သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန် အာဏာသိမ်းစစ်တပ်က ပြန်ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ် ရာထူးကနုတ်ထွက်


ဆူဒန်ဝန်ကြီးချုပ် Abdalla Hamdok. (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၀)
ဆူဒန်ဝန်ကြီးချုပ် Abdalla Hamdok. (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၀)

(Zawgyi)

ဆူဒန်နိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ဆူဒန်ဝန်ကြီးချုပ် Abdalla Hamdok က သူ့ကို စစ်တပ်က ရာထူးပြန်ပေးထားပေမယ့် တနင်္ဂနွေနေ့မှာတော့ စစ်တပ်နဲ့ နိုင်ငံရေးသဘောတူညီမှု မရတဲ့အတွက် သူနုတ်ထွက်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီရေး အပြောင်းအလဲတွေအတွက် ဆွေးနွေးဖို့ လိုအပ်နေတယ်လို့လည်း ဝန်ကြီးချုပ်က ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။

တနင်္ဂနွေနေ့က Khartoum နဲ့ တခြားမြို့ကြီးတွေမှာ စစ်တပ်ထိန်းချုပ်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြသလို ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်တွေကြောင့် ၂ ယောက် သေဆုံးခဲ့ရတဲ့အတွက် ဆူဒန်မှာ အောက်တိုဘာလ ၂၅ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ဆန္ဒပြသူ သေဆုံးမှုဟာ ၅၆ ယောက်အထိ ဖြစ်လာပြီလို့ ဆူဒန်ဆရာဝန်များ ဗဟိုကော်မတီက ပြောပါတယ်။

ပထမဆုံး သေဆုံးရသူဟာ မြို့တော် Khartoum က ဆန္ဒပြပွဲမှာ ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးရတဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တဦးဖြစ်ပြီး ဒုတိယက Omdurman မြို့မှာ သေနတ်ဒဏ်ရာကြောင့် သေဆုံးရတာ ဖြစ်ကြောင်းလည်း ကော်မတီက ပြောပါတယ်။ ဒီသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးတာဝန်ရှိသူတွေဘက်က တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

အာဏာသိမ်းပြီးချိန်ကစပြီး လူထုဆန္ဒပြပွဲကြီးတွေ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့ ဆန္ဒပြပွဲကတော့ ၁၂ ကြိမ်မြောက် ဖြစ်ပါတယ်။ မြို့တော် Khartoum မှာ ဆန္ဒပြသူတွေ သမ္မတနန်းတော်ဆီ ဦးတည်ချီတက်လာတာကို လုံခြုံရေးတပ်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တာပါ။ Ad-Damazin, Port Sudan နဲ့ Sennar အပါအဝင် တခြားမြို့ကြီးတွေမှာလည်း ဆန္ဒပြမှုတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------

(Unicode)






XS
SM
MD
LG