှတ်တော်က ဘယ်လို ဆုံးဖြတ်လုပ်ဆောင်မယ်ဆိုတာကို တကမ္ဘာလုံးက စောင့်ကြည့်နေကြကြောင်းလည်း ပြောပါတယ်။ အခု အဆိုပြုထားတဲ့ အကူအညီပေးရေး ဥပဒေ မူကြမ်းထဲမှာ ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံ၊ အစ္စရေးအတွက် ၁၄ ဘီလီယံနဲ့ ထိုင်ဝမ်ကျွန်းအပါအဝင် အင်ဒို-ပစိဖိတ်ဒေသနဲ့ တခြားနေရာတွေကို ကူညီဖို့အတွက် ၅ ဘီလီယံ အသီးသီး ပါဝင်ပါတယ်။

ဒီမိုကရက် အများစုက ယူကရိန်းနဲ့ အစ္စရေးကို ကူညီပေးမယ့် အစီစဉ်ကို ထောက်ခံကြပေမဲ့ ရီပတ်ဘလီကန်ပါတီထဲက လကျ်ာစွန်း အုပ်စုတွေ၊ အထူးသဖြင့် သမ္မတဟောင်း Donald Trump နဲ့ သဘောထားတူညီကြတဲ့ လွှတ်တော်အမတ်တွေက ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းကို အကူအညီထပ်ပေးမယ့် အစီအစဉ်ကို မထောက်ခံကြပါဘူး။

ဒေါ်လာ ၉၃ ဘီလီယံကျော် အကူအညီပေးရေးဥပဒေ ကန်အထက်လွှတ်တော် အတည်ပြု
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG