သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အရပ္သားအစိုးရကို အာဏာျပန္လဲႊေပးဖို႔ ဆူဒန္အာဏာသိမ္းစစ္တပ္ကို အေမရိကန္ေတာင္းဆို


Sudan protesters

အရပ္သားအစိုးရကို အာဏာျပန္လဲႊေပးဖို႔ ဆူဒန္အာဏာသိမ္းစစ္တပ္ကို အေမရိကန္ေတာင္းဆို

{{Zawgyi/Unicode}}

ဆူဒန္ႏုိင္ငံမွာ ဒီသီတင္းပတ္ အေစာပိုင္း စစ္တပ္က ဖယ္ရွားလိုက္တဲ့ အသြင္ကူးေျပာင္းေရး အရပ္သား အစိုးရကို အာဏာလဲႊေျပာင္းေပးဖို႔ အေမရိကန္သမၼတ Joe Biden က ေတာင္းဆိုလိုက္ပါတယ္။

အာဖရိကယူနီယံ၊ ဥေရာပသမဂၢ၊ အာရပ္အဖဲြ႕ခ်ဳပ္နဲ႔ ႏိုင္ငံတကာ အဖဲြ႕အစည္းေတြက ဆူဒန္ႏိုင္ငံမွာ စစ္အာဏာသိမ္းမႈနဲ႔ ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ ႏွိမ္နင္းမႈေတြကို ႐ႈတ္ခ်ၾကတာေတြကိုလည္း အိမ္ျဖဴေတာ္က ၾကာသပေတးေန႔ ထုတ္ျပန္ခ်က္မွာ သမၼတဘိုင္ဒင္က ထည့္သြင္း ေျပာဆိုခဲ့ပါတယ္။

ဆူဒန္ျပည္သူေတြ ၿငိမ္းခ်မ္းစြာ ဆႏၵျပခြင့္ျပဳဖို႔၊ အရပ္သားေတြ ဦးေဆာင္တဲ့ အစိုးရကို အာဏာျပန္လဲႊေျပာင္းေပးဖို႔ တညီတၫြတ္တည္း ေတာင္းဆိုေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။

တနလၤာေန့အာဏာသိမ္းထားကတည္းက ဖမ္းဆီးထားတဲ့ ဒီမုိကေရစီလုိလားသူေတြ အပါအ၀င္ဖမ္းဆီးထားသူအားလုံးကုိ ခ်က္ျခင္းလႊတ္ေပးဖုိ့ကုိလည္း ေတာင္းဆုိလုိက္ပါတယ္။

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြဟာ ၾကာသပေတးေန႔မွာလည္း ဆက္လက္ျဖစ္ပြားခဲ့ၿပီး၊ လုံျခံဳေရးတပ္ဖဲြ႕ေတြက မ်က္ရည္ယိုဗုံးေတြ၊ က်ည္အစစ္ေတြနဲ႔ ရာဘာက်ည္ေတြသုံးၿပီး ၿဖိဳခဲြခဲ့ေၾကာင္းလည္း ကိုယ္တိုင္ေတြ႕သူေတြက ေျပာပါတယ္။

Khartoum ၿမိဳ႕ေတာ္ အေရွ႕ပိုင္းမွာ အၾကမ္းဖက္ ႏွိမ္နင္းမႈေတြေၾကာင့္ ဆႏၵျပသူ အနည္းဆုံး ၁ ဦးေသဆုံးၿပီး၊ အျပင္းအထန္ ဒဏ္ရာရသူ ၂ ဦး ရွိခဲ့ေၾကာင္းလည္း အေျခအေနကို ေစာင့္ၾကည့္ေနတဲ့ ဆရာ၀န္မ်ားေကာ္မတီကို ကိုးကားၿပီး Reuters သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ ၿမိဳ႕ေတာ္ ေျမာက္ဖက္က ဆႏၵျပပဲြမွာလည္း ဆႏၵျပသူတဦး ေသဆုံးခဲ့ေၾကာင္း AFP သတင္းကလည္း ေဖာ္ျပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.................................................

အရပ်သားအစိုးရကို အာဏာပြန်လွဲှပေးဖို့ ဆူဒန်အာဏာသိမ်းစစ်တပ်ကို အမေရိကန်တောင်းဆို

{{Unicode}}

ဆူဒန်နိုင်ငံမှာ ဒီသီတင်းပတ် အစောပိုင်း စစ်တပ်က ဖယ်ရှားလိုက်တဲ့ အသွင်ကူးပြောင်းရေး အရပ်သား အစိုးရကို အာဏာလွဲှပြောင်းပေးဖို့ အမေရိကန်သမ္မတ Joe Biden က တောင်းဆိုလိုက်ပါတယ်။

အာဖရိကယူနီယံ၊ ဥရောပသမဂ္ဂ၊ အာရပ်အဖွဲ့ချုပ်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဆူဒန်နိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေကို ရှုတ်ချကြတာတွေကိုလည်း အိမ်ဖြူတော်က ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ သမ္မတဘိုင်ဒင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဆူဒန်ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပြုဖို့၊ အရပ်သားတွေ ဦးဆောင်တဲ့ အစိုးရကို အာဏာပြန်လွဲှပြောင်းပေးဖို့ တညီတညွတ်တည်း တောင်းဆိုကြောင်းလည်း ပြောဆိုခဲ့တာပါ။

တနင်္လာနေ့အာဏာသိမ်းထားကတည်းက ဖမ်းဆီးထားတဲ့ ဒီမိုကရေစီလိုလားသူတွေ အပါအဝင်ဖမ်းဆီးထားသူအားလုံးကို ချက်ခြင်းလွှတ်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ကြာသပတေးနေ့မှာလည်း ဆက်လက်ဖြစ်ပွားခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ၊ ကျည်အစစ်တွေနဲ့ ရာဘာကျည်တွေသုံးပြီး ဖြိုခွဲခဲ့ကြောင်းလည်း ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။

Khartoum မြို့တော် အရှေ့ပိုင်းမှာ အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် ဆန္ဒပြသူ အနည်းဆုံး ၁ ဦးသေဆုံးပြီး၊ အပြင်းအထန် ဒဏ်ရာရသူ ၂ ဦး ရှိခဲ့ကြောင်းလည်း အခြေအနေကို စောင့်ကြည့်နေတဲ့ ဆရာဝန်များကော်မတီကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မြို့တော် မြောက်ဖက်က ဆန္ဒပြပွဲမှာလည်း ဆန္ဒပြသူတဦး သေဆုံးခဲ့ကြောင်း AFP သတင်းကလည်း ဖော်ပြခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG