သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္တြင္းစစ္ေရွာင္ရွားႏိုင္ဖို႔ အာဏာသိမ္းတယ္လို႔ ဆူဒန္စစ္ေခါင္းေဆာင္ေျပာဆို


ဗိုလ္ခ်ဳပ္ႀကီး Abdel-Fattah Burhan

{{{Zawgyi/Unicode}}

ဆူဒန္ႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တာဟာ ျပည္တြင္းစစ္ျဖစ္မယ့္အေရး ေရွာင္ရွားဖို႔လိုအပ္လို႔ သိမ္းခဲ့တာျဖစ္တယ္လို႔ အာဏာသိမ္းေခါင္းေဆာင္ ဆူဒန္စစ္ဘက္အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး Abdel-Fattah Burhan က အဂၤါေန႔မွာေျပာပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ႏွစ္အတြင္း ေတြ႔ႀကံဳခဲ့တာေတြအရ အသြင္ကူးေျပာင္းေရးကာလအတြင္း ႏုိင္ငံေရးအင္အားစုေတြရဲ႕ပါဝင္မႈဟာ အျပစ္အနာအဆာေတြနဲ႔ ျပည့္ေနၿပီး သေဘာထားကြဲလြဲမႈေတြ အႀကီးအက်ယ္ျဖစ္ေစခဲ့တယ္လို႔ ခါတြမ္ၿမိဳ႕ေတာ္မွာလုပ္တဲ့ ရုပ္သံလႊင့္ သတင္းစာရွင္းလင္းပြဲအတြင္း ဗိုလ္ခ်ဳပ္ႀကီး Burhan က ေျပာသြားပါတယ္။

တနလၤာလာေန႔ကဖမ္းဆီးခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ Abdalla Hamdok နဲ႔ ဇနီးျဖစ္သူတို႔ကို အဂၤါေန႔က ေနအိမ္ျပန္ခြင့္ျပဳခဲ့ေပမယ့္ "အနီးကပ္ ေစာင့္ၾကည့္ခံေနရတယ္" လို႔ ဝန္ႀကီးခ်ဳပ္ရံုးရဲ႕ ထုတ္ျပန္ခ်က္တခုမွာ ေဖာ္ျပထားပါတယ္။

ဝန္ႀကီးခ်ဳပ္ Hamdok ကို ျပန္လႊတ္ေပးခဲ့တဲ့အေပၚ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken က ႀကိဳဆိုခဲ့ၿပီး အဂၤါေန႔ေႏွာင္းပိုင္းမွာ ဖုန္းဆက္စကားေျပာခဲ့တယ္လုိ႔ ဝန္ႀကီး Blinken ရဲ႕ ထုတ္ျပန္ခ်က္တခုမွာ ေဖာ္ျပထားပါတယ္။ ဖမ္းဆီးထားတဲ့ အရပ္သားေခါင္းေဆာင္အားလံုးကုိ ျပန္လႊတ္ေပးဖို႔လည္း ဝန္ႀကီး Blinken က ေတာင္းဆိုခဲ့ပါတယ္။

တနလၤာေန႔က ဆႏၵျပသူေတြကို လံုၿခံဳေရးတပ္ေတြက ပစ္ခတ္တာေၾကာင့္ လူေလးဦးထက္မနည္းေသဆံုးၿပီး အေယာက္ ၈၀ ဒဏ္ရာရခဲ့တယ္လို႔ ဆူဒန္ ဆရာဝန္မ်ားေကာ္မတီကေျပာပါတယ္။

အၾကမ္းဖက္ႏွိမ္နင္းခံရေပမယ့္လည္း ဆႏၵျပသူေတြဟာ "စစ္တပ္အုပ္ခ်ဳပ္ေရး အလိုမရွိ" ဆိုတဲ့ ေႂကြးေက်ာ္သံေတြ ေအာ္ဟစ္ၿပီးေတာ့ ခါတြမ္ၿမိဳ႕ေတာ္မွာ အဂၤါေန႔က ဆႏၵ ထပ္ျပခဲ့ၾကပါတယ္။

အာဏာသိမ္းစစ္ေခါင္းေဆာင္က တနလၤာေန႔မွာ ႏုိင္ငံေတာ္ အေရးေပၚအေျခအေနေၾကညာၿပီး အရပ္ဘက္-စစ္ဘက္ပူးတြဲပါဝင္တဲ့ အုပ္ခ်ဳပ္ေရးေကာင္စီကို ဖ်က္သိမ္းခဲ့ပါတယ္။ ဆူဒန္အာဏာရွင္ Omar al-Bashir ကို ျဖဳတ္ခ်ခဲ့အၿပီး သိပ္မၾကာခင္ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လမွာ အဲဒီေကာင္စီကို ဖြဲ႔စည္းၿပီးေတာ့ တိုင္းျပည္ကို အုပ္ခ်ဳပ္လာတာပါ။

၂၀၂၃ ခုႏွစ္ ဇူလိုင္လမွာ ေရြးေကာက္ပြဲေတြက်င္းပၿပီးတဲ့ေနာက္ အရပ္သားအစိုးရတရပ္လက္ထဲ အာဏာျပန္လႊဲေပးမယ္လုိ႔ အာဏာသိမ္း စစ္ေခါင္းေဆာင္က ကတိျပဳထားပါတယ္။

============

{{Unicode}}

ပြည်တွင်းစစ်ရှောင်ရှားနိုင်ဖို့ အာဏာသိမ်းတယ်လို့ ဆူဒန်စစ်ခေါင်းဆောင်ပြောဆို

ဆူဒန်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာဟာ ပြည်တွင်းစစ်ဖြစ်မယ့်အရေး ရှောင်ရှားဖို့လိုအပ်လို့ သိမ်းခဲ့တာဖြစ်တယ်လို့ အာဏာသိမ်းခေါင်းဆောင် ဆူဒန်စစ်ဘက်အကြီးအကဲ ဗိုလ်ချုပ်ကြီး Abdel-Fattah Burhan က အင်္ဂါနေ့မှာပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း တွေ့ကြုံခဲ့တာတွေအရ အသွင်ကူးပြောင်းရေးကာလအတွင်း နိုင်ငံရေးအင်အားစုတွေရဲ့ပါဝင်မှုဟာ အပြစ်အနာအဆာတွေနဲ့ ပြည့်နေပြီး သဘောထားကွဲလွဲမှုတွေ အကြီးအကျယ်ဖြစ်စေခဲ့တယ်လို့ ခါတွမ်မြို့တော်မှာလုပ်တဲ့ ရုပ်သံလွှင့် သတင်းစာရှင်းလင်းပွဲအတွင်း ဗိုလ်ချုပ်ကြီး Burhan က ပြောသွားပါတယ်။

တနင်္လာလာနေ့ကဖမ်းဆီးခဲ့တဲ့ ဝန်ကြီးချုပ် Abdalla Hamdok နဲ့ ဇနီးဖြစ်သူတို့ကို အင်္ဂါနေ့က နေအိမ်ပြန်ခွင့်ပြုခဲ့ပေမယ့် "အနီးကပ် စောင့်ကြည့်ခံနေရတယ်" လို့ ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ် Hamdok ကို ပြန်လွှတ်ပေးခဲ့တဲ့အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြိုဆိုခဲ့ပြီး အင်္ဂါနေ့နှောင်းပိုင်းမှာ ဖုန်းဆက်စကားပြောခဲ့တယ်လို့ ဝန်ကြီး Blinken ရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။ ဖမ်းဆီးထားတဲ့ အရပ်သားခေါင်းဆောင်အားလုံးကို ပြန်လွှတ်ပေးဖို့လည်း ဝန်ကြီး Blinken က တောင်းဆိုခဲ့ပါတယ်။

တနင်္လာနေ့က ဆန္ဒပြသူတွေကို လုံခြုံရေးတပ်တွေက ပစ်ခတ်တာကြောင့် လူလေးဦးထက်မနည်းသေဆုံးပြီး အယောက် ၈၀ ဒဏ်ရာရခဲ့တယ်လို့ ဆူဒန် ဆရာဝန်များကော်မတီကပြောပါတယ်။

အကြမ်းဖက်နှိမ်နင်းခံရပေမယ့်လည်း ဆန္ဒပြသူတွေဟာ "စစ်တပ်အုပ်ချုပ်ရေး အလိုမရှိ" ဆိုတဲ့ ကြွေးကျော်သံတွေ အော်ဟစ်ပြီးတော့ ခါတွမ်မြို့တော်မှာ အင်္ဂါနေ့က ဆန္ဒ ထပ်ပြခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က တနင်္လာနေ့မှာ နိုင်ငံတော် အရေးပေါ်အခြေအနေကြေညာပြီး အရပ်ဘက်-စစ်ဘက်ပူးတွဲပါဝင်တဲ့ အုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းခဲ့ပါတယ်။ ဆူဒန်အာဏာရှင် Omar al-Bashir ကို ဖြုတ်ချခဲ့အပြီး သိပ်မကြာခင် ၂၀၁၉ ခုနှစ် သြဂုတ်လမှာ အဲဒီကောင်စီကို ဖွဲ့စည်းပြီးတော့ တိုင်းပြည်ကို အုပ်ချုပ်လာတာပါ။

၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ရွေးကောက်ပွဲတွေကျင်းပပြီးတဲ့နောက် အရပ်သားအစိုးရတရပ်လက်ထဲ အာဏာပြန်လွှဲပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ကတိပြုထားပါတယ်။

#SudanCoup #SudanPolitics #VOABurmese

============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG