သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆူဒန္မွာ အာဏာပိုင္ေကာင္စီအသစ္တရပ္ ေပၚလာႏိုင္ေျခရွိ 


ေအာက္တိုဘာ ၂၅ ရက္ စစ္အာဏာသိမ္းခ်ိန္မွာ ရာထူးက ျဖဳတ္ခ်ခံထားရသူ ဆူဒန္ဝန္ႀကီးခ်ဳပ္ Abdalla Hamdok (ၾသဂုတ္ ၂၁၊ ၂၀၂၁)

{{Zawgyi/Unicode}}

ဆူဒန္ဝန္ႀကီးခ်ဳပ္ Abdalla Hamdok နဲ႔ ေအာက္တိုဘာ ၂၅ ရက္ေန႔က အာဏာသိမ္းခဲ့တဲ့ စစ္ေခါင္းေဆာင္ေတြၾကား ေဆြးေႏြးေနၾကတာ တိုးတက္မႈ ရွိေနေၾကာင္း ဝန္ႀကီးခ်ဳပ္နဲ႔ နီးစပ္သူတဦးက ႐ိုက္တာ သတင္းဌာနကို ေျပာပါတယ္။

မၾကာခင္မွာ အဖြဲ႔ဝင္ ၁၄ ဦး ပါဝင္တဲ့ အခ်ဳပ္အျခာအာဏာပိုင္ ေကာင္စီအသစ္ တရပ္ ေပၚလာႏိုင္ေျခရွိေၾကာင္း ႐ိုက္တာသတင္းက ၫႊန္းထားပါတယ္။

ခုလို စကားေျပာၾကဖို႔ ကုလသမဂၢနဲ႔ အေမရိကန္တို႔က ဖိအားေပးခဲ့ၾကတာပါ။ ဖြဲ႔စည္းပုံအရ အုပ္ခ်ဳပ္ေရးနဲ႔ အကူးအေျပာင္း ျဖစ္စဥ္ကို ျပန္သြားဖို႔ အာဏာသိမ္း စစ္ေခါင္းေဆာင္ကို ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ ANTONIO GUTERRES က ၾကာသပေတးေန႔က ေျပာခဲ့ပါတယ္။

အဲဒီေန႔မွာပဲ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး ANTONY BLINKEN က စစ္ေခါင္းေဆာင္ BURHAN နဲ႔ ဖုန္းေျပာခဲ့ၿပီး ဒီမိုကေရစီ အကူးအေျပာင္းလမ္းစဥ္ကို ထိန္းသိမ္းဖို႔ သေဘာတူခဲ့ၾကပါတယ္။ အစိုးရတရပ္ ဖြဲ႔စည္းဖို႔လည္း BURHAN က သေဘာတူခဲ့ေၾကာင္း သူ႔႐ုံးက ေျပာပါတယ္။

ျဖဳတ္ခ်ခံလိုက္ရတဲ့ ဝန္ႀကီးခ်ဳပ္ပါဝင္မယ့္ အာဏာခြဲေဝယူေရး ျဖစ္ႏိုင္ဖြယ္ လမ္းေၾကာင္းတရပ္ဟာ ေဆြးေႏြးပြဲကေန ထြက္ေပၚလာေနေၾကာင္း ဆူဒန္ ႏိုင္ငံဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ Volker Perthes က ေျပာပါတယ္။

ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔နဲ႔ အာဏာသိမ္းမႈကို ျပန္႐ုပ္ဖို႔ အခ်က္ေတြကို စစ္တပ္နဲ႔ ေဆြးေႏြးဖို႔ ႀကိဳတင္သတ္မွတ္ခ်က္ေတြအျဖစ္ ဝန္ႀကီးခ်ဳပ္ HAMDOK က ေတာင္းဆိုထားပါတယ္။ ဝန္ႀကီးခ်ဳပ္ ရဲ႕ အစိုးရအဖြဲ႔ဝင္ ၄ ေယာက္ကို လႊတ္ဖို႔ စစ္ေခါင္းေဆာင္ BURHAN က အမိန႔္ထုတ္ထားၿပီးျဖစ္ေၾကာင္း ႏိုင္ငံပိုင္႐ုပ္သံတင္းဌာနက ၾကာသပေတးေန႔က ေၾကညာသြားပါတယ္။

ျပန္လႊတ္မေပးေသးတဲ့ တျခားဝန္ႀကီးေတြနဲ႔ တာဝန္ရွိသူေတြဟာ ရာဇဝတ္ေၾကာင္းဆိုင္ရာ စြဲခ်က္ေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ေစ့စပ္ညႇိႏႈိင္းမႈေတြနဲ႔ နီးစပ္သူတဦးက ေျပာတဲ့အေၾကာင္း ႐ိုက္တာသတင္းမွာေရးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


***************

{{Unicode}}

ဆူဒန်မှာ အာဏာပိုင်ကောင်စီအသစ်တရပ် ပေါ်လာနိုင်ခြေရှိ

ဆူဒန်ဝန်ကြီးချုပ် Abdalla Hamdok နဲ့ အောက်တိုဘာ ၂၅ ရက်နေ့က အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်တွေကြား ဆွေးနွေးနေကြတာ တိုးတက်မှု ရှိနေကြောင်း ဝန်ကြီးချုပ်နဲ့ နီးစပ်သူတဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

မကြာခင်မှာ အဖွဲ့ဝင် ၁၄ ဦး ပါဝင်တဲ့ အချုပ်အခြာအာဏာပိုင် ကောင်စီအသစ် တရပ် ပေါ်လာနိုင်ခြေရှိကြောင်း ရိုက်တာသတင်းက ညွှန်းထားပါတယ်။

ခုလို စကားပြောကြဖို့ ကုလသမဂ္ဂနဲ့ အမေရိကန်တို့က ဖိအားပေးခဲ့ကြတာပါ။ဖွဲ့စည်းပုံအရ အုပ်ချုပ်ရေးနဲ့ အကူးအပြောင်း ဖြစ်စဉ်ကို ပြန်သွားဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ANTONIO GUTERRES က ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

အဲဒီနေ့မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ANTONY BLINKEN က စစ်ခေါင်းဆောင် BURHAN နဲ့ ဖုန်းပြောခဲ့ပြီး ဒီမိုကရေစီ အကူးအပြောင်းလမ်းစဉ်ကို ထိန်းသိမ်းဖို့ သဘောတူခဲ့ကြပါတယ်။ အစိုးရတရပ် ဖွဲ့စည်းဖို့လည်း BURHAN က သဘောတူခဲ့ကြောင်း သူ့ရုံးက ပြောပါတယ်။

ဖြုတ်ချခံလိုက်ရတဲ့ ဝန်ကြီးချုပ်ပါဝင်မယ့် အာဏာခွဲဝေယူရေး ဖြစ်နိုင်ဖွယ် လမ်းကြောင်းတရပ်ဟာ ဆွေးနွေးပွဲကနေ ထွက်ပေါ်လာနေကြောင်း ဆူဒန် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်Volker Perthes က ပြောပါတယ်။

ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ အာဏာသိမ်းမှုကို ပြန်ရုပ်ဖို့ အချက်တွေကို စစ်တပ်နဲ့ ဆွေးနွေးဖို့ ကြိုတင်သတ်မှတ်ချက်တွေအဖြစ် ဝန်ကြီးချုပ် HAMDOK က တောင်းဆိုထားပါတယ်။ ဝန်ကြီးချုပ် ရဲ့ အစိုးရအဖွဲ့ဝင် ၄ ယောက်ကို လွှတ်ဖို့ စစ်ခေါင်းဆောင် BURHAN က အမိန့်ထုတ်ထားပြီးဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံတင်းဌာနက ကြာသပတေးနေ့က ကြေညာသွားပါတယ်။

ပြန်လွှတ်မပေးသေးတဲ့ တခြားဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေဟာ ရာဇဝတ်ကြောင်းဆိုင်ရာ စွဲချက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ နီးစပ်သူတဦးက ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာရေးထားပါတယ်။

#Sudan #voaburmse #ဆူဒန် #ဗွီအိုအေမြန်မာပိုင်း

**************

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG