သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆူဒန္စစ္အာဏာသိမ္းမႈဆန႔္က်င္ဖို႔ အေထြေထြသပိတ္လႈံ႕ေဆာ္


စစ္အာဏာသိမ္းတာကို ဆန္႔က်င္တဲ့ ဆူဒန္ျပည္သူေတြက အတားအဆီးေတြလုပ္ထားၾကပံု။ (ေအာက္တုိဘာ ၂၅၊ ၂၀၂၁)

{{Zawgyi/Unicode}}

ဆူဒန္စစ္တပ္က အာဏာသိမ္းလိုက္အၿပီး တရက္အၾကာမွာ လမ္းေတြပိတ္၊ ဆိုင္ေတြပိတ္၊ ဖုန္းေတြ ဆက္မရ၊ အဂၤါေန႔မွာ အေထြေထြသပိတ္ေမွာက္ၾကဖို႔ ဗလီအသံခ်ဲ႕စက္ေတြက ဆင့္ေခၚေနၾကပါတယ္။ ၿမိဳ႕ေတာ္ခါတြန္နဲ႔ကပ္လ်က္ Omdurman ၿမိဳ႕ရဲ႕ လမ္းေတြမွာ စစ္သားေတြကပဲျဖစ္ျဖစ္ ဆႏၵျပသူေတြက ပဲျဖစ္ျဖစ္ ပိတ္ထားၾကပါတယ္။

ဝန္ႀကီးခ်ဳပ္ Abdalla Hamdok ကို ဖမ္းဆီးခဲ့တဲ့ေနာက္ Khartoum ၿမိဳ႕ေတာ္ လမ္းမေတြေပၚမွာ ကန႔္ကြက္ဆႏၵျပသူ ေထာင္ေပါင္းမ်ားစြာထြက္ ဆႏၵျပခဲ့ၾကေပမဲ့ တနလၤာေန႔ညကေတာ့ တိတ္ဆိတ္ေနခဲ့ပါတယ္။ ဆႏၵျပသူေတြနဲ႔ စစ္သားေတြၾကား ထိပ္တိုက္ရင္ဆိုင္ခဲ့ၾကရာက လူအနည္းဆုံး ၇ ေယာက္ ေသဆုံးခဲ့တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူတေယာက္က ေျပာပါတယ္။

စစ္အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး Abdel Fattah al-Burhan က အေရးေပၚ အေျခအေန ေၾကညာခဲ့ၿပီး ၂၀၂၃ ဇူလိုင္မွာ ေ႐ြးေကာက္ပြဲက်င္းပၿပီး အရပ္သားအစိုးရကို အာဏာလႊဲမယ္လို႔ ကတိေပးခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၂ ႏွစ္တာကာလ ႏိုင္ငံကို စစ္တပ္နဲ႔ ပူးတြဲအုပ္ခ်ဳပ္ေနတဲ့ အရပ္ဘက္- စစ္ဘက္ ပူးတြဲေကာင္စီကို ဖ်က္သိမ္းၿပီး ေကာင္စီဝင္ေတြကို ဖမ္းဆီးခဲ့သလို အလုပ္သမားသမဂၢေတြကို အုပ္ခ်ဳပ္တဲ့ ေကာ္မတီေတြကိုလည္း အဂၤါေန႔မွာ ဖ်က္သိမ္းလိုက္တယ္လို႔ အာရပ္ သတင္းဌာနေတြက ဆိုၾကပါတယ္။

ဆူဒန္ ျပန္ၾကားေရးဝန္ႀကီးဌာနက ဝန္ႀကီးခ်ဳပ္ Hamdok ကို ဆက္လက္သစၥာခံေနၿပီး အေရးေပၚ အေျခအေနကို ဝန္ႀကီးခ်ဳပ္ကသာ ေၾကညာခြင့္ရွိေၾကာင္း ဆူဒန္ႏိုင္ငံရဲ႕ အကူးအေျပာင္းကာလ ဖြဲ႕စည္း အုပ္ခ်ဳပ္ပုံ အေျခခံဥပေဒက ျပဌာန္းထားတယ္လို႔ဆိုၿပီး စစ္တပ္က အာဏာသိမ္းတာဟာ ရာဇဝတ္မႈ ျဖစ္တယ္လို႔ သူ႔ရဲ႕ ေဖ့စ္ဘုတ္လူမႈစာမ်က္ႏွာမွာ ေျပာထားပါတယ္။

ႏွစ္ေပါင္း ၃၀ ေက်ာ္ အုပ္ခ်ဳပ္ခဲ့တဲ့ သမၼတ Omar al-Bashir ကို ျဖဳတ္ခ်ရာမွာ အဓိကပါဝင္ခဲ့တဲ့ ဆူဒန္ ကြၽမ္းက်င္ပညာရွင္မ်ားအသင္းက အေထြေထြသပိတ္ဆင္ႏႊဲၾကဖို႔ ႏႈိးေဆာ္ထားပါတယ္။

==========

{{Unicode}}

ဆူဒန်စစ်အာဏာသိမ်းမှုဆန့်ကျင်ဖို့ အထွေထွေသပိတ်လှုံ့ဆော်

ဆူဒန်စစ်တပ်က အာဏာသိမ်းလိုက်အပြီး တရက်အကြာမှာ လမ်းတွေပိတ်၊ ဆိုင်တွေပိတ်၊ ဖုန်းတွေ ဆက်မရ၊ အင်္ဂါနေ့မှာ အထွေထွေသပိတ်မှောက်ကြဖို့ ဗလီအသံချဲ့စက်တွေက ဆင့်ခေါ်နေကြပါတယ်။မြို့တော်ခါတွန်နဲ့ကပ်လျက် Omdurman မြို့ရဲ့ လမ်းတွေမှာ စစ်သားတွေကပဲဖြစ်ဖြစ် ဆန္ဒပြသူတွေက ပဲဖြစ်ဖြစ် ပိတ်ထားကြပါတယ်။

ဝန်ကြီးချုပ် Abdalla Hamdok ကို ဖမ်းဆီးခဲ့တဲ့နောက် Khartoum မြို့တော် လမ်းမတွေပေါ်မှာ ကန့်ကွက်ဆန္ဒပြသူ ထောင်ပေါင်းများစွာထွက် ဆန္ဒပြခဲ့ကြပေမဲ့ တနင်္လာနေ့ညကတော့ တိတ်ဆိတ်နေခဲ့ပါတယ်။ ဆန္ဒပြသူတွေနဲ့ စစ်သားတွေကြား ထိပ်တိုက်ရင်ဆိုင်ခဲ့ကြရာက လူအနည်းဆုံး ၇ ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး Abdel Fattah al-Burhan က အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ၂၀၂၃ ဇူလိုင်မှာ ရွေးကောက်ပွဲကျင်းပပြီး အရပ်သားအစိုးရကို အာဏာလွှဲမယ်လို့ ကတိပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်တာကာလ နိုင်ငံကို စစ်တပ်နဲ့ ပူးတွဲအုပ်ချုပ်နေတဲ့ အရပ်ဘက်- စစ်ဘက် ပူးတွဲကောင်စီကို ဖျက်သိမ်းပြီး ကောင်စီဝင်တွေကို ဖမ်းဆီးခဲ့သလို အလုပ်သမားသမဂ္ဂတွေကို အုပ်ချုပ်တဲ့ ကော်မတီတွေကိုလည်း အင်္ဂါနေ့မှာ ဖျက်သိမ်းလိုက်တယ်လို့ အာရပ် သတင်းဌာနတွေက ဆိုကြပါတယ်။

ဆူဒန် ပြန်ကြားရေးဝန်ကြီးဌာနက ဝန်ကြီးချုပ် Hamdok ကို ဆက်လက်သစ္စာခံနေပြီး အရေးပေါ် အခြေအနေကို ဝန်ကြီးချုပ်ကသာ ကြေညာခွင့်ရှိကြောင်း ဆူဒန်နိုင်ငံရဲ့ အကူးအပြောင်းကာလ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေက ပြဌာန်းထားတယ်လို့ဆိုပြီး စစ်တပ်က အာဏာသိမ်းတာဟာ ရာဇဝတ်မှု ဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်လူမှုစာမျက်နှာမှာ ပြောထားပါတယ်။

နှစ်ပေါင်း ၃၀ ကျော် အုပ်ချုပ်ခဲ့တဲ့ သမ္မတ Omar al-Bashir ကို ဖြုတ်ချရာမှာ အဓိကပါဝင်ခဲ့တဲ့ ဆူဒန် ကျွမ်းကျင်ပညာရှင်များအသင်းက အထွေထွေသပိတ်ဆင်နွှဲကြဖို့ နှိုးဆော်ထားပါတယ်။

#SudanMilitaryCoup #Sudan #VOABurmese

#ဆူဒန်#အာဏာသိမ်း#အထွေထွေသပိတ်#AbdelFattahal-Burhan

==========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG