သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန် ပြန်လည်သင့်မြတ်ရေး သဘောတူညီချက်ကို ပြည်သူထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြ


Sudanese protest against the military takeover, which upended the country’s fragile transition to democracy, in Khartoum, Nov. 21, 2021.
Sudanese protest against the military takeover, which upended the country’s fragile transition to democracy, in Khartoum, Nov. 21, 2021.

Zawgyi

ဆူဒန် ပြန်လည်သင့်မြတ်ရေး သဘောတူညီချက်ကို ပြည်သူထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြ

ဆူဒန်မှာ စစ်တပ်က ပြီးခဲ့တဲ့လထဲ သူတို့ အာဏာသိမ်းပြီး ဖြုတ်ချခဲ့တဲ့ အရပ်သားဝန်ကြီးချုပ် Abdalla Hamdok ကို ပြန်ခန့်အပ်ဖို့ သဘောတူညီခဲ့တဲ့နောက် စစ်ခေါင်းဆောင်တွေကို ဖိအားပေးတဲ့အနေနဲ့ထောင်သောင်းချီတဲ့ ပြည်သူတွေဟာ မြို့တော် Khartoum နဲ့ တခြားမြို့ကြီးတွေမှာ ကြာသပတေးနေ့က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်တပ်နဲ့ သဘောတူညီချက် အတွက် ဝန်ကြီးချုပ်က တနင်္ဂနွေနေ့မှာ လက်မှတ်ရေးထိုးခဲ့ပေမယ့် ထင်ရှားတဲ့ နိုင်ငံရေးပါတီတွေနဲ့ သြဇာကြီးတဲ့ ဆူဒန်ဆန္ဒပြလှုပ်ရှားမှု အဖွဲ့ကတော့ လက်မခံကြပဲ ဒါဟာ ဆန္ဒပြသူတွေကို သစ္စာဖေါက်တာလို့ တချို့က ပြောသလို ဒါဟာ စစ်တပ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ ဖုံးကွယ်မှု တမျိုးလို့လည်း ဝေဖန်ကြပါတယ်။

Khartoum မြို့တော်က အလုပ်သမားလူတန်းစားတွေ နေတဲ့ ရပ်ကွက်တခုမှာ ဆန္ဒပြနေသူတွေကတော့ တော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေး ဖြစ်ပြီး စစ်သားတွေ တန်းလျားပြန်သွားဖို့ ကြွေးကျော်ခဲ့ကြသလို ဆန္ဒပြပွဲတွေ အတွင်း သေဆုံးခဲ့ရသူတွေအ တွက် တရားမျှတမှု ဆောင်ကျဉ်းပေးဖို့ပါ တောင်းဆိုခဲ့ကြပါတယ်။

Port Sudan ၊ Kassala၊Wad Madani နဲ့ အနောက် Darfur က မြို့ကြီးတွေအပါအဝင်. ဆူဒန်နိုင်ငံတလွှားမှာ ဆန္ဒပြနေတာကို ဆိုရှယ်မီဒီယာတွေမှာ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့ ကတည်းက အနောက် Darfur ဘက်မှာ ရွာပေါင်း ၄၆ရွာမှာ မီးလောင်မှုတွေ၊ လုယက်မှုတွေနဲ့အတူ အဓိကရုန်းတွေ ဖြစ်ပွါးခဲ့ပြီး သေဆုံးရသူပေါင်းက ၄၃ ဦးထက်မနည်းရှိနေပြီး အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ မုဒိန်းကျင့်ခံရတာနဲ့ ကလေးငယ် ၂၀ လောက် ပျောက်ဆုံးနေကြောင်း သတင်းတွေရထား တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒါ့အပြင် စစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကြား အရပ်သားတွေကို အကာကွယ်ပေးဖို့ မနှစ်က လက်မှတ်ရေးထိုး ကတိပြုထားတဲ့အတိုင်း လိုက်နာဖို့ပါ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

###

Sudan demonstration
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်


Unicode







XS
SM
MD
LG