သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပ အတွင်းအန္တရာယ် JD Vance သတိပေး


ဂျာမနီနိုင်ငံမှာကျင်းပတဲ့ မြူးနစ် လုံခြုံရေးညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ အမေရိကန် ဒုသမ္မတ JD Vance ။
ဂျာမနီနိုင်ငံမှာကျင်းပတဲ့ မြူးနစ် လုံခြုံရေးညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ အမေရိကန် ဒုသမ္မတ JD Vance ။

ဥရောပနိုင်ငံ အစိုးရတွေဟာ ပြင်းထန်တဲ့ စိစစ်ဖြတ်တောက်မှုတွေ လုပ်နေတာဖြစ်ပေမယ့် ရွှေ့ပြောင်းအခြေချသူများအရေး သေသေချာချာ ကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဂျာမဏီနိုင်ငံ မြူးနစ် လုံခြုံရေးညီလာခံမှာ အမေရိကန် ဒုသမ္မတ JD Vance က ဝေဖန်ရင်း၊ ခြိမ်းခြောက်မှု အန္တရာယ်ဟာ ဥရောပဒေသတွင်းမှာပဲ ရှိနေတယ်လို့ ညီလာခံ တက်ရောက်လာတဲ့ ဥရောပခေါင်းဆောင်တွေကို သောကြာနေ့မှာ သူက သတိပေးလိုက်ပါတယ်။

ဥရောပအတွက် စိုးရိမ်ရတဲ့ ခြိမ်းခြောက်မှုဟာ ရုရှားတို့၊ တရုတ်တို့ မဟုတ်သလို၊ တခြားပြင်ပက မဟုတ်ကြောင်းနဲ့ ဥရောပအတွင်းမှာပဲ ရှိနေကြောင်းလည်း ပြောပါတယ်။ ဒါဟာ အမေရိကန်နဲ့တူတဲ့ ဥရောပရဲ့ အခြေခံအကျဆုံး စံတန်ဖိုး ဆုတ်ယုတ်စေတဲ့ကိစ္စ ဖြစ်တဲ့အတွက် စိတ်ပူကြောင်းလည်း ပြောပါတယ်။

ဥရောပနဲ့ အမေရိကန်တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ အားလုံးထဲမှာ ရွှေ့ပြောင်းအခြေချသူတွေ အရေးလောက် ကြီးမားတာ ဘာမှ မရှိဘူးလို့လည်း ဒုသမ္မတ Vance က ပြောပါတယ်။

ဂျာမဏီနိုင်ငံ မြူးနစ် လုံခြုံရေးညီလာခံမှာတွေရတဲ့ အမေရိကန် ဒုသမ္မတ JD Vance ။
ဂျာမဏီနိုင်ငံ မြူးနစ် လုံခြုံရေးညီလာခံမှာတွေရတဲ့ အမေရိကန် ဒုသမ္မတ JD Vance ။

မြူးနစ်မှာ ကြာသပတေးနေ့က အာဖဂန်က ရွှေ့ပြောင်းအခြေချသူတဦးက လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့အတွက် ၃၀ ထက်မနည်း ဒဏ်ရာရခဲ့တာကိုလည်း ထောက်ပြခဲ့ပါတယ်။

အခု မြူးနစ် လုံခြုံရေးညီလာခံဟာ ယူကရိန်းအရေး ရုရှားနဲ့ ဆွေးနွေးမယ့် သမ္မတဒေါ်နယ်ထရမ့် ဘယ်လို ဆုံးဖြတ်မယ်ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေကြချိန်မှာ ကျင်းပတာ ဖြစ်ပါတယ်။ ဒုသမ္မတရဲ့ အခုလို ပြောဆိုမှုတွေကြောင့် အမေရိကန်ဘက်က မြူးနစ်ညီလာခံမှာ ယူကရိန်း- ရုရှားအရေး ဦးစားပေးပြောကြားမယ်လို့ မျှော်လင့်နေတဲ့ ညီလာခံ တက်ရောက်လာတဲ့ ခေါင်းဆောင်တွေကို အံ့အားသင့်စေခဲ့တာပါ။

ထရမ့်အစိုးရ အဖွဲ့အနေနဲ့ ဥရောပလုံခြုံရေးအတွက် အထူးစိုးရိမ်ကြောင်းနဲ့ ရုရှားနဲ့ ယူကရိန်းကြား ကျိုးကြောင်း ဆီလျှော်တဲ့ အဖြေရအောင် လုပ်နိုင်မယ်ထင်ကြောင်းပဲ ဒုသမ္မတက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ညီလာခံ တက်ရောက်လာတဲ့ ဒုသမ္မတ Vance နဲ့ နိုင်ငံခြားရေးဝန်ကြီး Marco Rubio တို့ဟာ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ သောကြာနေ့မှာပဲ သီးခြား တွေ့ဆုံဖို့ရှိပါတယ်။

ဥရောပ အတွင်းအန္တရာယ် JD Vance သတိပေး
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG