သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆူဒန္စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပပဲြ ၿဖိဳခြင္းခံရ၊ ၅ ေယာက္ေသ


ဆူဒန္ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပသူမ်ား။ (ႏုိဝင္ဘာ ၁၃၊ ၂၀၂၁)

(Zawgyi / Unicode)

ဆူဒန္ႏိုင္ငံတလႊား စေနေန႔က ဒီမိုကေရစီေရး ေတာင္းဆို ဆႏၵျပသူေတြကို လံုၿခံဳေရး တာဝန္ရွိသူေတြက က်ည္ဆန္အစစ္ေတြ၊ မ်က္ရည္ယိုဗံုးေတြ သံုးၿပီး ပစ္ခတ္ၿဖိဳခြဲခဲ့တယ္လို႔ မ်က္ျမင္ေတြ႔သူေတြက ေျပာပါတယ္။ ဒီၿဖိဳခြဲမႈေၾကာင့္ ေသဆံုးရသူ ၅ ဦးထက္မနည္း ရွိေနတယ္လို႔ ဆူဒန္ဆရာဝန္မ်ားအဖြဲ႔က ေျပာပါတယ္။

ဆူဒန္မွာ အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ေအာက္တိုဘာလ ၂၅ ရက္ေန႔က စၿပီး ဒီမိုကေရစီေရး ေတာင္းဆိုဆႏၵျပမႈအျဖစ္ လူေပါင္းသန္းခ်ီ ဆႏၵျပဖို႔ ေဆာ္ၾသထားတာ ျဖစ္ပါတယ္။

ဆူဒန္ၿမိဳ႕ေတာ္ Khartoum နဲ႔ ကပ္လ်က္ရွိေနတဲ့ Omdurman နဲ႔ ေျမာက္ Khartoum ၿမိဳ႕ေတြကို သြားတဲ့ တံတားေတြကို ဆူဒန္တပ္ေတြက ပိတ္ထားတာ ျဖစ္ပါတယ္။ ဆႏၵျပသူေတြက အဲဒီၿမိဳ႕ေတြမွာ စတင္စုေဝးလာတာေၾကာင့္ Khartoum ၿမိဳ႕ထဲမွာ သြားမစုႏိုင္ေအာင္ စစ္တပ္က မ်က္ရည္ယိုဗံုးေတြနဲ႔ ပစ္ခတ္ၿပီး လူစုခြဲတာျဖစ္ေၾကာင္း မ်က္ျမင္ေတြ႔သူေတြက ေျပာပါတယ္။

Khartoum နဲ႔ Omdurman ၿမိဳ႕ေတြမွာ ၅ ဦးထက္မနည္း ေသဆံုးခဲ့ရၿပီး ၄ ဦးက ေသနတ္ဒဏ္ရာနဲ႔ ေသဆံုးၿပီး တဦးက မ်က္ရည္ယိုဗံုးေၾကာင့္ ေသဆံုးရသလို အမ်ားအျပား ဒဏ္ရာေတြ ရခဲ့တယ္လို႔ ဆူဒန္ဆရာဝန္မ်ားအဖြဲ႔က ေျပာပါတယ္။

ဆူဒန္က အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ Abdel-Fattah al-Burhan က သူ႔ကိုယ္သူ ဆူဒန္ယာယီအုပ္ခ်ဳပ္ေရးအဖြဲ႔ အႀကီးအကဲအျဖစ္ ခန္႔အပ္ခဲ့ၿပီး ၂ ရက္အၾကာ စေနေန႔မွာ ဆႏၵျပပြဲ ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ အခုခ်ိန္အထိ ဆႏၵျပမႈကို အင္အားအလြန္အကၽြံသံုး ႏွိမ္နင္းမႈေတၾကာင့္ ေသဆံးရသူ အနည္းဆံုး ၁၅ ဦး ရွိေနတယ္လို႔ ကုလသမဂၢကေရာ ဆူဒန္ဆရာဝန္မ်ားအဖြဲ႔ကပါ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ဆူဒန်စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ ဖြိုခွင်းခံရ၊ ၅ ယောက်သေ

ဆူဒန်နိုင်ငံတလွှား စနေနေ့က ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြသူတွေကို လုံခြုံရေး တာဝန်ရှိသူတွေက ကျည်ဆန်အစစ်တွေ၊ မျက်ရည်ယိုဗုံးတွေ သုံးပြီး ပစ်ခတ်ဖြိုခွဲခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ဒီဖြိုခွဲမှုကြောင့် သေဆုံးရသူ ၅ ဦးထက်မနည်း ရှိနေတယ်လို့ ဆူဒန်ဆရာဝန်များအဖွဲ့က ပြောပါတယ်။

ဆူဒန်မှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က စပြီး ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြမှုအဖြစ် လူပေါင်းသန်းချီ ဆန္ဒပြဖို့ ဆော်သြထားတာ ဖြစ်ပါတယ်။

ဆူဒန်မြို့တော် Khartoum နဲ့ ကပ်လျက်ရှိနေတဲ့ Omdurman နဲ့ မြောက် Khartoum မြို့တွေကို သွားတဲ့ တံတားတွေကို ဆူဒန်တပ်တွေက ပိတ်ထားတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက အဲဒီမြို့တွေမှာ စတင်စုဝေးလာတာကြောင့် Khartoum မြို့ထဲမှာ သွားမစုနိုင်အောင် စစ်တပ်က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး လူစုခွဲတာဖြစ်ကြောင်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

Khartoum နဲ့ Omdurman မြို့တွေမှာ ၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၄ ဦးက သေနတ်ဒဏ်ရာနဲ့ သေဆုံးပြီး တဦးက မျက်ရည်ယိုဗုံးကြောင့် သေဆုံးရသလို အများအပြား ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆူဒန်ဆရာဝန်များအဖွဲ့က ပြောပါတယ်။

ဆူဒန်က အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ် Abdel-Fattah al-Burhan က သူ့ကိုယ်သူ ဆူဒန်ယာယီအုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ပြီး ၂ ရက်အကြာ စနေနေ့မှာ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုချိန်အထိ ဆန္ဒပြမှုကို အင်အားအလွန်အကျွံသုံး နှိမ်နင်းမှုတေကြာင့် သေဆံးရသူ အနည်းဆုံး ၁၅ ဦး ရှိနေတယ်လို့ ကုလသမဂ္ဂကရော ဆူဒန်ဆရာဝန်များအဖွဲ့ကပါ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG