သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်ပြည်တွင်းစစ်ကို ဆွေးနွေးဖြေရှင်းကြဖို့ ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

တိုက်ပွဲတွေေ ၄ ရက်ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ဆူဒန်နိုင်ငံ မြို့တော် ခါတိုရမ် (Khartoum) တောင်ပိုင်းမှာရှိတဲ့ မြို့ခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြတာကိုတွေ့ရတာဖြစ်ပါတယ် (ဧပြီ ၁၈၊ ၂၀၂၃)
တိုက်ပွဲတွေေ ၄ ရက်ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ဆူဒန်နိုင်ငံ မြို့တော် ခါတိုရမ် (Khartoum) တောင်ပိုင်းမှာရှိတဲ့ မြို့ခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြတာကိုတွေ့ရတာဖြစ်ပါတယ် (ဧပြီ ၁၈၊ ၂၀၂၃)

ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆူဒန်နိုင်ငံက နှစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က တိုက်တွန်း လိုက်ပါတယ်။

ဆူဒန်မှာ အမေရိကန်သံတမန်ယာဉ်တန်း ပစ်ခတ်ခံရပြီး တရက်အကြာမှာ နှစ်ဘက် အပြန်အလှန်တိုက်နေတဲ့ ဆူဒန်ခေါင်းဆောင်တွေနဲ့ စကားပြောခဲ့ကြောင်း Blinken က အင်္ဂါနေ့က ပြောပါတယ်။ မည်သူတဦးတယောက်မှ ထိခိုက်ဒဏ်ရာရခြင်းမရှိပေမယ့် ဒီတိုက်ခိုက်ခံရမှုဟာ ဆူဒန်နိုင်ငံမှာ အပစ်အခတ်ရပ်စဲရေး အရေးတကြီးလိုအပ်နေတယ်ဆိုတာကို ပြသနေကြောင်း ဝန်ကြီး Blinken ကပြောပါတယ်။

"ဒီမနက်မှာ Rapid Support တပ်ဖွဲ့ (RSF) အကြီးအကဲ ဗိုလ်ချုပ်ကြီး Hemedti (ဟီမဒ်တီ) နဲ့ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင် Burhan (ဘာဟန်) တို့နဲ့ စကားပြောခဲ့ပါတယ်။ ကျနော်တို့ သံတမန်တွေကို တိုက်ခိုက်၊ ခြိမ်းခြောက်၊ အန္တရာယ်ပေးတာမှန်သမျှ လုံးဝလက်မခံနိုင်ဘူးဆိုတာကို သူတို့ကို ကျွန်တော်ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။ ဒီတိုက်ခိုက်ခံရမှုကို ကျွန်တော်တို့ စုံစမ်းနေပါတယ်။ ကျွန်တော်တို့ ရထားတဲ့ ကနဦး အစီရင်ခံစာတွေအရ RSF နဲ့ ဆက်နွယ်တဲ့ တပ်ဖွဲ့တွေက ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ကျွန်တော်တို့ သံတမန်တွေကို အန္တရာယ်ဖြစ်စေတဲ့ တိုက်ခိုက်မှုမှန်သမျှ လုံးဝလက်မခံနိုင်ဘူးလို့ ဗိုလ်ချုပ်ကြီး Hemedti (ဟီမဒ်တီ) ကို ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။” လို့ ဝန်ကြီး Blinken ကပြောသွားတာပါ။

G7 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း ဆူဒန်အရေးနဲ့ ပတ်သက်လို့ ပူးတွဲထုတ်ပြန်ချက်ထုတ်ပြန်အပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly တို့ စကားပြောနေကြစဉ် (ဧပြီ ၁၇၊ ၂၀၂၃)

ဂျပန်နိုင်ငံ Karuizawa (ကယ်ရိုဇာဝါ) မှာ ကျင်းပတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ- “ဆူဒန်ပြည်တွင်းစစ်ကို ရှုတ်ချကန့်ကွက်ခဲ့ပြီး အရပ်သားတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေသလို၊ ဆူဒန်နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းမှုတွေကို ပျက်ပြားစေကြောင်း” ဖေါ်ပြထားပါတယ်။

ဆူဒန်ကို ထိန်းချုပ်ရေး စစ်ရေးအရ နှစ်ဘက်အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအရေအတွက် ၁၈၀ ကျော်ထိရှိသွားပါပြီ။ ဒီအတောအတွင်း အမေရိကန်အပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆူဒန်မှာ ချက်ခြင်း အပစ်အခတ်ရပ်စဲရေး တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG