သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ် အဆုံးသတ်ရေး အမြန် စေ့စပ်ဆွေးနွေးဖို့ အမေရိကန် သမ္မတ ကတိပြု 


(COMBO) This combination of pictures created on February 12, 2025 shows
US President Donald Trump in Washington, DC, February 11, 2025 and Russia's President Vladimir Putin in Moscow on February 6, 2025.
(COMBO) This combination of pictures created on February 12, 2025 shows US President Donald Trump in Washington, DC, February 11, 2025 and Russia's President Vladimir Putin in Moscow on February 6, 2025.

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်တို့ဟာ တယ်လီဖုန်း ဆက်သွယ် စကားပြောခဲ့ကြပြီး သုံးနှစ်နီးပါးကြာ ဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် ယူကရိန်းခေါင်းဆောင်နဲ့ စေ့စပ်ညှိနှိုင်းမှုတွေ “ချက်ချင်း” စတင်ဖို့ သဘောတူညီခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။

“ယူကရိန်းသမ္မတ Zelenskyy ကို ကျနော်တို့ စကားပြောခဲ့ကြောင်းကို အခုကိုပြောဖို့ လုပ်နေပြီ ” လို့ သမ္မတထရမ့်က သူ့ရဲ့ လူမှုကွန်ရက်မီဒီယာ Truth Social မှာ ရေးသားထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio၊ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA အကြီးအကဲ John Ratcliffe၊ အိမ်ဖြူတော် အမျိုးသား လုံခြုံရေး အကြံပေး Michael Waltz နဲ့ အထူးသံတမန် Steve Witkoff တို့ ဦးဆောင်မယ့် စေ့စပ်ညှိနှိုင်းမှုတွေ အောင်မြင်မယ်လို့ သူ့အနေနဲ့ အခိုင်အမာကို ယုံကြည်ထားကြောင်းလည်း သမ္မတ ထရမ့်က ပြောပါတယ်။

ရုရှား-ယူကရိန်း ပဋိပက္ခအဆုံးသတ်နိုင်ဖို့ ဘယ်လို သဘောတူညီချက် သတ်မှတ်ချက်တွေ ထားရှိမလဲ ဆိုတာတော့ သူက မပြောပါဘူး။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့က ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ယူကရိန်း ကာကွယ်ရေး မဟာမိတ် အဖွဲ့ အစည်းအဝေးမှာတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က ယူကရိန်းရဲ့ အဓိက တောင်းဆိုချက်ဖြစ်တဲ့ မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO အဖွဲ့ဝင် ဖြစ်ရေး ကိုတော့ ပယ်ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG