(Zawgyi / Unicode)
အာဏာသိမ္း ဆူဒန္ႏိုင္ငံမွာ ဒီမိုကေရစီေရး လႈပ္ရွားတဲ့ အုပ္စုေတြက ၂ ရက္ၾကာ CDM (အၾကမ္းမဖက္ အာဏာဖီဆန္ေရး) လႈပ္ရွားမႈကို တနဂၤေႏြေန႔က စတင္လိုက္ၿပီး စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ေနပါတယ္။
တယ္လီဖုန္းနဲ႔ အင္တာနက္လိုင္းေတြ ၾကားျဖတ္ ေႏွာင့္ယွက္ခံေနရတဲ့အတြက္ CDM မွာ ပါဝင္လာၾကဖို႔ အကန္႔အသတ္ ျဖစ္ေနပါတယ္။
ေအာက္တိုဘာ ၂၅ ရက္ အာဏာသိမ္းၿပီးေနာက္ပိုင္း အင္တာနက္လိုင္းေတြ တုံ႔ဆိုင္းေနၿပီး တယ္လီဖုန္းလိုင္းေတြလည္း ပုံမွန္အတိုင္း ဆက္သြယ္လို႔မရ ျဖစ္ေနပါတယ္။
ေဒသခံ ေတာ္လွန္ေရးအင္အားစုေတြနဲ႔အတူ ၂၀၁၉ တုန္းက သမၼတေဟာင္း Omar al-Bashir ကို ျဖဳတ္ခ်ခဲ့တဲ့ ဆူဒန္ပညာရွင္မ်ားအစည္းအ႐ုံး (SPA) တို႔က စစ္အာဏာသိမ္းမႈ အဆုံးသတ္သြားေစေရးအတြက္ ဆူဒန္ဆႏၵျပပဲြေတြကို ဦးေဆာင္ေနတာပါ။
Khartoum ၿမဳိ႕ေတာ္မွာရွိတဲ့ ပညာေရးဝန္ႀကီးဌာန အေဆာက္အဦနား ထိုင္သပိတ္လုပ္ေနသူေတြကို လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြက မ်က္ရည္ယိုဗုံးသုံးၿပီး ၿဖဳိခဲြခဲ့တယ္လို႔ ဆရာမ်ားသမဂၢက ေျပာပါတယ္။ အဲဒီသပိတ္က လူ ၈၇ ဦး ဖမ္းဆီးခံခဲ့ရပါတယ္။
ႏုိင္ငံေရးလႈပ္ရွားသူေတြကေတာ့ ဆူဒန္စစ္တပ္ ႏုိင္ငံေရးကေန ထြက္သြားဖို႔ ေတာင္းဆိုထားၿပီး မလိုက္ေလ်ာရင္ ႏုိဝင္ဘာ ၁၃ ရက္ေန႔ လူထုအုံႂကြမႈ လုပ္မယ္လို႔ စီစဥ္ထားသလို လုံးဝ အေပးအယူလုပ္ ညႇိႏႈိင္းမွာ မဟုတ္ဘူးလို႔လည္း ေႂကြးေၾကာ္ထားပါတယ္။
Medani, Nyala နဲ႔ Atbara ဆိုတဲ့ ၿမဳိ႕ေတြမွာလည္း ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့ၿပီး သမၼတေဟာင္း Bashir ကို သစၥာခံသူေတြ ျပန္လည္ခန္႔အပ္ျခင္း ခံရတဲ့အေပၚ ရာနဲ႔ခ်ီတဲ့လူေတြ ဆန္႔က်င္ဆႏၵျပခဲ့ၾကတယ္လို႔ မ်က္ျမင္ေတြက ေျပာပါတယ္။
-----------------
(Unicode)
ဆူဒန် ဒီမိုကရေစီလိုလားသူတွေ CDM လှုပ်ရှားမှု စတင်
အာဏာသိမ်း ဆူဒန်နိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ အုပ်စုတွေက ၂ ရက်ကြာ CDM (အကြမ်းမဖက် အာဏာဖီဆန်ရေး) လှုပ်ရှားမှုကို တနင်္ဂနွေနေ့က စတင်လိုက်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေပါတယ်။
တယ်လီဖုန်းနဲ့ အင်တာနက်လိုင်းတွေ ကြားဖြတ် နှောင့်ယှက်ခံနေရတဲ့အတွက် CDM မှာ ပါဝင်လာကြဖို့ အကန့်အသတ် ဖြစ်နေပါတယ်။
အောက်တိုဘာ ၂၅ ရက် အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်လိုင်းတွေ တုံ့ဆိုင်းနေပြီး တယ်လီဖုန်းလိုင်းတွေလည်း ပုံမှန်အတိုင်း ဆက်သွယ်လို့မရ ဖြစ်နေပါတယ်။
ဒေသခံ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ၂၀၁၉ တုန်းက သမ္မတဟောင်း Omar al-Bashir ကို ဖြုတ်ချခဲ့တဲ့ ဆူဒန်ပညာရှင်များအစည်းအရုံး (SPA) တို့က စစ်အာဏာသိမ်းမှု အဆုံးသတ်သွားစေရေးအတွက် ဆူဒန်ဆန္ဒပြပွဲတွေကို ဦးဆောင်နေတာပါ။
Khartoum မြို့တော်မှာရှိတဲ့ ပညာရေးဝန်ကြီးဌာန အဆောက်အဦနား ထိုင်သပိတ်လုပ်နေသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးသုံးပြီး ဖြိုခွဲခဲ့တယ်လို့ ဆရာများသမဂ္ဂက ပြောပါတယ်။ အဲဒီသပိတ်က လူ ၈၇ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
နိုင်ငံရေးလှုပ်ရှားသူတွေကတော့ ဆူဒန်စစ်တပ် နိုင်ငံရေးကနေ ထွက်သွားဖို့ တောင်းဆိုထားပြီး မလိုက်လျောရင် နိုဝင်ဘာ ၁၃ ရက်နေ့ လူထုအုံကြွမှု လုပ်မယ်လို့ စီစဉ်ထားသလို လုံးဝ အပေးအယူလုပ် ညှိနှိုင်းမှာ မဟုတ်ဘူးလို့လည်း ကြွေးကြော်ထားပါတယ်။
Medani, Nyala နဲ့ Atbara ဆိုတဲ့ မြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး သမ္မတဟောင်း Bashir ကို သစ္စာခံသူတွေ ပြန်လည်ခန့်အပ်ခြင်း ခံရတဲ့အပေါ် ရာနဲ့ချီတဲ့လူတွေ ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။