သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်ပဋိပက္ခ ပြေလည်ရေး ကုလကြားဝင်ဆွေးနွေးမှု စတင်


UN-SUDAN-HUMANRIGHTS
UN-SUDAN-HUMANRIGHTS

ဆူဒန်နိုင်ငံမှာအောက်တိုဘာလအတွင်းစစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပဋိပက္ခတွေကိုဆွေးနွေးဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဆွေးနွေးမှုတွေကို ဇန္နဝါရီ ၁၀ ရက်နေ့ တနင်္လာနေ့မှာစတင်ပြီဖြစ်ကြောင်းကုလ သမဂ္ဂတာဝန်ရှိသူကပြောဆိုပါတယ်။

ကုလသမဂ္ဂကြားဝင်ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး စစ်တပ်နဲ့လုံခြုံရေးဘက်တာဝန်ရှိသူ တွေကကန့်ကွက်တာမရှိပါဘူး လို့ဆူဒန်ဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Volker Perthes ကသတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။ ပထမအဆင့်အနေနဲ့ ကုလသမဂ္ဂအနေနဲ့ တဖွဲ့ခြင်းကိုချဉ်းကပ်ဆွေးနွေးသွားမှာဖြစ်ပြီး၊ ဒုတိယအဆင့်မှာ တိုက်ရိုက်သို့မဟုတ်၊ သွယ်ဝိုက်တဲ့နည်းနဲ့ဆွေးနွေး အဖြေရှာသွားနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း အထူးကိုယ်စားလှယ် Perthes ကပြောဆိုပါတယ်။

တနင်္လာနေ့မှာ ပထမဆုံးစတင်ဆွေးနွေးတဲ့အပိုင်းမှာတော့ အရပ်အဖက်အဖွဲ့အစည်း တွေပါဝင်ပါတယ်။ နေ့စဉ်ဆက်လက်ပြီး တိုင်းပြည်ကဏ္ဍအသီးအသီးမှာဦးဆောင်ပါဝင် နေတဲ့အဖွဲ့အစည်းတွေနဲ့ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်းသူကပြောဆိုပါတယ်။
အချက်တချက်ခြင်းအစီအပေါ်မှာ သဘောတူညီမှုရှိမရှိ အားလုံးရဲ့သဘောဆန္ဒတွေကို သိရှိနိုင်ဖို့၊ ကုလသမဂ္ဂကိုယ်စားလှယ်အနေနဲ့ အဖွဲ့တိုင်းကို သူတို့ရဲ့အမြင်တွေကို ဆွေးနွေးမေးမြန်းသွားမှာဖြစ်ပါတယ်။ အခုလိုကုသမဂ္ဂရဲ့ဝင်ရောက်ဆောင်ရွက်မှုကို Omar al Bashir ရဲ့ယခင်အာဏာရပါတီ နဲ့ ဆူဒန်ကွန်မြူနစ်ပါတီတို့ကတော့ လက်မခံပါဘူး။

တိုက်ရိုက် လင့်ခ်

--------------------------------





XS
SM
MD
LG