သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြားဖြတ်အစိုးရဖွဲ့စည်းဖို့ ဆူဒန်စစ်ခေါင်းဆောင် သဘောတူ


ဆူဒန်နိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကာတွန်မြို့သူမြို့သားတွေဆန့်ကျင်ဆန္ဒပြ ၊ အောက်တိုဘာ ၂၉ ရက်၊ ၂ဝ၂၁ (AP Photo / Marwan Ali)
ဆူဒန်နိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကာတွန်မြို့သူမြို့သားတွေဆန့်ကျင်ဆန္ဒပြ ၊ အောက်တိုဘာ ၂၉ ရက်၊ ၂ဝ၂၁ (AP Photo / Marwan Ali)

ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြားဖြတ်အစိုးရဖွဲ့စည်းဖို့ ဆူဒန်စစ်ခေါင်းဆောင် သဘောတူ

{{Zawgyi/Unicode}}

ဆူဒန်နိုင်ငံမှာ ကြားဖြတ်အစိုးရတရပ်ကို အမြန်အဖွဲ့စည်းပေးဖို့ သဘောတူလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဆွေးနွေးအပြီးမှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Abdel Fattah al-Burhan က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ကြာသပတေးနေ့မှာ ဝန်ကြီး Blinken နဲ့ တယ်လီဖုံးဆက်သွယ်ပြောကြားခဲ့တာ ဖြစ်ပြီး ဆူဒန်နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ လိုအပ်နေတဲ့အတွက် ကြားဖြတ်အစိုးရတရပ်ကို အမြန်ဖွဲ့စည်းဖို့ အခုလိုသဘောတူခဲ့တာ ဖြစ်ကြောင်းပြောပါတယ်။

အမေရိကန်အစိုးရဟာ ဆူဒန်ပြည်သူတွေနဲ့ အတူ တသားထဲရပ်တည်နေကြောင်း ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ Ned Price ကပြောပါတယ်။

ဆူဒန်မှာ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး အမေရိကန်အစိုးရက ဆူဒန်ပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ကြောင်း ဒီမိုကရေစီကိုပဲ လိုလားတယ်ဆိုတာကို ပြည်သူတွေက လမ်းတွေပေါ်ထွက်ဆန္ဒပြတောင်းဆိုခဲ့ကြတာကြောင့် စစ်တပ်က နိုင်ငံတော်အရေးပေါ်အခြေနေကြေညာပြီး အင်တာနက်ဖြတ်တောက်တာတွေ ၊ လူ့အခွင့်ရေးချိုးဖေါက်တာတွေကို ရပ်တန့်ဖို့ တိုက်တွန်းကြောင်း ပြောသွားတာပါ။

ကုလသမဂ္ဂရဲ့ ဆူဒန်ဆိုင်ရာ အထူးသံတမန် Volker Perthes က လည်း ဆူဒန်စစ်တပ်က သူတို့ဖြုတ်ချပြီ ဖမ်းဆီးထားတဲ့ ဝန်ကြီးချုပ် Abdalla Hamdok ကို အာဏာပြန်ပေးဖို့ အပါအဝင် အရင်လို အရပ်ဘက်နဲ့ စစ်ဘက် အာဏာခွဲဝေအုပ်ချုပ်မှု ဆီ ပြန်သွားနိုင်မယ့် အခြေနေ ရောက်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေကြောင်း ပြောပါတယ်။

ဆူဒန်အစိုးရရုပ်သံမှာတော့ အာဏာသိမ်းစဉ်က ဖမ်းဆီးထားတဲ့ အရင်အစိုးရအဖွဲ့ ဝန်ကြီးတွေထဲက ၄ ဦးကို ပြန်လွှတ်ပေးဖို့ ဗိုလ်ချုပ်ကြီး Burhan က အမိန့်ပေးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဆူဒန်မှာ အရပ်သား ဦးဆောင်တဲ့ အစိုးရလက်ကို အာဏာပြန်လွှဲပေးဖို့ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ တောင်းဆိုမှုကို ဗုဒ္ဓဟူးနေ့က ဆော်ဒီအာရေဗျနဲ့ UAE အာရပ်စော်ဘွားများသမ္မတနိုင်ငံတွေကပါ ပါဝင် တောင်းဆိုလာတာ ဖြစ်ပါတယ်။

....................................................


{{Unicode}}








XS
SM
MD
LG