သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲ နှိမ်နင်းခံရ ၄ ဦးသေ 


People march during a protest to denounce the October military coup, in Khartoum, Sudan, Thursday, Dec. 30, 2021.
People march during a protest to denounce the October military coup, in Khartoum, Sudan, Thursday, Dec. 30, 2021.

ဆူဒန်စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲ နှိမ်နင်းခံရ ၄ ဦးသေ

{{Zawgyi/Unicode}}

ဆူဒန်နိုင်ငံမှာ ကန့်သတ်တားဆီးထားတဲ့ကြားမှာပဲ ကြာသပတေးနေ့က လူပေါင်းထောင်သောင်းချီ၊ စစ်အာဏာသိမ်း အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
အောက်တိုဘာလ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ၂ လကျော် ကာလအတွင်း သေဆုံးသူ ၅၂ ယောက်ထက်မနည်း ရှိပြီလို့လည်း ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဆရာဝန်များ ကော်မတီက ပြောပါတယ်။

ကြာသပတေးနေ့က မြို့တော် ခါတွန် နဲ့ကပ်လျက် Odurman မြို့မှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ကျည်ဆံအစစ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ၄ ဦးသေပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အရေးပေါ် လူနာတင်ယဉ်တွေကို ပိတ်ဆို့တားဆီးနေတဲ့တွက် Odurman မြို့က ဆေးရုံကို ဆရာဝန်တွေလာရောက် ကူညီဖို့ ပန်ကြားခဲ့ရတယ်လို့လည်း ဆရာဝန်များကောင်စီကပြောပါတယ်။

မျက်ရည်ယိုဗုံးတွေနဲ့ပစ်ခတ်နေတဲ့ကြားက ဆန္ဒပြသူတွေဟာ ဆက်လက်ချီတက်ခဲ့ ကြပြီး စစ်အုပ်ချုပ်ရေး အလိုမရှိဆိုတဲ့ကြွေးကြော်သံများကိုကြွေးကြော်ခဲ့ပါတယ်။ ဆူဒန်နိုင်ငံအနှံ ဆန္ဒပြပွဲတွေဖြစ်ပွားနေပြီး စစ်အုပ်ချုပ်ရေးကနေ အရပ်သားအစိုးရ အုပ်ချုပ်ရေးကိုပြောင်းလဲဖို့တောင်းဆိုနေကြပါတယ်။

ပြည်တွင်း၊ ပြည်ပ တယ်လီဖုန်း ဆက်သွယ်မှုတွေကို အာဏာပိုင်တွေ ပိတ်ထားတဲ့အတွက် ပန်ကြားချက်တွေကိုတော့ ပြည်ပရောက် ဆူဒန်နိုင်ငံသားတွေက လူမှုကွန်ရက်တွေမှာ ဖြန့်ခဲ့ကြတာပါ။ အင်တာနက် လွတ်လပ်ခွင့် စောင့်ကြည့်တဲ့ အဖွဲ့တခုဖြစ်တဲ့ NetBlocks ကလည်း ဆူဒန်နိုင်ငံမှာ အင်တာနက် အဆက်အသွယ်တွေ ဖြတ်တောက်ခံထားရကြောင်း ပြောပါတယ်။

ဆော်ဒီရုပ်သံဌာန Al-Arabiya ကတော့ ခါတွန်မြို့တော်ကရုံးကို ဆူဒန်လုံခြုံရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာကြောင့် သတင်းသမားအများအပြား ဒဏ်ရာရခဲ့ကြောင်း ပြောဆိုထားပါတယ်။ ဆော်ဒီသတင်းဌာန နောက်တခုဖြစ်တဲ့ ASharq ကလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင် လှုပ်ရှားမှုတွေကို သတင်းယူမယ့် သတင်းထောက်တွေ တားဆီးခံရကြောင်း ပြောပါတယ်။

......................................

တိုက်ရိုက် လင့်ခ်



{{Unicode}}






XS
SM
MD
LG