သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အရပ္သားအစိုးရကို ေထာက္ခံတဲ့ ဆူဒန္လူထု ခ်ီတက္ဆႏၵျပ


စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ ဆႏၵျပေနၾကတဲ့ ဆူဒန္ျပည္သူမ်ား။ (ေအာက္တိုဘာ ၂၉၊ ၂၀၂၁)

(Zawgyi / Unicode)

နဂို အရပ္ဘက္အစိုးရ ျပန္လာေရး ေတာင္းဆိုခ်က္နဲ႔ ျပည္သူမ်ားစြာဟာ ဆူဒန္ႏိုင္ငံမွာ လမ္းေတြေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။ စစ္အစိုးရထြက္ ဆိုတဲ့ ေႂကြးေၾကာ္သံ ေအာက္မွာ သန္းေပါင္းမ်ားစြာ ခ်ီတက္ၾကလို႔ ေခၚဆိုတဲ့ ဒီကေန႔ စေနေန႔ ဆႏၵျပပြဲကို ရပ္ရြာအသိုက္အဝန္း ေကာ္မတီေတြက စီစဥ္ခဲ့ၾကတာ ျဖစ္ပါတယ္။

ၿငိမ္းခ်မ္းစြာ ဆႏၵျပေနၾကတဲ့ ျပည္သူေတြအေပၚ ဘယ္လို အၾကမ္းဖက္ဖိႏွိပ္ ႏွိမ္နင္းနည္းကိုမဆို ေရွာင္ရွားဖို႔ အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြကို အေမရိကန္က တိုက္တြန္းလိုက္ပါတယ္။ စေနေန႔ ဆႏၵျပပြဲအေပၚ ကိုင္တြယ္ပုံက စစ္တပ္ရဲ႕ ရည္ရြယ္ခ်က္ကို ျပၫႊန္းပါလိမ့္မယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန တာဝန္ရွိသူတေယာက္က ေျပာပါတယ္။

“ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို ေသနတ္နဲ႔ပစ္ခတ္ ရင္ဆိုင္တာကိုေတာ့ ဘယ္လိုမွ သည္းမခံသင့္ဘူး။ ဒါေၾကာင့္ေတာ့ က်ေနာ္တို႔က ေနာက္ဆုတ္မွာမဟုတ္ဘူး။ က်ေနာ္တ္ုိ႔ရဲ႕ ပိုင္းျဖတ္ခ်က္ ပိုေတာင္ ခိုင္လာပါလိမ့္မယ္။” လို႔ ခါတြန္ၿမိဳ႕က Haitham Mohamed က ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။

ဖြဲ႔စည္းအုပ္ခ်ဳပ္ပုံဆိုင္ရာ ေၾကညာခ်က္အတြင္းက ႏိုင္ငံေရး အေျဖတရပ္ကို ရွာေဖြဖို႔ ဘက္အားလုံးနဲ႔ အဆက္အသြယ္ရွိၿမဲ ရွိေနပါတယ္လို႔ ဆူဒန္ႏိုင္ငံဆိုင္ရာ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Volker Perthes က ေသာၾကာေန႔က ေျပာပါတယ္။ လက္ရွိအက်ပ္အတည္းကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းႏိုင္ေရးကို ဦးတည္ၿပီး အားလုံးပါဝင္ႏိုင္တဲ့ ေဆြးေႏြးပြဲ ျဖစ္ေျမာက္ေအာင္ U.N. Integrated Transition Assistance Mission (UNITAMS) လို႔ အဂၤလိပ္လို အတိုအားျဖင့္ ေခၚတဲ့ ဆူဒန္ႏိုင္ငံ အားလုံးပါဝင္ ကူးေျပာင္းေရး အေထာက္အကူျပဳ ကုလသမဂၢ မစ္ရွင္အဖြဲ႔က ေပါင္းစပ္ ညႇိႏႈိင္းေပးေနတယ္လို႔လည္း သူက ေျပာပါတယ္။

စစ္တပ္ရဲ႕ ပစ္ခတ္မႈေၾကာင့္ လူ ၉ ဦး ေသဆုံးခဲ့ၿပီး အနည္းဆုံး လူ ၁၇၀ ဒဏ္ရာရခဲ့ၾကတယ္လို႔ ဆူဒန္ဆရာဝန္မ်ား ေကာ္မတီက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အရပ်သားအစိုးရကို ထောက်ခံတဲ့ ဆူဒန်လူထု ချီတက်ဆန္ဒပြ

နဂို အရပ်ဘက်အစိုးရ ပြန်လာရေး တောင်းဆိုချက်နဲ့ ပြည်သူများစွာဟာ ဆူဒန်နိုင်ငံမှာ လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ စစ်အစိုးရထွက် ဆိုတဲ့ ကြွေးကြော်သံ အောက်မှာ သန်းပေါင်းများစွာ ချီတက်ကြလို့ ခေါ်ဆိုတဲ့ ဒီကနေ့ စနေနေ့ ဆန္ဒပြပွဲကို ရပ်ရွာအသိုက်အဝန်း ကော်မတီတွေက စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ပြည်သူတွေအပေါ် ဘယ်လို အကြမ်းဖက်ဖိနှိပ် နှိမ်နင်းနည်းကိုမဆို ရှောင်ရှားဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။ စနေနေ့ ဆန္ဒပြပွဲအပေါ် ကိုင်တွယ်ပုံက စစ်တပ်ရဲ့ ရည်ရွယ်ချက်ကို ပြညွှန်းပါလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သေနတ်နဲ့ပစ်ခတ် ရင်ဆိုင်တာကိုတော့ ဘယ်လိုမှ သည်းမခံသင့်ဘူး။ ဒါကြောင့်တော့ ကျနော်တို့က နောက်ဆုတ်မှာမဟုတ်ဘူး။ ကျနော်တို့ရဲ့ ပိုင်းဖြတ်ချက် ပိုတောင် ခိုင်လာပါလိမ့်မယ်။” လို့ ခါတွန်မြို့က Haitham Mohamed က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ ကြေညာချက်အတွင်းက နိုင်ငံရေး အဖြေတရပ်ကို ရှာဖွေဖို့ ဘက်အားလုံးနဲ့ အဆက်အသွယ်ရှိမြဲ ရှိနေပါတယ်လို့ ဆူဒန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Volker Perthes က သောကြာနေ့က ပြောပါတယ်။ လက်ရှိအကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးကို ဦးတည်ပြီး အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးပွဲ ဖြစ်မြောက်အောင် U.N. Integrated Transition Assistance Mission (UNITAMS) လို့ အင်္ဂလိပ်လို အတိုအားဖြင့် ခေါ်တဲ့ ဆူဒန်နိုင်ငံ အားလုံးပါဝင် ကူးပြောင်းရေး အထောက်အကူပြု ကုလသမဂ္ဂ မစ်ရှင်အဖွဲ့က ပေါင်းစပ် ညှိနှိုင်းပေးနေတယ်လို့လည်း သူက ပြောပါတယ်။

စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် လူ ၉ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၁၇၀ ဒဏ်ရာရခဲ့ကြတယ်လို့ ဆူဒန်ဆရာဝန်များ ကော်မတီက ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG