သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Al-Jazeera သတင်းထောက်ကို ဆူဒန်လုံခြုံရေးတပ်ဖွဲ့တွေ ဖမ်းဆီး


ဆူဒန်နိုင်ငံ Khartoum မြို့က စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲ။ (နိုဝင်ဘာ ၁၃၊ ၂၀၂၁)
ဆူဒန်နိုင်ငံ Khartoum မြို့က စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲ။ (နိုဝင်ဘာ ၁၃၊ ၂၀၂၁)

(Zawgyi / Unicode)

အာဏာသိမ်း ဆူဒန်နိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့က Al-Jazeera ရဲ့ ဆူဒန်ဆိုင်ရာဗျူရို အကြီးအကဲ El Musalmi El Kabbashi ကို ဖမ်းဆီးထားတယ်လို့ ကာတာမှာရှိတဲ့ Al-Jazeera ဌာနချုပ်က သတင်းထုတ်ပြန်ပါတယ်။

El Kabbashi ရဲ့ Khartoum မြို့က နေအိမ်ကို ဝင်ရောက်စီးနင်း ဖမ်းဆီးတာ ဖြစ်တယ်လို့ Al-Jazeera ရဲ့ Twitter စာမျက်နှာမှာ တနင်္ဂနွေနေ့က ရေးပါတယ်။ ဒါပေမယ့် အသေးစိတ်ကို ဖော်ပြခြင်း မရှိပါဘူး။ El Kabbashi ကို ဖမ်းဆီးမှုအတွက် Al-Jazeera က ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ သူ့ကို အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒီဖမ်းဆီးမှုနဲ့ပတ်သက်လို့ ဆူဒန် အာဏာပိုင်တွေဆီက တုံ့ပြန်ချက် တစုံတရာ ထွက်ပေါ်လာတာ မရှိသေးပါဘူး။

ဆူဒန်မှာ စစ်တပ်က အာဏာအလွန်အကျွံ ထိန်းချုပ်ထားတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲအတွင်း လူစုကွဲသွားအောင် လုံခြုံရေးတပ်ဖွဲ့က ကျည်အစစ်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီး နောက်တနေ့မှာပဲ Al-Jazeera ဗျူရိုအကြီးအကဲ အဖမ်းခံရတဲ့ဖြစ်ရပ် ပေါ်လာတာပါ။

အဲဒီဆန္ဒပြပွဲအတွင်း အသက် ၁၅ နှစ်အရွယ် ဆန္ဒပြသူတဦး သူရထားတဲ့ဒဏ်ရာနဲ့ တနင်္ဂနွေနေ့မှာ သေဆုံးသွားတယ်လို့ နိုင်ငံရေးလှုပ်ရှားသူတွေက ပြောပါတယ်။ ခုချိန်ထိ သေဆုံးသူ အနည်းဆုံး ၆ ဦးအထိ တိုးလာပြီး အများအပြား ဒဏ်ရာရထားပါတယ်။

ဆူဒန်နိုင်ငံမှာ စစ်တပ်က အောက်တိုဘာလ(၂၅)ရက်နေ့က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)








XS
SM
MD
LG