သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး ပဋိပက္ခတွေကြောင့် ဆူဒန်နိုင်ငံမှာ အရပ်သား ၁၀၀ နီးပါး သေဆုံး


ဆူဒန်အာဏာရခေါင်းဆောင် စစ်တပ်ဗိုလ်ချုပ် Abdel Fattah al-Burhan ကိုသစ္စာခံသူ ဆူဒန်စစ်သားများကို ပြည်သူ့စစ်တပ်ဖွဲ့ RSF စခန်းမှာတွေ့ရစဉ် (ဧပြီ ၁၆၊ ၂၀၂၃)
ဆူဒန်အာဏာရခေါင်းဆောင် စစ်တပ်ဗိုလ်ချုပ် Abdel Fattah al-Burhan ကိုသစ္စာခံသူ ဆူဒန်စစ်သားများကို ပြည်သူ့စစ်တပ်ဖွဲ့ RSF စခန်းမှာတွေ့ရစဉ် (ဧပြီ ၁၆၊ ၂၀၂၃)

ဆူဒန်စစ်တပ်နဲ့ အင်အားကြီးတဲ့ပြည်သူ့စစ်တို့ကြား တိုက်ပွဲတွေကြောင့် အရပ်သားတွေ သေဆုံးမှုဟာ အနည်းဆုံး ၉၇ ဦး နဲ့ ဒဏ်ရာရရှိသူက ၃၆၅ ဦး ရှိတဲ့အကြောင်း ဆေးဖက်ဆိုင်ရာ အဖွဲ့တခုက ဒီကနေ့အစောပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ တခြားသတင်းတွေမှာတော့ လူ ၆ ရာလောက်အထိ ဒဏ်ရာရရှိကြတယ်လို့ ဆိုပါတယ်။
ဆူဒန် အာဏာရခေါင်းဆောင်လည်းဖြစ် အသွင်ကူးပြောင်းရေးကောင်စီ STGSC ရဲ့ အကြီးအကဲလည်းဖြစ်တဲ့ ဗိုလ်ချုပ် Abdel Fattah al-Burhan ရဲ့ စစ်တပ် နဲ့ အဲဒီ ကောင်စီရဲ့ ဒုတိယ အကြီးအကဲ ဖြစ်တဲ့ ဗိုလ်ချုပ် Mohamed Hamdan Dagalo တို့ကို သစ္စာခံတဲ့ RSF ခေါ် ပြည်သူ့စစ်တို့အကြား ပြီးခဲ့တဲ့ စနေနေ့က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂကနေ မနေ့ တနင်္ဂနွေနေ့က ၃ နာရီကြာ အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပေမယ့်လည်း အဆက်မပြတ် သေနတ်ပစ်ခတ်မှုတွေ၊ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ အပြင် ပြည်သူစစ်တပ်ဖွဲ့ RSF အဖွဲ့ရဲ့ ပစ်မှတ်တွေကို လေကြောင်းက တိုက်ခိုက်မှုတွေတာတွေကိုလည်း ကြားနေရတယ်လို့ ဒေသခံတွေက မီဒီယာတွေကို ပြောပါတယ်။ ဒါ့အပြင် Khartoum မြို့လည်ရှိ သမ္မတနန်းတော်နဲ့ စစ်ဌာနချုပ် တဝိုက်မှာလည်း မနေ့ တနင်္ဂနွေနေ့ အစောပိုင်း သေနတ်ပစ်ခတ်မှုတွေ ကြားရနေရပြီး ၂ ဘက်စလုံးက မဟာဗျူဟာကျတဲ့ နေရာတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေကြတယ်လို့ ပြောပါတယ်။
ကမ္ဘာ့စီးပွားရေး အင်အားကြီး ၇ နိုင်ငံ G- 7 ဆွေးနွေးပွဲ တက်ရောက်နေကြတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး James Cleverly တို့ကလည်း ဆူဒန်နိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP က ဝန်ထမ်းသုံးဦး အသတ်ခံရတဲ့အတွက် ဆူဒန်နိုင်ငံမှာ တိုက်ခိုက်နေကြတဲ့ စစ်တပ်နဲ့ ပြည်သူစစ်တပ်ဖွဲ့ စတဲ့ ၂ဖွဲ့စလုံးကို ရှုတ်ချလိုက်ပါတယ်။
အာဖရိကနိုင်ငံများသမဂ္ဂရဲ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီကလည်း ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာ တနင်္ဂနွေနေ့က သီးသန့် ဆွေးနွေးပွဲကျင်းပပြီး ၂ ဘက် တိုက်ခိုက်နေကြတဲ့ ဆူဒန် စစ်တပ်နဲ့ ပြည်သူစစ်တပ်ဖွဲ့ RSF ခေါင်းဆောင်တွေကို ၂ ဘက် တင်းမာမှုတွေ လျှော့ချကြပြီး တည်ငြိမ်အေးချမ်းမှုရရှိရေး မေတ္တာရပ်ခံခဲ့ကြပါတယ်။
အာရပ်အဖွဲ့ချုပ်ကလည်း ဆူဒန်က လက်နက်ကိုင် ပဋိပက္ခတွေကို ရှုတ်ချလိုက်ပြီး အေးချမ်းစွာဖြေရှင်းကြဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် တောင်ပိုင်း ဆူဒန်နိုင်ငံ နဲ့ အီဂျစ်တို့ကလည်း ဆူဒန်နိုင်ငံက လက်နက်ကိုင် ပဋိပက္ခဖြစ်နေကြတဲ့ အဖွဲ့တွေအကြား စေ့စပ့်ညှိနှိုင်းေပေးဖို့ ရည်ရွယ်ထားကြောင်း ပူးတွဲ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG