သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမြို့တွေအပေါ် ရုရှားဒုံးကျည်နဲ့တိုက်ခိုက် 


ရုရှားတိုက်ခိုက်ခံရပြီးနောက် ယူကရိန်းအလယ်ပိုင်း Uman မြို့ရှိ လူနေအဆောက်အအုံတစ်ခုတွင်း အပျက်အစီးများကို ကယ်ဆယ်ရေးလုပ်သားတွေက ဖယ်ရှားနေစဉ် (ဧပြီလ ၂၈ ရက်၊ ၂၀၂၃)
ရုရှားတိုက်ခိုက်ခံရပြီးနောက် ယူကရိန်းအလယ်ပိုင်း Uman မြို့ရှိ လူနေအဆောက်အအုံတစ်ခုတွင်း အပျက်အစီးများကို ကယ်ဆယ်ရေးလုပ်သားတွေက ဖယ်ရှားနေစဉ် (ဧပြီလ ၂၈ ရက်၊ ၂၀၂၃)

ယူကရိန်းနိုင်ငံ မြို့တော် Kyiv အပါအဝင် ယူကရိန်း နိုင်ငံတဝန်းက မြို့ကြီးတွေကို ရုရှား က ဒီကနေ့ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ တိုက်ခိုက်မှုတွေအတွင်း Dnipro မြို့မှာ သုံးနှစ်သားအရွယ် ကလေးငယ်နဲ့ မိခင် အပါအဝင် ၁၅ ယောက်ထက် မနည်းသေဆုံးခဲ့ပါတယ်။ Kyiv မြို့တော်တွင်း ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ လောလောဆယ် မသိရသေးပါဘူး။

ဒီအတေအတွင်း ရုရုားတွေ ဖမ်းဆီး ခေါ်ဆောင်တာ ခံခဲ့ရပြီး နေရပ်ပြန်ပို့ခံရတဲ့ ယူကရိန်း ကလေးငယ်တွေ ကြုံတွေ့ခဲ့ရတဲ့အရာတွေကနေ ရုရှားရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ အထောက်အထားတွေကို အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက်တရပ်ကို ဥရောပကောင်စီ ပါလီမန်မှာ ကြာသပတေးနေ့က ချမှတ်ခဲ့ပါတယ်။ ရုရှား ဆက်လက် ထိန်းသိမ်းထားတဲ့ ကလေးငယ်တွေကို ယူကရိန်းကို ဘေးအန္တရာယ်ကင်းကင်း ပြန်ပို့ပေးဖို့လည်း ဥရောပကောင်စီက တောင်းဆိုပါတယ်။ ဒီဆုံးဖြတ်ချက်ကို အရေးကြီးတဲ့ လုပ်ဆောင်မှုတခုအဖြစ် ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း ကြိုဆိုပါတယ်။

အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ ရုရှားအစိုးရ အကြီးအကဲ အပါအဝင် ရုရှားအစိုးရ အရာရှိတွေကို ယူကရိန်းအပေါ် သူတို့ ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ မူဝါဒတွေအတွက် တရားမျှတတဲ့ အရေးယူ ဆောင်ရွက်မှုတွေရှိလာရေး ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေအတွက် အများကြီး အထောက်အပံ့ ဖြစ်စေလိမ့်မယ်လို့ သမ္မတ Zelenskyy က ကြာသပတေးနေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG