သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်အာဏာသိမ်းစစ်တပ်နဲ့ အရပ်သားအစိုးရအကြား ပြေလည်ရေး သဘောတူညီချက်ရ


ဆူဒန်စစ်တပ်အကြီးအကဲ Abdel Fattah al-Burhan (ဝဲ) နဲ့ ဆူးဒန်ဝန်ကြီးချုပ် Abdalla Hamdok. (နိုဝင်ဘာ ၂၁၊ ၂၀၂၁)
ဆူဒန်စစ်တပ်အကြီးအကဲ Abdel Fattah al-Burhan (ဝဲ) နဲ့ ဆူးဒန်ဝန်ကြီးချုပ် Abdalla Hamdok. (နိုဝင်ဘာ ၂၁၊ ၂၀၂၁)

(Zawgyi / Unicode)

ဆူဒန်နိုင်ငံမှာ အာဏာသိမ်းစစ်တပ်နဲ့ အရပ်သား ခေါင်းဆောင်တွေအကြား သဘောတူညီချက်ရပြီး ပြီးခဲ့တဲ့လ အာဏာသိမ်းစဉ် ရာထူးက ဖြုတ်ချခံရတဲ့ ဝန်ကြီးချုပ် Abdalla Hamdok ကို ရာထူးပြန်ပေးလိုက်ပါပြီ။

စစ်တပ်နဲ့ နိုင်ငံရေးပါတီတွေအကြား ဆွေးနွေးပြီး သဘောတူညီချက်အရ အောက်တိုဘာ ၂၅ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးခံရတဲ့ နိုင်ငံရေးသမားတွေကို ပြန်လွှတ်ပေးမယ်လို့ စစ်ဘက်ရော အရပ်သားအစိုးရ တာဝန်ရှိသူတွေကပါ ပြောပါတယ်။

လွတ်လပ်တဲ့ အရပ်သားအုပ်ချုပ်ရေး အရာရှိတွေပါမယ့် ဝန်ကြီးအဖွဲ့ကို ဝန်ကြီးချုပ် Hamdok က ဦးဆောင်ဖွဲ့စည်းမယ်လို့ သိရပါတယ်။

အခုလို သဘောတူညီချက် ရဖို့အတွက် အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂတို့ဟာ အရေးပါတဲ့ အခန်းကနေ စေ့စပ်ပေးခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်း စစ်တပ်အာဏာသိမ်းလိုက်ပြီးတဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ သွေးထွက်သံယိုမှုတွေ အဆုံးသတ်ရေးအတွက် ဝန်ကြီးချုပ်က သဘောတူလိုက်တာလို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်အတွင်း စစ်တပ်နဲ့ အရပ်သားအစိုးရအဖွဲ့တို့ ရရှိထားတဲ့ ဖွဲ့စည်းပုံ သဘောတူညီချက်ကို အခြေခံပြီး အနာဂတ် ဆွေးနွေးမှုတွေကို ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဆူဒန်နိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ စစ်တပ်အနေနဲ့ နိုင်ငံရေးလောကက အပြီးတိုင် နုတ်ထွက်ပေးဖို့အတွက် တောင်းဆိုနေကြပါတယ်။

ဒီအတောအတွင်း ဝန်ကြီးချုပ် Abdallah Hamdok နဲ့ စစ်တပ်အကြီးအကဲ Abdel Fattah al-Burhan တို့ တနင်္ဂနွေနေ့မှာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မယ့် မြို့တော် Khartoum က သမ္မတအိမ်တော်ရှိရာကို ထောင်နဲ့ချီတဲ့ ဆန္ဒပြပြည်သူတွေ ချီတက်သွားခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

--------------------

(Unicode)










XS
SM
MD
LG