သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"နွေဦးတန်ပြန်ထိုးစစ် ရုရှားပိုင်နက်ကိုတိုက်ခိုက်ဖို့မရည်ရွယ်" ယူကရိန်းသမ္မတ


ယူကရိန်းကို ရုရှားကျူးကျော်ပြီးကတည်းက ဂျာမနီကို ပထမဆုံးရောက်လာတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (မေ ၁၄၊ ၂၀၂၃)
ယူကရိန်းကို ရုရှားကျူးကျော်ပြီးကတည်းက ဂျာမနီကို ပထမဆုံးရောက်လာတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (မေ ၁၄၊ ၂၀၂၃)

ယူကရိန်းဘက်ကပြင်ဆင်နေတဲ့ နွေဦးတန်ပြန်ထိုးစစ်ဟာ ရုရှားပိုင်နက်ကိုတိုက်ခိုက်ဖို့မဟုတ်ဘဲ ရုရှားသိမ်းယူထားတဲ့နယ်မြေတွေ လွတ်မြောက်အောင်ဆောင်ရွက်ဖို့ဖြစ်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဂျာမန်ဝန်ကြီးချုပ်နဲ့လုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ယူကရိန်းကိုရုရှားကျူးပြီးကတည်းကဆိုရင် ဂျာမနီကို ပထမဆုံးအကြိမ်လာရောက်တဲ့ ယူကရိန်းသမ္မတကို ဂျာမန်ဝန်ကြီးချုပ် Olaf Scholz က ကြိုဆိုခဲ့ပါတယ်။ ရုရှားကျူးကျော်စစ်ကိုတန်ပြန်ဖို့နဲ့ စစ်ကြောင့်ကြေမွသွားတဲ့တိုင်းပြည်ကို ပြန်တည်ဆောက်ဖို့အတွက် ယူကရိန်းသမ္မတဟာ ဂျာမနီခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

ယူကရိန်းဘက်ကလိုအပ်သရွေ့ ဂျာမန်က ထောက်ခံကူညီသွားမယ်လို့ ဂျာမန်ဝန်ကြီးချုပ်က ကတိပေးခဲ့ပါတယ်။ ယူကရိန်းဟာ ရုရှားနဲ့ငြိမ်းချမ်းရေးဆွေးနွေးလာတဲ့အခါ အသာစီးရအောင်သဘောနဲ့ ရုရှားအတွင်းကနယ်မြေတချို့ကို သိမ်းယူဖို့ ယူကရိန်းသမ္မတက စဉ်းစားနေတယ်လို့ ပေါက်ကြားလာတဲ့အမေရိကန်ထောက်လှမ်းရေးအချက်အလက်တွေကို ကိုးကားပြီး ဝါရှင်တန်ပို့စ်သတင်းစာကြီးက ရေးခဲ့ပါတယ်။ သူတို့ပေးတဲ့ အကူအညီလက်နက်တွေနဲ့ ရုရှားကိုတိုက်ခိုက်တာမလုပ်ရဘူး အနောက်နိုင်ငံအစိုးရတွေက ခြွင်းချက်ထားပြီး ယူကရိန်းကို ကူညီခဲ့ကြတာပါ။

ဒီသတင်းအပေါ်အခြေခံပြီး သတင်းထောက်ကမေးမြန်းတာကို ရုရှားပိုင်နက်ကို တိုက်ခိုက်ဖို့ လုပ်မှာမဟုတ်ဘူးလို့ ယူကရိန်းသမ္မတက ချေပခဲ့တာပါ။ ယူကရိန်းသမ္မတဟာ တနင်္ဂနွေနေ့ ညနေပိုင်းမှာတော့ ပြင်သစ်နိုင်ငံကိုရုတ်တရက်ရောက်ရှိခဲ့ပါတယ်။ လေဆိပ်မှာပဲ ပြင်သစ်ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က သမ္မတ Zelenskyy ကို ကြိုဆိုခဲ့ကြပါတယ်။

ပြင်သစ်သမ္မတ Macron နဲ့ ညစာစားရင်း ခေါင်းဆောင်နှစ်ဦးတွေ့ဆုံဖို့ရှိတယ်လို့ ပြင်သစ်သမ္မတရုံးက ထုတ်ပြန်ပါတယ်။ ပြင်သစ်ဟာ ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်၊ အပေါ့စားတင့်ကားတွေနဲ့ လက်နက်အကူအညီအတော်များများ ထောက်ပံ့ကူညီထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG