သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-7 ထိပ်သီးအစည်းအဝေးအတွက် သမ္မတဘိုင်ဒင် ဂျပန်ရောက်ရှိ


ဟီရိုရှီးမားမှာ ကျင်းပမယ့် G7 ထိပ်သီးစည်းဝေးပွဲတက်လာတဲ့ အမေရိကန်သမ္မတ Joe Biden ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့တွေ့ဆုံ
ဟီရိုရှီးမားမှာ ကျင်းပမယ့် G7 ထိပ်သီးစည်းဝေးပွဲတက်လာတဲ့ အမေရိကန်သမ္မတ Joe Biden ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့တွေ့ဆုံ

ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံရဲ့ G7 ထိပ်သီးစည်းဝေးပွဲတက်ရောက်ဖို့ အမေရိကန်သမ္မတ Joe Biden ဟာ ဂျပန်နိုင်ငံမှာ ရောက်ရှိနေပါတယ်။ G7 ထိပ်သီးစည်းဝေးပွဲကျင်းပမယ့် Hiroshima မြို့မှာ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ ဒီနေ့ တွေ့ဆုံပြီး ၂ နိုင်ငံကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ယူကရိန်းနိုင်ငံအပေါ် ထောက်ခံရေး၊ ရုရှားရဲ့ စစ်ရေးရန်လိုမှုအတွက် တာဝန်ခံနိုင်ရေးတို့လို ဘုံတန်ဖိုးထားတဲ့ ကိစ္စတွေမှာ အမေရိကန်နဲ့ ဂျပန် အတူရပ်တည်နေတယ်လို့ သမ္မတ Biden က ဝန်ကြီးချုပ် Kishida ကိုပြောကြားသွားပါတယ်။ Nuclear လက်နက် မပြန့်ပွားရေး၊ အင်ဒိုပိစိဖိတ်ဒေသ လွတ်လပ်မျှတရေးအတွက် ကတိပြုထားတာကိုလည်း သမ္မတ Biden ကပြောကြားပါတယ်။

နိုင်ငံတကာမှာ စည်းမျဉ်း ဥပဒေတွေအပေါ် အခြေခံပြီး လွတ်လပ် မျှတမှုရှိရေး ဂျပန်နဲ့ အမေရိကန်တို့က ဆောင်ရွက်နေတယ်ဆိုတာ G7 ထိပ်သီးဆွေးနွေးပွဲမှာ ပြသမှာဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Kishida ကပြောကြားခဲ့ပါတယ်။ ဒီ ၂ နိုင်ငံအပြင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန်နဲ့ EU ဥရောပသမဂ္ဂတို့ပါဝင်တဲ့ G7 ထိပ်သီးဆွေးနွေးပွဲကျရင် ယူကရိန်းကို ရုရှားကျူးကျော်တိုက်နေတဲ့ စစ်ပွဲကိစ္စအပြင် တရုတ်က ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်လုပ်နေတာတွေ၊ ဒဏ်ခတ် ပိတ်ဆို့မှုတွေအကြောင်းကိုလည်း အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။ G7 အဖွဲ့ဝင်နိုင်ငံတွေက တရုတ်ကို ကျွမ်းကျင်နည်းပညာတင်ပို့မှုနဲ့ ရင်းနှီးမြှပ်နှံမှု ကန့်သတ်ချက်တွေလုပ်ပြီး အရေးယူဖို့ အလားအလာလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG