သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆူဒန္စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပပဲြ ႏွိမ္နင္းခံရ၊ ၃ ဦးေသ


ဆူဒန္ႏုိင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ ဆႏၵျပေနသူမ်ား။ (ေအာက္တုိဘာ ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

ဆူဒန္ႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို စေနေန႔က ဆန္႔က်င္ ဆႏၵျပပြဲေတြအတြင္း လံုၿခံဳေရးတပ္ဖြဲ႔ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ လူ ၃ ဦး ေသဆံုးခဲ့ရပါတယ္။

Khartoum ၿမိဳ႕ေတာ္အနီးက Omdurman ၿမိဳ႕က ဆႏၵျပလူအုပ္ထဲကို လံုၿခံဳေရး တပ္ဖြဲ႔ေတြက ေသနတ္နဲ႔ ပစ္ခတ္ရာက ၂ ဦး ေသဆံုးေၾကာင္း ဆူဒန္ ဆရာဝန္မ်ား ေကာ္မတီက ကနဦး သတင္းထုတ္ျပန္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ေနာက္ထပ္တဦး ထပ္မံေသဆံုးေၾကာင္း အတည္ျပဳခဲ့ပါတယ္။

ၿပီးခဲ့တဲ့ တနလၤာေန႔မွာ ဝန္ႀကီးခ်ဳပ္ကို ျဖဳတ္ခ်ၿပီး စစ္တပ္ အာဏာသိမ္းခဲ့ၿပီးေနာက္ ဆႏၵျပပြဲေတြအတြင္း ေသဆံုးသူ ၁၂ ဦးထိ ရွိသြားၿပီ ျဖစ္ပါတယ္။ စေနေန႔က ဆႏၵျပပြဲေတြမွာေတာ့ ၿမိဳ႕ေတာ္ Khartoum မွာ လူေပါင္း သိန္းခ်ီ ပါဝင္ခဲ့ၾကသလို ႏုိင္ငံတဝန္းက တျခား ၿမိဳ႕ႀကီးေတြမွာလည္း ဆႏၵျပခဲ့ၾကပါတယ္။

၂၀၁၉ မွာ ဖြဲ႔စည္းခဲ့တဲ့ သမိုင္းဝင္ အသြင္ကူးေျပာင္းေရး အစိုးရကို ဖ်က္သိမ္းေၾကာင္း ေၾကညာၿပီး ႏိုင္ငံေတာ္ အေရးေပၚအေျခအေနအျဖစ္ ဗိုလ္ခ်ဳပ္ႀကီး Abdel-Fattah Burhan က ေၾကညာခဲ့တဲ့ တနလၤာေန႔ကစလို႔ ဆႏၵျပေနၾကတာ ျဖစ္ပါတယ္။ လူေပါင္းသန္းခ်ီ ခ်ီတက္ဖို႔ ေဆာ္ၾသထားတဲ့ စေနေန႔ ဆႏၵျပပဲြကေတာ့ အႀကီးဆုံး ျဖစ္မယ္လို႔ ခန္႔မွန္းထားၾကတာပါ။

Khartoum နဲ႔ တျခားၿမိဳ႕ေတြမွာ လူထုက ဆူဒန္အလံေတြနဲ႔ စစ္အစိုးရကို ဆန္႔က်င္တဲ့ ဆိုင္းဘုတ္ေတြ ကိုင္ေဆာင္ ခ်ီတက္ခဲ့ၾကတာကို ဓာတ္ပံုေတြ၊ ဗြီဒီယိုေတြထဲမွာ ေတြ႔ျမင္ရပါတယ္။

အာဏာရွင္ Omar al-Bashir ႏုတ္ထြက္ေရး ၂၀၁၉ ခုႏွစ္ ဆႏၵျပ ေတာင္းဆိုမႈေတြတုန္းက ေႂကြးေၾကာ္သံေတြ၊ သီခ်င္းေတြလည္း ဒီသီတင္းပတ္ ဆႏၵျပပြဲေတြမွာ ျပန္ၿပီး ေပၚထြက္လာခဲ့ပါတယ္။

ေထာင္နဲ႔ခ်ီတဲ့ လူငယ္ေတြ၊ အမ်ိဳးသမီးေတြ၊ လူႀကီးေတြ၊ ကေလးေတြ အားလံုးကုိ ေနရာတိုင္းမွာ ေတြ႔ျမင္ေနရေၾကာင္း Khartoum ၿမိဳ႕ေတာ္က တက္ႂကြလႈပ္ရွားသူ Walaa Salah က ဗြီအိုေအရဲ႕ English to Africa အစီအစဥ္ကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ဆူဒန်စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲ နှိမ်နင်းခံရ၊ ၃ ဦးသေ

ဆူဒန်နိုင်ငံမှာ စစ်အာဏာသိမ်းမှုကို စနေနေ့က ဆန့်ကျင် ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ရပါတယ်။

Khartoum မြို့တော်အနီးက Omdurman မြို့က ဆန္ဒပြလူအုပ်ထဲကို လုံခြုံရေး တပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်ရာက ၂ ဦး သေဆုံးကြောင်း ဆူဒန် ဆရာဝန်များ ကော်မတီက ကနဦး သတင်းထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းမှာတော့ နောက်ထပ်တဦး ထပ်မံသေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဝန်ကြီးချုပ်ကို ဖြုတ်ချပြီး စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၁၂ ဦးထိ ရှိသွားပြီ ဖြစ်ပါတယ်။ စနေနေ့က ဆန္ဒပြပွဲတွေမှာတော့ မြို့တော် Khartoum မှာ လူပေါင်း သိန်းချီ ပါဝင်ခဲ့ကြသလို နိုင်ငံတဝန်းက တခြား မြို့ကြီးတွေမှာလည်း ဆန္ဒပြခဲ့ကြပါတယ်။

၂၀၁၉ မှာ ဖွဲ့စည်းခဲ့တဲ့ သမိုင်းဝင် အသွင်ကူးပြောင်းရေး အစိုးရကို ဖျက်သိမ်းကြောင်း ကြေညာပြီး နိုင်ငံတော် အရေးပေါ်အခြေအနေအဖြစ် ဗိုလ်ချုပ်ကြီး Abdel-Fattah Burhan က ကြေညာခဲ့တဲ့ တနင်္လာနေ့ကစလို့ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ လူပေါင်းသန်းချီ ချီတက်ဖို့ ဆော်သြထားတဲ့ စနေနေ့ ဆန္ဒပြပွဲကတော့ အကြီးဆုံး ဖြစ်မယ်လို့ ခန့်မှန်းထားကြတာပါ။

Khartoum နဲ့ တခြားမြို့တွေမှာ လူထုက ဆူဒန်အလံတွေနဲ့ စစ်အစိုးရကို ဆန့်ကျင်တဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင် ချီတက်ခဲ့ကြတာကို ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေထဲမှာ တွေ့မြင်ရပါတယ်။

အာဏာရှင် Omar al-Bashir နုတ်ထွက်ရေး ၂၀၁၉ ခုနှစ် ဆန္ဒပြ တောင်းဆိုမှုတွေတုန်းက ကြွေးကြော်သံတွေ၊ သီချင်းတွေလည်း ဒီသီတင်းပတ် ဆန္ဒပြပွဲတွေမှာ ပြန်ပြီး ပေါ်ထွက်လာခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ လူငယ်တွေ၊ အမျိုးသမီးတွေ၊ လူကြီးတွေ၊ ကလေးတွေ အားလုံးကို နေရာတိုင်းမှာ တွေ့မြင်နေရကြောင်း Khartoum မြို့တော်က တက်ကြွလှုပ်ရှားသူ Walaa Salah က ဗွီအိုအေရဲ့ English to Africa အစီအစဉ်ကို ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG