သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန် စစ်အာဏာသိမ်းမှု နိုင်ငံတဝန်း ဆက်လက်ဆန္ဒပြ


FILE: People chant slogans and burn tires during a protest to denounce the October 2021 military coup, in Khartoum, Sudan, Jan. 6, 2022.
FILE: People chant slogans and burn tires during a protest to denounce the October 2021 military coup, in Khartoum, Sudan, Jan. 6, 2022.

ဆူဒန် စစ်အာဏာသိမ်းမှု နိုင်ငံတဝန်း ဆက်လက်ဆန္ဒပြ

{{Zawgyi/Unicode}}

ဆူဒန်နိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားမှုတွေ နိုင်ငံအဝန်း ဆက်လက်ပေါ်ပေါက်နေချိန်မှာပဲ ကြာသပတေးနေ့က Khartoum မြို့တော်မှာ ဆန္ဒပြသူတွေကို မျည်ရည်ယိုဗုံးတွေ၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဆူဒန်နိုင်ငံမှာ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အပေါ် စစ်တပ်နဲ့ အရပ်ဖက်ခေါင်းဆောင်တွေကြား တင်းမာမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာပဲ ဝန်ကြီးချုပ် Abdalla Hamdok အရပ်သား အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တာပါ။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားမှုတွေကတော့ နိုင်ငံအဝန်းမှာ နေ့စဉ်ရက်ဆက်ဆိုသလို ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ ကြာသပတေးနေ့မှာတော့ Khartoum မြို့တော်အပြင် ကပ်လျက်ရှိနေတဲ့ Omdurman မြို့နဲ့ Darfur ဒေသ နေရာတော်တော်များများမှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ချီတက်ဆန္ဒပြခဲ့ကြတာပါ။ စစ်ခေါင်းဆောင်တွေ အာဏာဖယ်ရှားပေးဖို့ တောင်းဆိုကြတဲ့ ဆန္ဒပြသူတွေကို Khartoum မြို့တော် Bahri အရပ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒဏ်ရာရသူ ၆ ယောက်ထက်မနည်း ရှိခဲ့ကြောင်းလည်း တက်ကြွလှုပ်ရှားသူ တယောက်က ပြောပါတယ်။

သမ္မတနန်းတော်ကို ချီတက်ဖို့ ကြိုးစားကြတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးသုံး ပစ်ခတ်ဖြိုခွဲခဲ့ကြောင်းလည်း ပြောပါတယ်။ ရဲတပ်ဖွဲ့ ပြောခွင့်ရသူကတော့ သမ္မတနန်းတော်အနီး ဆန္ဒပြပွဲမှာ လုံခြုံရေး တာဝန်ယူနေတဲ့ ရဲမှူးတဦးဟာ ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဆူဒန်မှာ အာဏာသိမ်းပြီးနောက်ပိုင်း နှိမ်နင်းမှုတွေကြောင့် ဆန္ဒပြသူ ၆၀ ကျော် သေဆုံးပြီး၊ ရာနဲ့ချီ ဒဏ်ရာရခဲ့ကြောင်းလည်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဆူဒန် စစ်မာဏာသိမ်းမှု နိုင်ငံတဝန်း ဆက်လက်ဆန္ဒပြ
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

...........................


{{Zawgyi/Unicode}}




XS
SM
MD
LG