သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဆူဒန္မွာ ေရႊတြင္းေဟာင္းၿပိဳက်မႈေၾကာင့္ ၃၈ ဦးထက္မနည္းေသဆုံး


ဆူဒန္မွာ ေရႊတြင္းေဟာင္းၿပိဳက်မႈေၾကာင့္ ၃၈ ဦးထက္မနည္းေသဆုံး

ဆူဒန္မွာ ေရႊတြင္းေဟာင္းၿပိဳက်မႈေၾကာင့္ ၃၈ ဦးထက္မနည္းေသဆုံး

{{Zawgyi/Unicode}}

ဆူဒန္ႏိုင္ငံ အေနာက္ပိုင္း Kordofan ျပည္နယ္မွာ အဂၤါေန႔က ေရႊတြင္းေဟာင္း ၿပိဳက်ရာက ေသဆုံးသူ ၃၈ ေယာက္ထက္မနည္း ရွိခဲ့ေၾကာင္း အာဏာပိုင္ေတြက ေျပာပါတယ္။ Khartoum ၿမိဳ႕ေတာ္ေတာင္ဖက္ ၄၃၅ မိုင္အကြာမွာရွိတဲ့ Fuja ေက်းရြာမွာ အသုံးမျပဳေတာ့တဲ့ ေရႊတြင္းေဟာင္း မေတာ္တဆ ၿပိဳက်ခဲ့တာျဖစ္ေၾကာင္း ကုမၸဏီက ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုလိုက္တာပါ။

ထိခိုက္ဒဏ္ရာရသူေတြ ရွိေၾကာင္းလည္း ေျပာေပမဲ့ အေရအတြက္ အတိအက်ေတာ့ မေျပာပါဘူး။ Darsaya ေရႊတြင္းမွာ ေျမၿပိဳက်ရာက ေသဆုံးသူေတြအျပင္ ထိခိုက္ဒဏ္ရာရသူ ၈ ေယာက္ထက္ မနည္းကို ေဆး႐ုံပို႔လိုက္ေၾကာင္းလည္း ေဒသခံသတင္းမီဒီယာေတြက ေဖာ္ျပပါတယ္။

ေရႊတူးေဖာ္ေရး ကုမၸဏီက Facebook လူမႈကြန္ရက္မွာ ေဖာ္ျပခဲ့တဲ့ ပုံေတြမွာေတာ့ အေလာင္းေတြနဲ႔ အသက္မေသက်န္သူေတြကို ရွာေဖြေနတဲ့ ေျမတူးကား ၂ စင္းနဲ႔ အနီးအနားမွာ ၾကည့္႐ႈေနသူေတြကို ေတြ႕ရပါတယ္။ ေသဆုံးသူေတြ ႐ုပ္အေလာင္းကို ေျမျမႇဳပ္ဖို႔ က်င္းတူးေနတဲ့ ပုံေတြကိုလည္း ေတြ႕ၾကရတာပါ။

ေရႊတြင္းကို အသုံးမျပဳေတာ့ေပမဲ့ လုံျခံဳေရး အေစာင့္အၾကပ္ေတြ မရွိတဲ့အခါ ေဒသခံေရႊတူးသမားေတြ လာေရာက္ တူးေဖာ္ေလ့ ရွိတယ္လို႔လည္း ကုမၸဏီက ေျပာပါတယ္။ ေရႊတူးေဖာ္ေရး လုပ္ငန္းေတြ ဘယ္အခ်ိန္က ရပ္ထားသလဲ ဆိုတာကိုေတာ့ ကုမၸဏီက အတိအက် မေျပာပါဘူး။ ဆူဒန္သယံဇာတ တူးေဖာ္ေရး ကုမၸဏီကေတာ့ လုပ္ထုံးလုပ္နည္းနဲ႔မညီတဲ့ တူးေဖာ္ေရးလုပ္ငန္းေတြကို တားဆီးဖို႔ လုံျခံဳေရးတပ္ဖဲြ႕ေတြကို အကူအညီ ေတာင္းခံထားေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

၂၀၁၉ ခုႏွစ္ကတည္းက ရပ္ဆိုင္းထားရတဲ့ သယံဇာတ တူးေဖာ္ေရး လုပ္ငန္းေတြ ျပန္စႏိုင္ေအာင္ ေဒသခံ လူမႈအသိုင္းအ၀န္းက ဝိုင္း၀န္းကူညီဖို႔လည္း တိုက္တြန္းထားေပမဲ့ အေသးစိတ္ေတာ့ မေျပာပါဘူး။ ႏိုင္ငံအ၀န္း ေရႊတူးေဖာ္ေရး လုပ္ငန္းေတြ အမ်ားအျပားရွိတဲ့ ဆူဒန္ႏိုင္ငံဟာ အဓိက ေရႊထုတ္လုပ္တဲ့ ႏိုင္ငံတႏိုင္ငံအျဖစ္ ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္မွာ တန္ခ်ိန္ ၃၆.၆ တန္ ထုတ္လုပ္ႏိုင္ခဲ့ၿပီး အာဖရိကတိုက္မွာ ဒုတိယအမ်ားဆုံး ျဖစ္ေၾကာင္းလည္း တရား၀င္ ထုတ္ျပန္တဲ့ ကိန္းဂဏန္းေတြက ေဖာ္ျပပါတယ္။

ေရႊေမွာင္ခို ထုတ္လုပ္မႈ သတင္းေတြေၾကာင့္ ဆူဒန္အသြင္ကူးေျပာင္းေရး အစိုးရကေတာ့ လြန္ခဲ့တဲ့ ၂ ႏွစ္အတြင္း စည္းမ်ဥ္းစည္းကမ္းေတြ စတင္တင္းက်ပ္လာခဲ့တာပါ။ ဒါေပမဲ့လည္း လုပ္ငန္းခြင္ ေဘးကင္းလုံျခံဳေရး အစီအမံေတြကို ထိထိေရာက္ေရာက္ မက်င့္သုံးႏိုင္တာေၾကာင့္ မေတာ္တဆမႈေတြလည္း မၾကာခဏ ၾကံဳရေလ့ ရွိပါတယ္။

.............................

တိုက္႐ိုက္ လင့္ခ္

ဆူဒန်မှာ ရွှေတွင်းဟောင်းပြိုကျမှုကြောင့် ၃၈ ဦးထက်မနည်းသေဆုံး

{{Unicode}}

ဆူဒန်နိုင်ငံ အနောက်ပိုင်း Kordofan ပြည်နယ်မှာ အင်္ဂါနေ့က ရွှေတွင်းဟောင်း ပြိုကျရာက သေဆုံးသူ ၃၈ ယောက်ထက်မနည်း ရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ Khartoum မြို့တော်တောင်ဖက် ၄၃၅ မိုင်အကွာမှာရှိတဲ့ Fuja ကျေးရွာမှာ အသုံးမပြုတော့တဲ့ ရွှေတွင်းဟောင်း မတော်တဆ ပြိုကျခဲ့တာဖြစ်ကြောင်း ကုမ္ပဏီက ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

ထိခိုက်ဒဏ်ရာရသူတွေ ရှိကြောင်းလည်း ပြောပေမဲ့ အရေအတွက် အတိအကျတော့ မပြောပါဘူး။ Darsaya ရွှေတွင်းမှာ မြေပြိုကျရာက သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရသူ ၈ ယောက်ထက် မနည်းကို ဆေးရုံပို့လိုက်ကြောင်းလည်း ဒေသခံသတင်းမီဒီယာတွေက ဖော်ပြပါတယ်။

ရွှေတူးဖော်ရေး ကုမ္ပဏီက Facebook လူမှုကွန်ရက်မှာ ဖော်ပြခဲ့တဲ့ ပုံတွေမှာတော့ အလောင်းတွေနဲ့ အသက်မသေကျန်သူတွေကို ရှာဖွေနေတဲ့ မြေတူးကား ၂ စင်းနဲ့ အနီးအနားမှာ ကြည့်ရှုနေသူတွေကို တွေ့ရပါတယ်။ သေဆုံးသူတွေ ရုပ်အလောင်းကို မြေမြှုပ်ဖို့ ကျင်းတူးနေတဲ့ ပုံတွေကိုလည်း တွေ့ကြရတာပါ။

ရွှေတွင်းကို အသုံးမပြုတော့ပေမဲ့ လုံခြုံရေး အစောင့်အကြပ်တွေ မရှိတဲ့အခါ ဒေသခံရွှေတူးသမားတွေ လာရောက် တူးဖော်လေ့ ရှိတယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။ ရွှေတူးဖော်ရေး လုပ်ငန်းတွေ ဘယ်အချိန်က ရပ်ထားသလဲ ဆိုတာကိုတော့ ကုမ္ပဏီက အတိအကျ မပြောပါဘူး။ ဆူဒန်သယံဇာတ တူးဖော်ရေး ကုမ္ပဏီကတော့ လုပ်ထုံးလုပ်နည်းနဲ့မညီတဲ့ တူးဖော်ရေးလုပ်ငန်းတွေကို တားဆီးဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို အကူအညီ တောင်းခံထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ်ကတည်းက ရပ်ဆိုင်းထားရတဲ့ သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေ ပြန်စနိုင်အောင် ဒေသခံ လူမှုအသိုင်းအဝန်းက ဝိုင်းဝန်းကူညီဖို့လည်း တိုက်တွန်းထားပေမဲ့ အသေးစိတ်တော့ မပြောပါဘူး။ နိုင်ငံအဝန်း ရွှေတူးဖော်ရေး လုပ်ငန်းတွေ အများအပြားရှိတဲ့ ဆူဒန်နိုင်ငံဟာ အဓိက ရွှေထုတ်လုပ်တဲ့ နိုင်ငံတနိုင်ငံအဖြစ် ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ တန်ချိန် ၃၆.၆ တန် ထုတ်လုပ်နိုင်ခဲ့ပြီး အာဖရိကတိုက်မှာ ဒုတိယအများဆုံး ဖြစ်ကြောင်းလည်း တရားဝင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။

ရွှေမှောင်ခို ထုတ်လုပ်မှု သတင်းတွေကြောင့် ဆူဒန်အသွင်ကူးပြောင်းရေး အစိုးရကတော့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း စည်းမျဉ်းစည်းကမ်းတွေ စတင်တင်းကျပ်လာခဲ့တာပါ။ ဒါပေမဲ့လည်း လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး အစီအမံတွေကို ထိထိရောက်ရောက် မကျင့်သုံးနိုင်တာကြောင့် မတော်တဆမှုတွေလည်း မကြာခဏ ကြုံရလေ့ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG