သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသမ္မတဇာလန်းစကီးနဲ့ တရုတ်သမ္မတတို့ ဖုန်းနဲ့စကားပြော 


China Ukraine
China Ukraine

ယူကရိန်းသမ္မတ ဗလိုဒီမာဇာလင်းစကီးဟာ သူ့အနေနဲ့ ဗုဒ္ဓဟူးနေ့တုန်းက တရုတ်သမ္မတရှီကျင်းပင်နဲ့ တယ်လီဖုန်းကနေတဆင့် အဓိပ္ပါယ်ပြည့်ဝတဲ့ဆွေးနွေးမှုတွေကို အချိန်အတော်ကြာ ပြောခဲ့တယ်လို့ တွစ်တာလူမှုကွန်ယက်မှာ ဖေါ်ပြခဲ့ပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲကိုအဆုံးသတ်နိုင်ရေး ဆွေးနွေးညှိနှိုင်းဖို့အတွက် တရုတ်နဲ့ယူကရိန်းကြား အပြန်အလှန်အထူးကိုယ်စားလှယ်တွေစေလွှတ်ဖို့ သဘောတူခဲ့ကြတယ်လို့လည်း ဖေါ်ပြထားပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ဖေါ်ပြခြင်း မရှိပါဘူး။

တနာရီလောက်ကြာတဲ့ ဖုန်းကနေတဆင့်ဆက်သွယ်ပြောဆိုမှုဟာ ရုရှားက ယူကရိန်းကိုကျူးကျော်ခဲ့ပြီးနောက် သမ္မတဇာလင်းစကီးနဲ့ တရုတ်သမ္မတ ရှီတို့ကြား ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုဟာ တရုတ်ဆိုင်ရာ ယူကရိန်း သံအမတ်ကြီးထားရှိဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေး တိုးလက်လာဖို့အတွက် အရေးပါတဲ့တွန်းအားတရပ်ဖြစ်တယ်လို့ သမ္မတ ဇာလင်းစကီးက တွစ်တာမှာ ရေးသားပြောဆိုခဲ့ပါတယ်။

ဒါဟာ အကျိုးရှိတဲ့ပြောဆိုဆွေးနွေးမှုဖြစ်ပြီး ဒီကနေတဆင့် ယူရိန်းအတွက် ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးအတွက် အပြန်အလှန်ပြောဆိုလုပ်ဆောင်မှုတွေ ဖြစ်လာနိုင်တယ်လို့ သမ္မတဇာလင်းစကီးရဲ့ ဝက်ဆိုဒ်စာမျက်နှာမှာလည်း ဖေါ် ပြထားပါတယ်။

တရုတ်အစိုးရသတင်းဌာနတွေကလည်း သမ္မတ ရှီကျင်းပင်အနေနဲ့ ငြိမ်းချမ်းရေးအတွက်ဆွေးနွေးဖို့ ယူကရိန်းသမ္မတကို တိုက်တွန်းခဲ့ပြီး နျူကလီးယားစစ်ပွဲဖြစ်ခဲ့ရင် အနိုင်ရသူရှိမှာမဟုတ်ဘူးဆိုတာကို သတိပေးခဲ့တယ်လို့ဖေါ်ပြပါတယ်။ နိုင်ငံ ရေးအရဖြေရှင်းနိုင်ဖို့အတွက် တရုတ်အစိုးရထူးကိုယ်စားလှယ်တဦးကို ယူကရိန်းကို စေလွှတ်မယ်လို့လည်း တရုတ်အစိုးရ ရုပ်မြင်သံကြားကဖေါ်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG