သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အဆုံးသတ်‌ရေး ကန်-ရုရှား ၂ နိုင်ငံတည်း သဘောတူညီချက် သမ္မတ Zelenskyy လက်ခံမည်မဟုတ်

အမေရိကန်သမ္မတ Donald Trump, ယူကရိန်းသမ္မတ Volodimir Zelenskyy နဲ့ ရုရှားသမ္မတ Vladimir Putin (Photo: Reuters)
အမေရိကန်သမ္မတ Donald Trump, ယူကရိန်းသမ္မတ Volodimir Zelenskyy နဲ့ ရုရှားသမ္မတ Vladimir Putin (Photo: Reuters)

၃ နှစ် ကြာလာပြီဖြစ်တဲ့ ရုရှားကျူးကျော်စစ် အဆုံးသတ်ရေးနဲ့ ပတ်သက်ပြီး ယူကရိန်း မပါပဲ အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံ ဆုံးဖြတ်ပြီး ချမှတ်တဲ့ ဘယ် သဘောတူညီချက်မျိုးကိုမဆို ယူကရိန်းက လက်ခံမှာ မဟုတ်ဖူးလို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ ယူကရိန်းအတွက် ကိုယ့်နိုင်ငံ မပါဝင်တဲ့ ဘယ်သဘောတူညီချက်ကိုမှ လက်ခံမှာ မဟုတ်ကြောင်း သမ္မတ Zelenskyy က မြူးနစ် လုံခြုံရေးညီလာခံကို တက်ရောက်ဖို့အသွား နျူကလီယား ဓါတ်အားပေးစက်ရုံကို ဝင်ရောက်ချိန်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

သောကြာနေ့ ကျင်းပမယ့် လုံခြုံရေးညီလာခံမှာ သူဟာ အမေရိကန် ဒု-သမ္မတ JD Vance နဲ့ နိုင်ငံခြားရေးဝန်ကြီး Marco Rubio တို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဒေါ်နယ်လ်ထရမ့် ကြိုးပမ်း
please wait

No media source currently available

0:00 0:02:57 0:00


သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့တုန်းက ရုရှားသမ္မတ Vladimir Putin နဲ့ ဆက်သွယ် ပြောကြားခဲ့တာဖြစ်ပြီး သူတို့ ၂ ဦး မကြာခင်မှာ ဆော်ဒီအာရေဗျမှာ တွေ့ဆုံဖို့ အကြံပြုခဲ့သလို၊ ဒီစစ်ပွဲ ချက်ချင်း အဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးဖို့ နှစ်ဘက် သဘောတူခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် သူနဲ့ သမ္မတ ပူတင်တို့ရဲ့ ဆုံးဖြတ်ချက်ကို နောက်မှ ယူကရိန်း သမ္မတ Zelenskyy ကို အသိပေးမယ်လို့လည်း ပြောပါတယ်။ ယူကရိန်း သမ္မတကတော့ ဗုဒ္ဓဟူးနေ့ သမ္မတထရမ့်နဲ့ တွေ့ဆုံချိန်မှာ သူ့ကို ရုရှားသမ္မတနဲ့ ဆွေးနွေးခဲ့တာတွေ ပြောပြခဲ့တဲ့အပြင် ၂ နိုင်ငံ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပြီး အမေရိကန်နဲ့ ငြိမ်းချမ်းရေး အတွက် လက်တွဲဆောင်ရွက်မယ်လို့ ပြောခဲ့တာပါ။

ကြာသပတေးနေ့မှာတော့ ရုရှားသမ္မတဘက်က အမေရိကန်နဲ့ ညှိနှိုင်းပြီး သူလိုချင်တာ အားလုံး ထည့်သွင်းဖို့ စီစဉ်တာမျိုးဆိုရင် ဖြစ်နိုင်မှာမဟုတ်ကြောင်း သမ္မတ Zelenskyy က ပြောပါတယ်။ ဒါ့အပြင် ပိုလန်ဝန်ကြီးချုပ် Donald Tusk ကလည်း သမ္မတ Putin နဲ့ ညှိနှိုင်းမှုတွေမှာ ယူကရိန်း ဥရောပနဲ့ အမေရိကန်တို့ လက်တွဲဆောင်ရွက်တာ မဟုတ်တဲ့ ဘယ်ညှိနှိုင်းမှုမျိုးကိုမှ လက်ခံမှာ မဟုတ်ကြောင်း ကြာသပတေးနေ့မှာပဲ သူ့ကို ပြောကြား ခဲ့တယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG