သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်အတွက် နောက်ထပ်တပ်သားသစ်ရဖို့ ရုရှားစီစဉ်


People walk past an army recruitment billboard with the words "Military service under contract in the armed forces," in St. Petersburg, Russia, March 24, 2023.
People walk past an army recruitment billboard with the words "Military service under contract in the armed forces," in St. Petersburg, Russia, March 24, 2023.

ယူကရိန်းစစ်ပွဲမှာ တိုက်ဖို့အတွက် တကယ်တိုက်နိုင်ခိုက်နိုင်မယ့်သူတွေကို ရုရှားဘက်က လိုက်လံစုဆောင်းနေတယ်လို့ ထောက်လှမ်းရေး သတင်းတွေကို ကိုးကားပြီး ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက တွစ်တာကနေ ပြောပါတယ်။ ရုရှားစစ်တပ်ကို ဝင်ဖို့ စာရင်းသွင်းခြင်းအားဖြင့် ဆုငွေတွေရမယ်လို့ ရုပ်သံလိုင်းတွေနဲ့ ဆိုရှယ်မီဒီယာလူမှုကွန်ရက်တွေမှာ ကြော်ငြာတွေ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ရုရှားက မှန်းထားတဲ့ ၄ သိန်းလောက်ရဖို့ အလားအလာ သိပ်မရှိဘူးလို့လည်း ပြောပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံကလည်း ရုရှားကျူးကျော်စစ်ကို ထောက်ခံတဲ့ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေကို ချမျတ်လိုက်တယ်လို့ ကြေညာလိုက်ပြီး အဲဒီထဲမှာ ရုရှားအတွက် စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီ ၃၂၂ ခု ပါဝင်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က သူ့ရဲ့ နေ့စဉ်မိန့်ခွန်းမှာ ပြောပါတယ်။

မနေ့ စနေနေ့ညကတော့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက Kharkiv မြို့နဲ့ အနီးနားတဝိုက်ဒေသတွေမှာ ရုရှားဘက်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည် ၅ စင်း ထိမှန်ခဲ့လို့ အရပ်သားနေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။ Kharkiv မြို့တောင်ဘက်က Kotliary မြို့မှာဆိုရင် အိမ်တလုံးဒုံးကျည်ထိမှန် ပျက်ဆီးသွားပြီး၊ နောက်ထပ်ဒုံးကျည်တခုကြောင့် အဲဒီမြို့မှာ မီးအကြီးအကျယ်လောင် ကျွမ်းခဲ့တယ်လို့ Kharkiv ဒေသအုပ်ချုပ်ရေး Oleg Sinegubov က တယ်လီဂရမ်ကနေ ပြောပါတယ်။

XS
SM
MD
LG